Wednesday, February 20, 2013

လက်ပန်းတောင်းတောင် ဒဏ်ရာရ ကိုရင် ဆေးရုံက ဆင်းပြီ

2013-02-19

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းရာမှာ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကင်းမောင်းဂွတ် စစ်ဆေးရုံကြီး မှာ ဆေးဝါးကုသမှုခံနေရတဲ့ အရှင်သဇ္ဖနကို ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ကိုရင်အရှင်သဇ္ဖနရဲ့ ခြေသလုံးတွေမှာရရှိခဲ့တဲ့ ဒဏ်ရာကို ပေါင်အရေပြားကနေ အစားထိုးကုသခဲ့ရာမှာ သက်သာလာတာ ဖစ်တဲ့အတွက် ဆေးရုံကဆင်းလို့ရပြီလို့ ပြောတာဖြစ်ကြောင်း မနေ့က သွားရောက်တွေ့ဆုံခဲ့တဲ့ ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံမှူးကြီး ဦးမျိုးတင့်က ပြောပါတယ်။

“မနေ့က ဆရာဝန်နဲ့ ကျနော်တွေ့ခဲ့တယ်၊ ကိုရင်လေးအခြေအနေက ကောင်းပါပြီတဲ့၊ ကိုရင်လေးကိုလည်း ကြည့်ခဲ့တယ်၊ ခြေထောက်က အခုတော်တော်လေး ကောင်းသွားပြီ၊ အဲဒီအခါကျတော့ သူတို့ကဆင်းလို့ရပါပြီတဲ့ အဲဒီလိုဆိုရင် ကျနော်တို့က သက်ဆိုင်ရာအဆင့်ဆင့်ကို ကျနော်တို့က သတင်းပို့ဖို့ရှိပါတယ်၊ အဲဒီတော့ ခင်ဗျားတို့ စနစ်တကျနဲ့ စာလေး ကျနော်တို့ဆီ တရားဝင်ပို့ပေးပါလို့ ကျနော်ပြောထားခဲ့တယ်၊ ပြောထားခဲ့တော့ ခုချိန်ထိကတော့ သူစာမပို့သေးဘူးဗျ”

ဆေးရုံက ဆင်းလို့ရပြီဖြစ်တဲ့အတွက် မြန်မာအစိုးရနဲ့ ထိုင်းနိုင်ငံခြားရေးဌာနတို့ကို ဆက်လက်အကြောင်းကြား လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်လို့လည်း သံမှူးကြီးက ပြောပါတယ်။

ကိုရင်သဇ္ဖနရဲ့ ဒဏ်ရာကို မြန်မာပြည်မှာပြန်ပြီး ဆက်လက်ကုသလို့ရတဲ့ အနေအထားကြောင့် ဆေးရုံက ဆင်းခိုင်းတာဖြစ်ပါတယ်လို့လည်း ကိုရင်ကို အနီးကပ်စောင့်ရှောက်နေတဲ့ အရှင်တေဇောသာရက အခုလိုမိန့်ပါတယ်။

“ဆင်းလို့တော့ရပြီပေါ့နော်၊ ဒါပေမယ့် ဒဏ်ရာက အလျဉ်းကြီးတော့ မပျောက်သေးဘူး၊ ဟိုမှာဆေးရုံမှာထားရင် ကောင်းမယ်ပေါ့နော်၊ ဆေးရုံတစ်ရုံရုံမှာ ပြန်ထားရမယ် သူ့ကို လေ့ ကျင့်ခန်း လုပ်ရမယ်ပေါ့နော်၊ အခုဒီမှာလည်း လေ့ကျင့်ခန်း လုပ်ဆဲပေါ့၊ မပြန်ခင်ကြားထဲမှာတော့ သူတို့ကတော့ ပတ်တီးကဖြေပေးမလား မဖြေပေးဘူးလား မပြောတတ်ဘူးဗျ ဦးဇင်းလည်း၊ ကိုရင်က ဆေးရုံက ဆင်းလို့ရှိရင် ပိုးသတ်ဆေး ကာကွယ်တဲ့အကျီ င်္ဝတ်ရမယ်၊ အဲဒီအကျီ င်္က သူတို့နိုင်ငံခြားက မှာရတာလို့ပြောတယ်၊ ဒီထိုင်းနိုင်ငံမှာ မရဘူးလို့ပြောတယ်၊ အဲဒါကို တနှစ်ဝတ်ရမယ် လာမယ့်သောင်္ကြာနေ့ အဲဒီအင်္ကျီရမယ်”

ကိုရင်ဟာ မြန်မာပြည်ကို ဖေဖေါ်ဝါရီလ ၂၅ ရက်လောက်မှာ ပြန်ကြွဖို့ ရည်ရွယ်ထားပြီး၊ ပြန်ကြွရင် မန္တလေးကို တိုက်ရိုက်သွားပြီး သီတဂူဆရာတော် ဆေးရုံကြီးမှာ ဆက်လက် ကုသမယ်လို့လည်း အရှင်တေဇောသာရက မိန့်ပါတယ်။

ကိုရင်သဇ္ဖနနဲ့အတူ ဆေးဝါးကုသမှုခံယူနေတဲ့ ဆရာတော်ဦးတိက္ခညာဏကတော့ ဆက်လက်ကုသနေဆဲ ဖြစ်ပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့