Monday, October 31, 2011

အဆောက်အဦးပြိုကျ တဦးသေဆုံး

မျိုးသိဏ်း
အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ်

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် လွတ်လပ်ရေး ရပ်ကွက်အတွင်းရှိ နှစ်ထပ်တိုက်တလုံး၏ နောက်ဖေးဆောင် စနေနေ့ ညပိုင်း က ပြိုကျခဲ့ရာ တဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိသွားသည်။

လေးခန်းတွဲ နှစ်ထပ်တိုက်အဆောက်အဦး၏ ညာဘက်ခြမ်း အပေါ်ထပ် ရေချိုးခန်း၊ အိမ်သာ၊ မီးဖိုခန်း တွဲဆက်ထားသည့် နောက်ဖေးဆောင် ည ကိုးနာရီခွဲ ဝန်းကျင်အချိန်တွင် ပြိုကျခဲ့ခြင်းကြောင့် မြေညီထပ်တွင်နေထိုင်သည့် အမျိုးသားတဦး သေဆုံးခဲ့ပြီး နေအိမ်အပေါ်ထပ်တွင် နေထိုင်သည့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။


၁၉၆၄ ခုနှစ်က ဆောက်လုပ်ထားသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ၉၆ လမ်း၊ အိမ်အမှတ် (၂၆) ရှိ အဆိုပါ အဆောက်အဦးကို ရန်ကုန်မြို့တော်စည်ပင်က သက်တမ်းရင့် အန္တရာယ်ရှိ အဆောက်အဦအဖြစ် သတ်မှတ်ထားပြီး လူနေထိုင်ခြင်း မပြုရန် တားမြစ် ထားပြီး ဖြစ်ကြောင်း သိရသည်။

ဦးခေါင်းခွံကြေမွ ဒဏ်ရာဖြင့် သေဆုံးနေသည့် မြေညီထပ်တွင် နေထိုင်သူ ဦးသောင်း (၄၉နှစ်) ၏ ရုပ်အလောင်းကို ည ၁၂ နာရီအချိန်တွင် အဆောက်အဦး အပျက်အစီးပုံများ၏ အောက်မှ တူးဖော်တွေ့ရှိခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့