Wednesday, November 2, 2011

ဇနီး ၃၉ ဦး၊ မိသားစုဝင် ၁၆၀ နှင့် ညီညီညွတ်ညွတ် နေထိုင်သူ

01 November 2011
စောပြည့်ညို

ကမ္ဘာ့လူဦးရေ အဆမတန် များပြားလာမှု အပေါ် ပညာရှင်များမှ စိုးရိမ်ပူပင်မှုများ ရှိနေသော်လည်း အန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ် မှ မိသားစုဝင် ၁၆၀ ရှိ Ziona မှ စိုးရိမ်ပူပင်မှု မရှိကြောင်း ပြောဆိုခဲ့သည်။

“အိန္ဒိယနိုင်ငံ၏ လူဦးရေ ပေါက်ကွဲနေမှုအပေါ်စိုးရိမ်ပူပင်မှု မရှိဘူး၊ ကျနော်တို့လို မိသားစုများကို ဘုရားသခင် က ရွေးချယ်တာ ပါ” ဟု ပြောဆိုခဲ့သည်။ Ziona တွင် မယား ၃၉ ယောက်ရှိပြီး၊ သားသမီး ၈၆ ယောက်၊ မြေး ၃၅ ယောက်ရှိသည်။


Ziona ၏ ဖခင်ဖြစ်သူ ချာန Chana သည် မီဇိုရမ်ပြည်နယ်၊ ဘက်ခ်တွန် ကျေးရွာတွင် ခရစ်ယာန်ဂိုဏ်းသစ် တခုကို တည်ထောင် ခဲ့သူ ဖြစ်ပြီး အမျိုးသားများ အနေဖြင့် ဇနီး၊ မိန်းမ အများအပြား လက်ထပ်မှုကို အားပေးခဲ့သည်။ ဇိုန (Ziona) ၏ မိသားစုဝင် များသည် လေးထပ် အဆောက်အဦ တွင် စုပေါင်း နေထိုင်ကြသည်။ လူဦးရေ သန်း ၁၂၀၀ ကျော် ရှိသည့် အိန္ဒိယတွင် မီဇိုရမ် ပြည်နယ်တွင် လူဦးရေ တသန်းမျှသာ ရှိသည်။ အိန္ဒိယ နိုင်ငံတွင် လူဦးရေ အနည်းဆုံးသော ပြည်နယ် ဖြစ်သည်။

Ziona သည် အမျိုးသမီး အများအပြားကို လက်ထပ်ထားသော်လည်း ခွဲခြားဆက်ဆံမှု မရှိကြောင်း ၄င်း၏ ပဉ္စမမြောက် အမျိုး သမီးမှ ပြောပြခဲ့သည်။ အငယ်ဆုံး မယားမှာ အသက် ၃၁ နှစ်ရှိပြီး၊ အကြီးဆုံး အမျိုးသမီးမှာ အသက် ၇၀ ရှိပြီဖြစ်သည်။ မိသား စုဝင်များ များပြားသော်လည်း တဦးနှင့်တဦး ခိုက်ရန် ဖြစ်ပွားမှု မရှိကြောင်း သားသမီးနှင့် မြေးများက ပြောပြခဲ့သည်။

Ziona သည် မိသားစုဝင် ၁၆၀ ရှိသော်လည်း ငြီးငွေ့မှု မရှိကြောင်း၊ မိသားစုဝင် အများအပြားဖြင့် နေရခြင်းကို နှစ်သက် သော် လည်း၊ အမျိုးသမီး တဦး သာ လက်ထပ်လိုကြောင်း ပြောဆိုခဲ့သည်။

“ ကျနော့်အဖိုးက မိန်းမ အများအပြားကို လက်ထပ်ဖို့ ဘုရားသခင်က ဖန်ဆင်းခဲ့တာ ဖြစ်နိုင်တယ်၊ ကျနော့်အတွက်ကတော့ အမျိုးသမီးတဦးနှင့် ကလေးတယောက်ဆို လုံလောက်ပြီ၊ ကျနော်တို့မှာ အမျိုးသမီးအများ အများကြီး လက်ထပ်တဲ့ ဓလေ့ မရှိပါဘူးဟု လည်းပြော ဆိုခဲ့သည်။ Ziona ၏ ဖခင်ဖြစ်သူမှာလည်း အမျိုးသမီး အများအပြားကို လက်ထပ်ခဲ့သည်။ ဤကဲ့သို့ လက်ထပ်ခြင်းကြောင့် ကက်သလစ် ဘုရားကျောင်းမှ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ထုတ်ပယ်ခြင်း ခံရပြီးနောက် အမျိုးသမီး အများအပြား လက်ထပ်ခွင့် ရှိသော ခရစ်ယာန်ဂိုဏ်းကို တည်ထောင်ခဲ့သည်။ ယခုအခါ Chana တည်ထောင်ခဲ့သော ဘာသာရေးဂိုဏ်းတွင် အဖွဲ့ဝင် ၄၀၀ ရှိသည်။

အိန္ဒိယနိုင်ငံသည် သက္ကရာဇ် ၂၀၃၀ တွင် တရုတ်နိုင်ငံကို ကျော်လွန်ကာ ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံ ဖြစ်လာနိုင်သည်ဟု ပညာရှင်များမှ ဟောကိန်း ထုတ်ထားသည်။ Ziona တွင် မိသားစုဝင် ၁၆၀ ရှိသော်လည်း ကမ္ဘာ့ဂင်းနစ် စံချိန်စာအုပ်တွင် မှတ် တမ်းတင်ခြင်းဖြင့် လူသိများမှာကို မလိုလားသူ လည်း ဖြစ်သည်။


Ref: မောက္ခ

0 comments:

အပေါ်သို့