Tuesday, November 8, 2011

နိုင်ငံ​ရေး​အကျဉ်း​သား​ဟောင်း​အချို့​၏ သတင်း​အင်တာဗျူး​ ​ဖော်ပြခွင့်​မရ

November 7, 2011
မင်းလွင်

အကျဉ်း​ထောင်က​နေ ပြန်လည်လွတ်​မြောက်လာတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​နဲ့​ ပတ်သက်တဲ့​ သတင်း​အင်တာဗျူး​တွေကို အပတ်စဉ် ထုတ် သတင်း​ဂျာနယ်​တွေမှာ ​ဖော်ပြခွင့်​ မရဘူး​လို့​ သိရပါတယ်။

မကြာခင်ကပင် ဘူး​သီး​တောင် အကျဉ်း​ထောင်က​နေ လွတ်​မြောက်လာခဲ့​တဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုကိုကြီး​ (စမ်း​ချောင်း​) နဲ့​ ခန္တီး​ အကျဉ်း​ထောင်က​နေ ပြန်လည်လွတ်​မြောက်လာတဲ့​ မစုစု​နွေး​တို့​နဲ့​ ပတ်သက်တဲ့​ သတင်း​ အင်တာဗျူး​တွေကို စာ​ပေစိစစ်​ရေး​က ခွင့်​မပြူဘူး​လို့​ သိရပါတယ်။


မစုစု​နွေး​ ရဲ့​ အင်တာဗျူး​ဆောင်း​ပါး​ကို မန္တ​လေး​အလင်း​ဂျာနယ်မှာ ​ဖော်ပြခွင့်​ မရခဲ့​သလို ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုကိုကြီး​ရဲ့​ အင်တာဗျူး​ကို Hot News ဂျာနယ်မှာ ​ဖော်ပြခွင့်​မရခဲ့​တာပါ။

Hot News ဂျာနယ်က အယ်ဒီတာ ကိုအံ့​ခေါင်မင်း​က​တော့​ ကိုကိုကြီး​ (စမ်း​ချောင်း​)ရဲ့​ အင်တာဗျူး​မှာ ​ထောင်ထဲမှာ ​နေထိုင်ခဲ့​တာ​တွေနဲ့​ ​ထောင်ထဲမှာ ပြုပြင်​ပြောင်း​လဲမှုပြုလုပ်ပြီး​ ​နောက်ပိုင်း​အ​ခြေအ​နေ၊​ မြန်မာ့​နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​ ကိုကိုကြီး​ရဲ့​ အယူအဆ​တွေလည်း​ ပါဝင်တယ်လို့​ ​ပြောဆိုပြီး​ လက်ရှိ စာ​ပေစိစစ်​ရေး​ကို အခုလို သုံး​သပ်​ပြောဆိုပါတယ်။

“ကျ​နော့်​ အမြင်က​တော့​ စာ​ပေလွတ်လပ်ခွင့်​တွေက အ​တော်အသင့်​ ရှိလာပြီလို့​ ​ပြောတယ်​လေ။ စာ​ပေစိစစ်​ရေး​က တာဝန်ရှိတဲ့​ပုဂ္ဂိုလ်တဦး​ဖြစ်တဲ့​ ဗိုလ်မှူး​တင့်​ဆွေကိုယ်တိုင်ကလည်း​ RFAနဲ့​ အင်တာဗျူး​မှာ​ပြောတယ်​လေ။ စာ​ပေစိစစ်​ရေး​ဆိုတာ မရှိသင့်​တော့​ဘူး​လို့​ ​ပြောလာခဲ့​တဲ့​ ​နောက်ပိုင်း​မှာ ဒီလိုမျိုး​ နိုင်ငံ​ရေး​အရ နိုင်ငံ​တော်ကပါ လွတ်ငြိမ်း​ချမ်း​သာခွင့်​နဲ့​ လွှတ်​ပေး​လိုက်တဲ့​လူ​တွေ​ပေါ့​။ ဒီလိုလူမျိုး​တွေ အင်တာဗျူး​ကို ​ပေး​မထည့်​ဘူး​ဆိုတာ​တော့​ အ​ပြောနဲ့​အလုပ်နဲ့​ နည်း​နည်း​လေး​များ​ လို​နေ​သေး​လား​လို့​ မြင်မိတယ်။”

၈၈ မျိုး​ဆက်​ကျောင်း​သား​အဖွဲ့​ကိုကိုကြီး​ (စမ်း​ချောင်း​) က “ကျ​နော်တို့​က ၈၈ မျိုး​ဆက်​ကျောင်း​သား​အဖွဲ့​က​လေ။ ကိုမင်း​ကိုနိုင်နဲ့​ တဖွဲ့​တည်း​ကို၊​ အခုလွတ်လာတဲ့​အထဲမှာလည်း​ ကိုမင်း​ကိုနိုင်နဲ့​ အမှုတွဲအား​လုံး​ ၃၇ ​ယောက်ရှိတယ်။ အဲဒီထဲက အား​လုံး​အခု ၉ ​ယောက်ပြန် လွတ်လာတယ်။ အရင်တ​ခေါက်က ၁ ​ယောက်။ ၁၀ ​ယောက်လွတ်လာတယ်။ အဲဒီထဲမှာ က​လေး​တွေများ​တယ်။ လူကြီး​ဆို​တော့​ ကျ​နော်တ​ယောက်တည်း​ပါတယ်။ အဲဒီအတွက်ကို တမင်ထည့်​ခွင့်​မ​ပေး​တာနဲ့​တူတယ်။ သူတို့​တခုခု စိုး​ရိမ်​နေပုံရတယ်။ အစိုး​ရပဲ စိုး​ရိမ်​နေတာလား​။ လုံခြုံ​ရေး​သတိ​တွေပဲ လွန်ကဲ​နေတာလား​တော့​ မသိဘူး​” လို့​ ​ပြောပါတယ်။

မြန်မာနိုင်ငံစာ ​ပေနှင့်​စာနယ်ဇင်း​အဖွဲ့​က အတွင်း​ရေး​မှုး​နဲ့​ အပတ်စဉ်ထုတ် ရန်ကုန်တိုင်း​ဂျာနယ်က အယ်ဒီတာချုပ် ဦး​ကိုကို (စက်မှု တက္ကသိုလ်)က​တော့​ စာ​ပေစိစစ်​ရေး​မူနဲ့​ ငြိစွန်း​တဲ့​အတွက် စာ​ပေစိစစ်ရး​က​နေ ခွင့်​မပြုတာ ဖြစ်တယ်လို့​ သုံး​သပ်​ပြောဆိုပါတယ်။

“ကျ​နော်တို့​ ထင်တာက မရဘူး​ဆိုတာက သူတို့​ပြောဆိုတဲ့​အပိုင်း​တွေမှာ စာ​ပေစိစစ်​ရေး​က မူဝါဒနဲ့​ ငြိစွန်း​တာ​တွေ များ​နေတယ်ထင်လို့​ ချန်ခဲ့​တယ်လို့​ထင်တယ်။ ပြည်ပကလူ​တွေနဲ့​လည်း​ရတယ်။ သို့​သော် အဆိုး​အ​ကောင်း​လေး​တွေ ​ရော​ထွေး​ပြီး​ပြောတာ​လေး​တွေရှိတယ်။ အရင်တုန်း​က​တော့​ အ​ကောင်း​ကြီး​ပဲ ​ရွေး​ပြောတယ်။ အ​ကောင်း​တွေ​ပြောတာပဲ အရင်က သုံး​လို့​ရတယ်။ အခု​တော့​ အဆိုး​အ​ကောင်း​ ​ရော​ပြောတာ​တွေ လက်ခံတယ်။ အဆိုး​ကြီး​ပဲ​ပြောတာကို လက်မခံ​သေး​ဘူး​။ ကျ​နော်သိသ​လောက်​ပေါ့​၊​ ဘယ်အဖွဲ့​မို့​လုပ်တယ်လို့​တော့​ စိတ်ထဲ မှာ​တော့​ ကျ​နော်မထင်ပါဘူး​။ အ​မေး​အ​ဖြေမှာပါတဲ့​ အ​ကြောင်း​အရာ​တွေကို စာ​ပေစိစစ်​ရေး​က လက်မခံနိုင်တဲ့​ အ​ကြောင်း​အရာ​တွေဖြစ်လို့​ မ​ပေး​ဘူး​လို့​ပဲ ထင်တယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့