Tuesday, November 8, 2011

ဗေဒါသင်တန်း​ကျောင်း​ မန္တ​လေး​တွင်ဖွင့်

November 7, 2011
နော်နိုရင်း

လူမှု​ရေး​နဲ့​ နိုင်ငံ​ရေး​သိပ္ပံ သင်ကြား​ပေး​မယ့်​ ​ဗေဒါသင်တန်း​ကျောင်း​ခွဲတခု မန္တ​လေး​မြို့​မှာ ပထမဆုံး​အကြိမ် စတင်ဖွင့်​လှစ်လိုက်ပါတယ်။

သင်တန်း​ ကျောင်း​ကို မန္တ​လေး​တိုင်း​ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် စည်း​အဖွဲ့​ဝင် ဦး​ကိုကြီး​နေအိမ်မှာ ဒီက​နေ့​ ဖွင့်​လှစ်သင်ကြား​တာပါ။

မြန်မာပြည်က လူငယ်​တွေရဲ့​ အရည်အ​သွေး​ကို မြှင့်​တင်တဲ့​အ​နေနဲ့​ ဒီသင်တန်း​ကိုဖွင့်​တာ ဖြစ်ပြီး​ အသက် ၂၀ က​နေ ၂၅ နှစ်အကြား​ လူငယ်​တွေကို အဓိကထား​ ​ရွေး​ချယ်သင်ကြား​ပေး​တာလို့​ မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ်ဝင် ဦး​ကို​လေး​က ​ပြောပါတယ်။

“အဓိက သင်တန်း​ရဲ့​သ​ဘောတရား​က​တော့​ လူငယ်​လေး​တွေရဲ့​ ဦး​နှောက်ပိုင်း​ ဆိုင်ရာ​လေး​တွေ ဖွံ့​ဖြိုး​မှုအပိုင်း​လေး​တွေကို ကျ​နော်တို့​ အဓိကထား​လုပ်ပါတယ်။”

ပထမဆုံး​ တလခွဲ သင်တန်း​မှာ အဖွဲ့​ချုပ်လူငယ်​တွေ အပါအဝင် တခြား​လူငယ်​ပေါင်း​ ၂၅ ဦး​ တက်​ရောက်ပြီး​ ဒီ​နေ့​ကစပြီး​ ​နေ့​စဉ် ​နေ့​ခင်း​ ၂ နာရီက​နေ ည​နေ ၅ နာရီအထိ လူမှု​ရေး​နဲ့​ နိုင်ငံ​ရေး​သင်တန်း​ ပို့​ချမှာဖြစ်တယ်လို့​ ဦး​ကို​လေး​က ​ပြောပါတယ်။

သင်တန်း​ဖွင့် ​ပွဲ အခမ်း​အနား​ကို အဖွဲ့​ချုပ်ဗဟိုက ဦး​အုန်း​ကြိုင်၊​ မန္တ​လေး​တိုင်း​ အဖွဲ့​ချုပ်ဝင်​တွေနဲ့​ လူငယ်သင်တန်း​သား​တွေ အပါအဝင် လူ​ပေါင်း​ ၂၀၀ ​လောက် တက်​ရောက်ခဲ့​ကြပါတယ်။

ဖွင့်​ ပွဲအခမ်း​အနား​ကို အဖွဲ့​ချုပ် ဒု-ဥက္ကဋ္ဌ ဦး​တင်ဦး​နဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကလည်း​ ဗွီဒီယိုမိန့်​ခွန်း​တွေ ​ပေး​ပို့​ခဲ့​ပါတယ်။

ဗေဒါသင်တန်း​ကျောင်း​ကို အဖွဲ့​ချုပ်လူငယ်ကွန်ရက်က ဦး​ဆောင်ပြီး​ ရန်ကုန်တိုင်း​မှာ နိုင်ငံ​ရေး​နဲ့​လူမှု​ရေး​သင်တန်း​ ပို့​ချတာပါ။

Ref: DVB

0 comments:

အပေါ်သို့