Tuesday, November 8, 2011

ကောပါးနီးကပ်စ် အမည် အပါအ၀င် Period Table တွင် ဒြပ်စင်အသစ် ၃ မျိုး အမည်တို့ကို ထည့်သွင်း

08 November 2011

အာကာသသိပ္ပံ ပညာရှင် Nicolaus Copernicus နီကိုလပ်စ် ကောပါးနီးကပ်စ်၏ အမည်နာမကို ဒြပ်စင်သစ် တစ်မျိုးတွင်လည်း ပေးထား သည့် စုစုပေါင်း ဒြပ်စင် အသစ် ၃ မျိုးကို period table တွင် ထည့်သွင်းလိုက်ပြီဖြစ်ပါသည်။

သိပ္ပံအဖွဲ့အစည်းကြီး တစ်ဖွဲ့ဖြစ်သည့် The General Assembly of the International Union of Pure and Applied Physics (IUPAP) က ဒြပ်စင်သစ် အမှတ်စဉ် 110, 111, 112 တို့ကို darmstadtium (Ds), roentgenium (Rg) and copernicium (Cn) ဟူ၍ အမည် ပေးထား ကြပါသည်။


အမည်ပေးသည့် အဆင့်နှင် ဒြပ်စင်သစ် သတ်မှတ်ထားရှိသည့် ကာလမှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည်။ အထပ်ထပ်စစ်ဆေးမှုများ၊ စမ်းသပ်မှုများ၊ ဆွေးနွေးမှုများကို လည်း ပြုလုပ်ခဲ့ကြသည်။

copernicium (Cn) ကို ၁၉၉၆ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ယခုအခါမှသာလျှင် တရားဝင်ဒြပ်စင်အသစ်အနေဖြင့် ရပ်တည်လာ နိုင်ခြင်း ဖြစ်သည်။

IUPAP က သိပ္ပံအကျော်အမော် ကောပါးနီးကပ်စ်၏ အမည်ဖြင့် နာမည်ပေးရန်ကို ပညာရှင်၏ ၅၇၃ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၁၀ နေ့တွင် သဘောတူခဲ့သည်။ ပရပ်ရှား အာကာသသိပ္ပံ ပညာရှင်မှာ လွန်ခဲ့သော အနှစ် ၅၀၀ ခန့် ၁၆ ရာစုအလယ် ၁၅၄၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။

ဘာသာရေး အယူသည်းမှုများ ပြင်းထန်နေသည့် အမှောင်ခေတ်တွင် ကမ္ဘာကျော် အဆိုကို တင်သွင်းရဲခဲ့သူလည်း ဖြစ်သည်။ သူက နေကို ဗဟိုပြုပြီး ကမ္ဘာကြီးက လည်ပတ်နေခြင်းကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့သူပင်တည်း။

မောက္ခ သိပ္ပံသတင်း

Ref: http://www.maukkha.org/index.php?option=com_content&view=article&id=1954:-period-table-&catid=120:2010-10-11-07-37-22&Itemid=374မောက္ခ

0 comments:

အပေါ်သို့