Wednesday, December 14, 2011

ရခိုင်နှင့်​ မွန်ပါတီကို ပြန်လည်ဖွဲ့​စည်း​ဖွယ်ရှိ

December 13, 2011
နေသွင်

၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​တဲ့​ တိုင်း​ရင်း​သား​ နှစ်ပါတီနဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင် တိုင်း​ရင်း​သား​နှစ်ပါတီ ​ပေါင်း​စည်း​ရေး​ အ​တော်ခရီး​ရောက်​နေပြီလို့​ သိရပါတယ်။

ရွေး​ ကောက်ပွဲဝင် တိုင်း​ရင်း​သား​နှစ်ပါတီနဲ့​ ​လော​လောဆယ် ဖျက်သိမ်း​ခံထား​ရတဲ့​ ၁၉၉၀ ​ရွေး​ကောက်ပွဲ အနိုင်ရနှစ်ပါတီတို့​ ​ပေါင်း​စည်း​ပြီး​ရင် သက်ဆိုင်ရာပါတီ​တွေမှာ ​ခေါင်း​ဆောင် အ​ပြောင်း​အလဲ​တွေလည်း​ ဖြစ်လာနိုင်တယ်လို့​ ပါတီ ​ခေါင်း​ဆောင်​တွေက ​ပြော ပါတယ်။

၂၀၁၀ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ မွန်​ဒေသလုံး​ဆိုင်ရာ ဒီမိုက​ရေစီပါတီနဲ့​ ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​တဲ့​ မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်တို့​ ပြန်လည်​ပေါင်း​စည်း​ရေး​ ​ရှေ့​တပတ်ထဲမှာ တရား​ဝင်ဆုံး​ဖြတ်ပြီး​ရင် ​ခေါင်း​ဆောင်မှု အ​ပြောင်း​အလဲ​တွေလည်း​ ဖြစ် နိုင်တယ်လို့​ မွန်​ဒေသလုံး​ဆိုင်ရာပါတီ ဥက္ကဋ္ဌ နိုင်​ငွေသိန်း​က ​ပြောပါတယ်။

“လူက​တော့​ ပြောင်း​နိုင်တယ်။ ဥပမာ ကျ​နော့်​နေရာမှာဆိုရင် သင့်​တော်မယ့်​ ဟိုဘက် ပုဂ္ဂိုလ်​ပေါ့​။ ကျ​နော် ကမ်း​လှမ်း​ပြီး​သား​ပဲ​လေ။ နှစ်ဖက်စလုံး​က သ​ဘောကျမယ်ဆိုရင် ပိုပြီး​ သင့်​တော်မယ့်​ အ​ခြေအ​နေ​ပေး​မယ့်​ ပုဂ္ဂိုလ်တ​ယောက်ကို တင်မယ်ဆိုရင် ကျ​နော့်​အ​နေနဲ့​ ဘာမှကန့်​ကွက်စရာ အ​ကြောင်း​မရှိဘူး​လေ။ ပိုပြီး​တော့​ ​ကောင်း​အောင်၊​ ပိုပြီး​ အရည်အ​သွေး​ပြည့်​အောင်၊​ ပိုပြီး​ခိုင်မာ​အောင် ကျစ်လျစ်​အောင် ကျ​နော်က ကမ်း​လှမ်း​ထား​ပြီး​သား​ပါ။”

မွန်​ဒေသလုံး​ ဆိုင်ရာ ဒီမိုက​ရေစီပါတီဟာ ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ လွှတ်​တော် ၃ ရပ်စလုံး​အတွက် အမတ်​နေရာ ၁၆ ​နေရာမှာ အနိုင်ရခဲ့​တာပါ။

မွန်ပါတီနှစ်ရပ် ​ပေါင်း​စည်း​ရေး​အတွက် ဆုံး​ဖြတ်ထား​တဲ့​ မွန်အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ မင်း​စိုး​လင်း​ကလည်း​ ၂ ပါတီ ​ပေါင်း​စည်း​ရေး​နဲ့​ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်​ရေး​ ကိစ္စကို ​ရှေ့​တပတ်မှာ ​ဆွေး​နွေး​မယ်လို့​ ​ပြောပါတယ်။

“အဓိက က​တော့​ဗျာ။ ကျ​နော်တို့​အဖွဲ့​က ယူအန်အယ်လ်ဒီ (ပြည်​ထောင်စု တိုင်း​ရင်း​သား​များ​ ဒီမိုက​ရေစီအဖွဲ့​ချုပ်) ရယ်၊​ ယူအန်​အေ (ညီညွတ်​သော တိုင်း​ရင်း​သား​မဟာမိတ်များ​အဖွဲ့​) ​ရော ကျ​နော်တို့​အဖွဲ့​က ပါ​နေတယ်​လေ။ ယူအန်အယ်လ်ဒီနဲ့​ ယူအန်​အေရဲ့​ ​နောက်ဆုံး​ ၁၆၊​ ၁၁၊​ ၂၀၊​ ၂၁ မှာလုပ်တဲ့​ အစည်း​အ​ဝေး​တုန်း​က နိုင်ငံ​ရေး​အကျဉ်း​သား​များ​ မလွတ်​မြောက်​သေး​သော​ကြောင့်​ တိုင်း​ရင်း​သား​အများ​စုက ပါတီမှတ်ပုံတင်ရန် မဆုံး​ဖြတ်​သေး​၊​ ဆက်လက် ​ဆွေး​နွေး​သွား​မည် ဆိုတဲ့​အပိုဒ်မှာ ကျ​နော်တို့​ခံ​နေတယ်။ အဲ့​အချက်က ကျ​နော်တို့​ ပါတီ ၂၂ ရက်မှာ ထိုင်ပြီး​ အဆုံး​အဖြတ် အတိအကျ ​ပေး​မှာပါ။”

မွန်အမျိုး​ သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အနိုင်ရခဲ့​ဖူး​ပြီး​၊​ ၂၀၁၀ ​ရွေး​ကောက်ပွဲ ဥပ​ဒေအ​ပေါ်မှာ လက်မခံ နိုင်တဲ့​ အတွက် ​ရွေး​ကောက်ပွဲကို သပိတ်​မှောက်ခဲ့​ပါတယ်။

အလား​တူ ရခိုင်ပြည်နယ်အ​ခြေစိုက် ရခိုင်နှစ်ပါတီလည်း​ လာမယ့်​နှစ်ဆန်း​ပိုင်း​မှာ ပြန်​ပေါင်း​စည်း​နိုင်​ရေး​ ကြိုး​ပမ်း​နေတဲ့​ အ​ကြောင်း​ကို ရခိုင်အမျိုး​သား​တိုး​တက်​ရေး​ပါတီဥက္ကဋ္ဌ ​ဒေါက်တာ​အေး​မောင်က ​ပြောပါတယ်။

“အမှန်အတိုင်း ​ဆိုရင် ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပြီး​ခဲ့​တဲ့​ အစိုး​ရလက်ထက်က ဖျက်သိမ်း​ထား​တဲ့​အဖွဲ့​ပေါ့​။ ဒါ​ပေမယ့်​ ရှိပြီး​သား​အဖွဲ့​လို့​ပဲ ကျ​နော်တို့​ သတ်မှတ်ပါတယ်။ လာမယ့်​လွှတ်​တော်နား​တဲ့​ကာလ ဧပြီလ​လောက်ကို မှန်း​ထား​ပါတယ်။ အဲဒီမှာ ပါတီ ညီလာခံလုပ်မယ်။ ပါတီကြီး​တခုကို ​ပေါင်း​တယ်ဆိုတဲ့​ သ​ဘော အဓိက ဦး​တည်ထား​ပါတယ်။ အဲဒီညီလာခံမှာ ရခိုင်ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပုဂ္ဂိုလ်​တွေလည်း​ ပါလာပြီး​တော့​ သတ်မှတ်ရင် ပို​ကောင်း​တာ​ပေါ့​။ အဲဒီ​တော့​ အဲဒီကာလထိ မလာနိုင်ဘူး​ဆိုရင်လည်း​ ကျ​နော်တို့​က နည်း​ဗျူဟာတခု ​ပြောင်း​ရမှာ​ပေါ့​။ ​နောက်ကာလတခုထိ ဖွင့်​ထား​မယ့်​သ​ဘော​တော့​ ရှိတယ်။ ကျ​နော်တို့​က သင့်​လျော် တဲ့​ ပုဂ္ဂိုလ်တ​ယောက်​ယောက်ကို ဘယ်သူပဲဖြစ်ဖြစ် ​ရှေ့​ကသွား​။ ကျ​နော်တို့​က ​နောက်ကလိုက်မှာပါ။”

ပြီး​ခဲ့​တဲ့​ ​ရွေး​ကောက်ပွဲမှာ ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ တိုင်း​ရင်း​သား​ပါတီ​တွေ အား​လုံး​ သပိတ်​မှောက်ခဲ့​ကြပြီး​နောက် သက်ဆိုင်ရာ​ဒေသ​တွေမှာ တိုင်း​ရင်း​သား​ပါတီ အသစ်​တွေ ​ပေါ်​ပေါက်ခဲ့​ပါတယ်။

မကြာခင်တုန်း​ က​တော့​ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ အများ​ဆုံး​အနိုင်ရခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်က ပါတီမှတ်ပုံပြန်တင်ပြီး​ ကြား​ဖြတ်​ရွေး​ကောက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်တဲ့​နောက်မှာ မဟာမိတ် တိုင်း​ရင်း​သား​ ပါတီတချို့​လည်း​ တရား​ဝင်ပါတီဖြစ်​ရေး​ စဉ်း​စား​လာကြတာပါ။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့