Wednesday, December 14, 2011

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို ပါတီ​ထောင်ခွင့်​ပြုလိုက်ပြီ

December 13, 2011
ရွှေအောင်

မြန်မာ့​ရွေး​ကောက်ပွဲ ​ကော်မရှင်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီ (အန်အယ်လ်ဒီ) ကို ပါတီထူ​ထောင်ခွင့်​ ပြုလိုက်ပါတယ်။

ဦး​တင်ဦး​ပါ ၂၁ ဦး​ရဲ့​ ပါတီထူ​ထောင်ခွင့်​ ​လျှောက်ထား​မှုဟာ ဥပ​ဒေ၊​ နည်း​ဥပ​ဒေ​တွေနဲ့​ ညီညွတ်​ကြောင်း​တွေ့​ရှိရလို့​ ၂၀၁၁ ခုနှစ်၊​ ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့​ ပါတီထူ​ထောင်ခွင့်​ ပြုလိုက်တယ်လို့​ ​ကော်မရှင်ရဲ့​ ​ကြေညာချက်မှာ ​ဖော်ပြထား​ပါတယ်။

ပါတီထူ​ ထောင်ခွင့်​ကျပြီဖြစ်လို့​ ​နေပြည်​တော်ကိုသွား​ပြီး​ ပါတီမှတ်ပုံတင်ဖို့​ လုပ်မယ့်​အ​ကြောင်း​၊​ ပါတီမှတ်ပုံတင်ရာမှာ လိုအပ်တဲ့​ ပါတီဖွဲ့​စည်း​ပုံ၊​ မူဝါဒသ​ဘောထား​၊​ အလံတံဆိပ်၊​ ၂၁ ဦး​ထဲက ပါတီ​ခေါင်း​ဆောင်၊​ ဒု-​ခေါင်း​ဆောင် ​ရွေး​ချယ်​ရေး​ တို့​ကို ချက်ချင်း​ ​ဆောင် ရွက်​ နေတယ်လို့​ ပါတီ​ပြောခွင့်​ရ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

ပါတီ​ခေါင်း​ ဆောင်၊​ ဒု​ခေါင်း​ဆောင် ​ရွေး​ချယ်ဖို့​အတွက် ပါတီထူ​ထောင်ရာမှာ ပါဝင်တဲ့​ ၂၁ ဦး​ကို အစည်း​အ​ဝေး​ခေါ် ​ဆောင်ရွက် သွား​မှာဖြစ်ပြီး​ ​နောက်တပတ်​လောက်မှ ပါတီမှတ်ပုံတင်ဖို့​ ​နေပြည်​တော်ကို သွား​နိုင်မယ်လို့​လည်း​ သိရပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီထူ​ထောင်ခွင့်​ကို ပြီး​ခဲ့​တဲ့​ နိုဝင်ဘာ ၂၅ ရက်​နေ့​က ​နေပြည်​တော် ​ကော်မရှင်ရုံး​မှာ ​လျှောက်ထား​ခဲ့​တာ ဖြစ်ပါတယ်။

၂၁ ဦး​စာရင်း
၁။ ဦး​တင်ဦး
၂။ ​ဒေါ်​အောင်ဆန်း​စုကြည်
၃။ ဦး​ဝင်း​တင်
၎။ ဦး​ဟံသာမြင့်
၅။ ဦး​ဉာဏ်ဝင်း
၆။ ​ဒေါ်​မေဝင်း​မြင့်
၇။ ဦး​ဒါလဆိုင်း​(ကချင်)
၈။ ​ဒေါ်ခင်သန်း​လှိုင်(စစ်ကိုင်း​)
၉။ ​ဒေါ်အုန်း​ကြည်(မန္တ​လေး​)
၁၀။ ​ဒေါက်တာ​ဒေါ်သန်း​ငွေ(ရှမ်း​)
၁၁။ ​ဒေါ်ခင်မိုး​မိုး​(ကယား​)
၁၂။ ဦး​ကျော်ခိုင်(ရခိုင်)
၁၃။ ဦး​ဇိုပွဲ(ချင်း​)
၁၄။ ​ဒေါ်ခင်​စော​ဌေး​(မ​ကွေး​)
၁၅။ ​ဒေါ်လှလှမိုး​(ပဲခူး​)
၁၆။ ​ဒေါ်နန်း​ခင်​ထွေး​မြင့်​(ကရင်)
၁၇။ ​ဒေါ်ခင်​ဌေး​ကြွယ်(မွန်)
၁၈။ ဦး​ခင်​ဇော်လင်း​(ဧရာဝတီ)
၁၉။ ​ဒေါ်ခင်​အေး​မူ(တနင်္သာရီ)
၂၀။ ဦး​စိုး​ဝင်း​(ရန်ကုန်)
၂၁။ ကိုမျိုး​ညွန့်​(လူငယ်)

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့