Monday, June 18, 2012

ရန်ကုန် ကုက္ကိုင်းဗလီ တိုက်ခိုက်ခံရ

2012-06-16

ရန်ကုန်တိုင်း ဗဟန်း မြို့ နယ် ကုက္ကိုင်းလမ်းဆုံ နှင့် တက္ကသိုလ်ရိပ်သာ လမ်းမီးပွိုင့် အနီးက ကုက္ကိုင်း အစ္စလာမ် ၀တ်ကျောင်းဗလီကို ဒီကနေ့  မနက် ၂ နာရီ ၃၀ ခန့်က လူ ၃၀ လောက်က ဗလီကို အုတ်ခဲနဲ့ ပစ်ပေါက်ခဲ့ပြီး ၀တ်ကျောင်းရှေ့က ရှေးဟောင်းပစ္စည်းဆိုင် တစ်ဆိုင်ကို ဖျက်ဆီးသွားတယ်လို့  သိရပါတယ်။

ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီး ရှေးဟောင်းပစ္စည်း အရောင်းဆိုင် ပိုင်ရှင် ဦးကြည်ဝင်းက ပြောပြပါတယ်။ ဖျက်ဆီးခံရတဲ့ ရှေးဟောင်း ပစ္စည်းဆိုင် ပိုင်ရှင် ဒေါ်အေးအေးဝင်းက ပျက်စီး ပျောက်ဆုံးမှု တန်ဖိုး သိန်း ၅၀ လောက် ရှိတယ်လို့  ဆိုပါတယ်။

သမ္မတရုံး အရာရှိတဦးရဲ့ လူမှုရေးစာမျက်နှာမှာ ဖော်ပြချက်အရ ဒီကနေ့ မနက် ၂ နာရီ ၃၀ ခန့်က အမျိုးအမည် မသိ လူ ၈ ဦးရောက် လာ ပြီး အုတ်ခဲကျိုးတွေနဲ့ ပစ်ပေါက်ခဲ့ကြောင်း၊ ဒီလို ပစ်ပေါက်ခဲ့တဲ့ အတွက် ဆိုင်းဘုတ်နဲ့ မှန်တချို့ ပျက်စီးခဲ့ကြောင်း၊ ရှေးဟောင်းပစ္စည်း အရောင်းဆိုင် တစ်ဆိုင်လည်း ဖျက်ဆီးခံခဲ့ရကြောင်း ဖော်ပြထားပါတယ်။

ပြည်သူများအကြား မလိုလားအပ်တဲ့ ဆူပူမှုတွေ ဖြစ်လာစေနိုင်တဲ့ အတွက် သက်ဆိုင်ရာက သတိထား ထိန်းသိမ်းဖို့ နှိုးဆော်ထားတယ် လို့လည်း အဲဒီအရာရှိရဲ့ ရေးသားချက်မှာ ဖော်ပြထားပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့