Monday, June 18, 2012

(CIF)တန်ဖိုး အမှန်တကယ် လျော့ချ ကောက်ခံတော့မည်

ကျော်ဇင်မန်း(မြစ်မခ)
16 Jun, 2012

ယာဉ်အို၊ယာဉ်ဟောင်းအစားထိုးတင်သွင်းလာသော မော်တော်ယာဉ်များအား မှတ်ပုံတင်ခ(CIF)တန်ဖိုးများလျော့ ချကောက်ခံသွား မည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးနှင့်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက် အရ သိရသည်။

“အခုလျော့ပေးလိုက်တာက အိုဟောင်းကားတွေ၊ တက္ကစီတွေနဲ့ ဌာနဆိုင်ရာကားမျိုးတွေပါ။ အသစ်သွင်းတဲ့သူတွေ အတွက်တော့ဘူး။ လတ်ရှိအချိန်ထိလဲအသစ်သွင်းမယ့်သူတွေအတွက် လျော့ချပေးဖို့မရှိသေးပါဘူး” ဟုနေပြည်တော် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ထုတ်ပြန်ကြေငြာချက်ထဲတွင် ယာဉ်အို၊ ယာဉ်ဟောင်းမှတ်ပုံတင်သက်တမ်း အနှစ်(၂၀) ကျော်ယာဉ်များအား စီမံချက် ပထမပိုင်း အနေဖြင့် (ပ)အက္ခရာထိ အပ်နှံရန် ကျန်ရှိသော မော်တော်ယာဉ်များအား ကောင်း/ညံ့ မခွဲခြားပဲ (CIF)တန်ဖိုး ၄၀% လျော့ချ ကောက်ခံသွားမည်ဖြစ်ပြီး စီမံချက်ဒုတိယပိုင်းအနေဖြင့် (ဗ)အက္ခရာမှ သက်တမ်း အနှစ်(၂၀)ကျော် အပ်နှံ မည့် မော်တော်ယာဉ် များအား ကောင်း/ညံ့ မခွဲခြားပဲ (CIF)တန်ဖိုး ၆၀% လျော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အခုလျော့ချပေးတဲ့ယာဉ်တွေမှန်သမျှကို အမျိုးအစားပြောင်းလဲခွင့်မပြုပါဘူး။ ဥပမာ တက္ကစီဆိုရင် တက္ကစီအဖြစ်ပဲ သုံး ရပါမယ် အိမ်စီးကား(ကိုယ်ပိုင်ယာဉ်)အဖြစ်ပြောင်းလဲခွင့်မပေးပါဘူး”ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

တက္ကစီအဖြစ်သာ အသုံးပြုရန် တင်သွင်းလာသောမော်တော်ယာဉ်အတွက် ကန့်သတ်ချက်များအလိုက် (CIF)တန်ဖိုး များအား လျော့ ချပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်နှင့် ဌာနဆိုင်ရာများမှ လေလံဖြင့်ရောင်းချပြီးသောယာဉ်များအား ဖျက်သိမ်း၍ အစားထိုး တင် သွင်းမည်ဆိုပါက ကောင်း/ညံ့ မခွဲခြားပဲ (CIF)တန်ဖိုး ၆၀% လျော့ချကောက်ခံသွားမည် ဖြစ်ကြောင်း၊ သူနာတင်ယာဉ်များအား အများပြည်သူ ကျမ်းမာရေးကိစ္စအတွက် ဆောင်ရွက်ရန်တင်သွင်းခြင်း ဖြစ်သော် လည်း ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများမှ အခကြေး ငွေယူ၍ ဆောင်ရွက်ပေးခြင်းဖြစ်သောကြောင့် အမျိုးအစား ပြောင်းလဲခွင့် မပြု ကန့်သတ်ချက်ဖြင့် (CIF)တန်ဖိုးအား ၁၀% သာ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နိဗ္ဗာန်ယာဉ်များ တင်သွင်းပါက အမျိုးအစားပြောင်းလဲခွင့်မပြုဟူသော ကန့်သတ်ချက်ဖြင့် (CIF) တန်ဖိုး ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

“ဒီလိုမျိုးပဲဖြစ်စေချင်တာပါ။ ကားသွင်းတဲ့သူတွေထဲမှာ နစ်နာတာက အိုဟောင်းသမားတွေဖြစ်နေတယ် အခုလိုဆိုတော့ အဆင်ပြေ သွား တာပေါ့။ ဒီသတင်းစထွက်နေကတည်းက ဒီလိုပဲဖြစ်ပါစေဆုတောင်းနေတာ”ဟု Myo Motor service co.ltd မှ ပိုင်ရှင် ဦး အောင်မျိုးဝင်းကပြောသည်။

နောင်ပြည်တွင်း၌ မော်တော်ယာဉ်များထုတ်လုပ်လာနိုင်ချိန်တွင် ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီး နိုင်ငံများနည်းတူ မော်တော်ယာဉ် သက်တမ်းကို သတ်မှတ်ဆောင်ရွက်သွားရမည်ဖြစ်သောကြောင့် ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်းယာဉ်များထဲမှ ခေတ္တ ပြန်သုံးရန် ခွင့်ပြုထား သောမော်တော်ယာဉ်များနှင့် လိုင်စင်သက်တမ်းနှစ်(၂၀)ကျော်အပ်နှံရန်ကျန်ရှိသော မော်တော် ယာဉ်များအား (၃)လအတွင်း လာ ရောက်အပ်နှံရန်နှင့် (၃) လကျော်မှ လာရောက်အပ်နှံပါက လက်ရှိပေးထားသော အခွင့်အရေးများ ရရှိရန် မသေချာနိုင်ကြောင်း သိရ သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့