Wednesday, June 20, 2012

စစ်တွေမြို့ ငြိမ်းချမ်းရေး မြို့နယ်သံဃာထုက သမ္မတထံ တင်ပြ

2012-06-19

စစ်တွေမြို့ပေါ်မှာ နေထိုင်ကြတဲ့ ရခိုင်လူမျိုးတွေနဲ့ တစ်ခြားမြန်မာတိုင်းရင်းသားတွေ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် စစ်တွေမြို့နယ် ဂိုဏ်းပေါင်းစုံ ကျောင်းထိုင် ဆရာတော်များအဖွဲ့မှ ပြည်နယ်အစိုးရအဖွဲ့နဲ့ နိုင်ငံတော် သမ္မတထံ ဇွန်လ (၁၉) ရက် နေ့စွဲနဲ့ တင်ပြ တောင်း ဆို လိုက်ကြပါတယ်။

ဆရာတော်တွေရဲ့ တောင်းဆိုချက်တွေထဲမှာ- ဘင်္ဂါလီလူမျိုးတွေကို စစ်တွေမြို့ကနေ အလှမ်းဝေးတဲ့ နေရာတစ်နေရာမှာ သီးခြား နေထိုင်ခွင့် ချထားပေးဖို့၊ ရခိုင်နှင့် ဘင်္ဂါလီတွေကြားမှာ တပ်မတော် တပ်ရင်းများ (ဒါမှမဟုတ်) ခိုင်မာ စိတ်ချရတဲ့ လုံခြုံရေးအပြည့်အဝ ထားရှိပေးဖို့နဲ့ ရခိုင်ပြည်နယ်ထဲ ဝင်ရောက်နေထိုင်ကြတဲ့ ဘင်္ဂါလီတွေကို စစ်ဆေးပြီး နိုင်ငံသားစီစစ်ရေးကတ် လက်ဝယ်မရှိသူတွေကို ရခိုင်ပြည်နယ် အတွင်းမှ ဖယ်ရှားပေးဖို့ စတဲ့အချက်တွေ ပါရှိပါတယ်။

စစ်တွေမြို့ပေါ်မှာ ရခိုင်လူမျိုးတွေနဲ့ တခြားမြန်မာတိုင်းရင်းသားတွေ အတူနေထိုင်လာခဲ့ကြပေမဲ့၊ ဘယ်တုန်းကမှ လူမျိုးရေး ပဋိပက္ခတွေ မဖြစ်ပွားခဲ့ဘဲ ဘင်္ဂါလီတွေနဲ့သာ အကြိမ်ပေါင်းများစွာ ပဋိပက္ခ ဖြစ်ပွားခဲ့ရကြောင်း၊ အဲဒီလိုဖြစ်ပွားခဲ့ခြင်းကြောင့် တိုင်းရင်းသား ပြည်သူ တွေရဲ့ အသက်အိုးအိမ် စည်းစိမ်များ ဆုံးရှုံးနစ်နာခဲ့ရတာ အလွန့်အလွန်များပြားခဲ့ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို လည်း ထိခိုက် စေခဲ့ကြောင်းလည်း ဖော်ပြ ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးတွေနဲ့ ဘင်္ဂါလီတွေအကြား ပြီးခဲ့တဲ့ (၂၅) နှစ်အတွင်း ၁၉၉၆၊ ၁၉၉၈၊ ၂ဝဝ၁ နဲ့ အခု ၂ဝ၁၂ ခုနှစ်တွေမှာ လူမျိုးရေးအဓိကရုဏ်း (၄) ကြိမ်တိုင် ဖြစ်ပွားခဲ့ပြီး အခုဖြစ်စဉ်ဟာ ၁၉၄၂ ခုနှစ် နောက်ပိုင်း အပြင်းထန်ဆုံးနဲ့ အဆိုးရွားဆုံး ဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့