Wednesday, June 20, 2012

စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့် ပြင်ဆင်နေကြောင်း သမ္မတ ကြေညာ

2012-06-19

မြန်မာနိုင်ငံသားတွေရဲ့ လူနေမှုဘ၀နဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဒုတိယအဆင့်ကို ပြင်ဆင်နေပြီဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကြေညာလိုက်ပါတယ်။

၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ကနေ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အထိ ငါးနှစ်တာကာလအတွင်း တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေး တိုးတက် မှုနှုန်းကို ၇% အထိ ရည်မှန်းထားကြောင်း သမ္မတရဲ့မိန့်ခွန်းမှာ ပါရှိ ပါတယ်။

ဒီငါးနှစ်တာကာလ စီမံကိန်းမှာ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကဏ္ဍကို လျှော့ချပြီး ပုဂ္ဂလိကပိုင်လုပ်ငန်းတွေကို ဦးစားပေးဆောင် ရွက် သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ အစိုးရ ရငွေ သုံးငွေစာရင်းမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် ကျပ်ငွေ ကုဋေ ၂ သိန်းကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အတွက် ကျပ်ကုဋေ ၂ သိန်းနီးပါး လိုငွေပြနေကြောင်း၊ ဒီအတိုင်း ဆက် လက် ဖြစ်နေမယ်ဆိုရင် နိုင်ငံစီးပွားရေးကို ထိခိုက်လာနိုင်ပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်အောင်လည်း ထိန်းသိမ်းဖို့ လိုနေကြောင်း ပြောပါတယ်။

ဒါ့အပြင် အောက်ခြေ ကျေးလက်ဒေသတွေ ပြုပြင်ပြောင်းလဲရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ခရိုင် ကျေးရွာအထိ ဆင်းရဲမွဲတွေမှု လျော့ချရေးအတွက် အစိုးရကနေ စီမံသွား ဖို့ ပြင်ဆင်မှုတွေလည်း ပြောထားပါတယ်။ ဒီအထဲမှာ လယ်ယာမြေ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ကြဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း ထည့်သွင်းပြောသွားပါတယ်။

ဒီလို ရေတိုငါးနှစ်တာစီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် ပြည်ပအကူအညီ အထောက်အပံ့နဲ့ ချေးငွေတွေလိုအပ်သလို၊ ပြည် တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေလည်း လိုအပ်ကြောင်း၊ ပြည်ပမှာရှိနေ တဲ့ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် နည်းပညာ ကျွမ်းကျင်သူတွေကိုလည်း လက်တွဲလုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြည်သူတွေရဲ့ အခက်အခဲကို အဆင့်တိုင်းမှာ ဆွေးနွေးအဖြေရှာခြင်းဖြင့် ဆောင်ရွက်မယ်ဆိုရင် လျှပ်စစ်မီးရရှိရေး ဆန္ဒထုတ် ဖော်မှု တွေလိုမျိုး လမ်းမတွေပေါ်ထွက်ပြီး တောင်းဆိုမှုတွေ လုပ်စရာမ လို တော့ကြောင်းလည်း ပြောထားပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့