Thursday, September 6, 2012

ယာဉ်အသစ်များဖြင့် အစားထိုးပေးရန် စီးပွားကူးသန်းက အငှားယာဉ်မောင်းများမျှော်လင့်

ယမင်း(မြစ်မခ)၊
6 Sep, 2012

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာမှ အငှားယာဉ်မောင်းနှံပြေးဆွဲသူများ အနေဖြင့် ယာဉ်အသစ်များနှင့် အစားထိုး ပေးရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါဝန်ကြီးဌာနမှ အငှားယာဉ်များအား ငှားရမ်းမောင်းနှင်းသူများနှင့် မော်တော်ယာဉ် များမှာ လုပ်သက်(၁၇)နှစ်ကျော် သက် တမ်းရှိပြီး လက်ရှိဖြစ်ပေါ်နေသော အခက်အခဲ များနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးထံသို့ စက်တင်ဘာလ (၄)ရက်နေ့ တွင် အသနားခံ စာတင်ပြထားကြောင်း ယာဉ်မောင်းများထံမှ သိရှိရသည်။

''အရင်တုန်းကတော့ အသစ်ပေါ့။ သူတို့အနေနဲ့ ကားနဲ့ ကျွန်တော်တို့လုပ်ကျွေးလာတာ အရင်းလဲ ကျေနေပါပြီ။ အားလုံး အ ဆင်ပြေအောင် အငှားယာဉ်အသစ်တွေကို အစားထိုး ပေးဖို့ မျှော်လင့်ပါတယ်။ အခုက ကျွန်တော်တို့အနေနဲ့ စားဝတ်နေရေး အတွက် တော်တော် လေး ရုံးကန်လာရတယ်'' ဟု အငှားယာဉ်မောင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ခိုင် မင်းက ပြော သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ အဌားယာဉ်များအား ၁၉၉၆ခုနှစ်တွင် ဂျပန်နိုင်ငံမှစတင် တင်သွင်းခဲ့ကာ အငှား ယာဉ် (အနီ၊ အနက်)ပေါင်း (၃ဝဝ)ကျော်ရှိပြီး အငှားယာဉ် မောင်းများအနေဖြင့် စပေါ် ကျပ် (၈)သိန်းတင်ထားရပြီး အုံနာ ကြေး တစ်နေ့လျှင်ကျပ် (၁)သောင်း ပေးဆောင်ရသည်။

''ဝန်ကြီးဌာနအနေနဲ့ ကျွန်တော်တို့ဘက်ကို ပြန်ကြည့်ပေးသင့်တယ်။ ပါရမီဆိုရင် လုပ်လာတာ ခုနှစ်လောက်ပဲရှိသေးတယ် အဲ့ဒီ ကာလအတွင်းမှာကို နှစ်ခါလောက်ရှိပြီ လက်ရှိမောင်းနေတဲ့ သူတွေကိုပြန်ရောင်းချပေးတယ်။ အဲဒီတော့ မောင်းသူအတွက် ရော သူတို့အတွက်ပါ အဆင်ပြေပါတယ်။ ကျွန်တော်တို့ကိုလည်း အဲလိုမျိုးလေးစဉ်းစား ပေးဖို့ကောင်းပါတယ်'' ဟု အငှား ယာဉ်မောင်း သမား ဦးမြင့်ဆွေက ပြောသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမီတက်တွင်တက္ကစီယာဉ်(၆ဝဝ)ခန့်ရှိပြီး လက်ရှိ မောင်းနှင်းနေသည့်ယာဉ်မောင်းများထံသို့ အစီးရေ(၁၅ဝ)ကျော် ပြန်လည်ရောင်းချပေးခဲ့ ကြောင်းကိုလည်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့