Tuesday, September 4, 2012

SEA Game မတိုင်မီအသုံးပြုနိုင်မည့် အဆင့်မြင့်မိုဘိုင်းကွန်ယက် 4G

ဥာဏ်ဥာဏ်(မြစ်မခ)
4 Sep, 2012

အဆင့်မြင့် မိုဘိုင်းကွန်ယက်တစ်ခုဖြစ်သည့်  4G စနစ် (Long Term Evolution)ကို ရန်ကုန်မြို့တွင် စတင်စမ်းသပ် အကောင်အထည်ဖော်လျှက်ရှိကြောင်း ရတနာပုံတယ်လီပို့က သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် 4G စနစ် ပေါ်ထွန်းနေပြီးဖြစ်သော်လည်း သုံးစွဲ၍ မရရှိသေးကြောင်း စမ်းသပ်အောင်မြင်ပါက ရန်ကုန်မြို့အပြင် နေပြည်တော်၊ မန္တလေးနှင့်အခြားမြို့ကြီးများတွင်ပါ တိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း ရတနာပုံတယ်လီ ပို့ဝန် ဆောင်မှုလုပ်ငန်းများအရ သိရသည်။

လက်ရှိတွင် WCDMA လိုင်းကဒ်များတွင် 3G သုံးစွဲနိုင်ပြီး ဟန်းဆက်အမျိုးအစားပေါ်မူတည်၍ သုံးစွဲနိုင်ကြောင်းကိုလည်း သိရှိရ သည်။ 3G သုံးဆွဲနိုင်သောဟန်းဆက်အမျိုးအစားပေါ်တည်တူ၍ အခြားလိုင်းကဒ်များတွင်လည်း တာဝါတိုင်အနီးအနားရှိ မိုဘိုင်းဖုန်း များတွင်လည်း သုံးစွဲနိုင်ကြောင်း Call Center က သိရသည်။

Data စနစ်ကို အပြည့်အဝအထောက်အပံ့ပေးမည့် အဆိုပါ 4G ဖုန်းလိုင်းများကို အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမီ ချ ထားပေးရန်စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း သိရသည်။

4G ဖုန်းလိုင်းများအား Long Term Evolution ကွန်ရက်ကို အထောက်အပံ့ပေးနိုင်သည့် ဟန်းဆက် များနှင့် တွဲဖက်အသုံး ပြုနိုင်မည်ဖြစ်သည်။

အဆိုပါ 4Gဖုန်းလိုင်းများ အသုံးပြုနိုင်ရန်အတွက် ပြည်ပနိုင်ငံများမှ နည်းပညာကုမ္ပဏီများနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း တို့ ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“မိုဘိုင်းကွန်ရက်၊ အင်တာနက်ကွန်ရက်နဲ့ ပြည်တွင်းကွန်ရက်များ တည်ဆောက်ခြင်း၊ တိုးချဲ့ခြင်း၊ ဆက်စပ်ဝန်ဆောင်မှုများ တိုး ချဲ့ခြင်းတွေကို ဆောင်ရွက်ရာမှာ နည်းပညာနဲ့ စီမံခန့်ခွဲမှုနယ်ပယ် တွေ အတွက် အတွေ့အကြုံရှိတဲ့ ပညာရှင်တွေ ကျွမ်းကျင်သူ တွေ နဲ့ ကျွမ်းကျင်လုပ်သားတွေ လုပ်မှ ဖြစ် မှာပါ” ဟု ရတနာပုံတယ်လီပို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခင် မိုဘိုင်းတယ်လီဖုန်းသုံးစွဲမှုမှာ လူနည်းစုသာသုံးစွဲနေရာမှ လက်ရှိအချိန်တွင် လူလတ်တန်း စားများ သုံးစွဲနိုင်သည်အထိ အခြေအနေတစ်ခုသို့ ရောက်ရှိလာကြောင်း လက်ရှိ ၂၀၁၂ ခုနှစ်၊ ဒုတိယသုံးလပတ်တွင် မိုဘိုင်းအင်တာနက်သုံးစွဲမှု သိသိ သာသာများပြားလာပြီး မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ 2G နှင့် 3G အင်တာနက်များကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ (၅)နှစ်စီမံကိန်းဖြင့် မိုဘိုင်းဖုန်း သန်း(၃ဝ) ချထားပေးခြင်းကို ဆောင်ရွက်လျှက်ရှိပြီး ပထမနှစ်စီမံကိန်းအဖြစ် မိုဘိုင်းဖုန်း (၄)သန်း အား တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ချထားပေးလျှက်ရှိသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့