Thursday, January 10, 2013

လက်ကမ်းစာစောင်ဝေတာပိတ်ပင်လို့ သန်လျင်နည်းပညာကျောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်

2013-01-09

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် တောင်ပိုင်းခရိုင်က ရန်ကုန်တိုင်း သန်လျင်နည်းပညာ တက္ကသိုလ်ရှေ့မှာ ဒီနေ့မနက်က လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာကို ဆရာတွေနဲ့ကျောင်းလုံခြုံရေးတွေက တားဆီး ပိတ်ပင်တဲ့အတွက် ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ် လို့သိရပါတယ်။

ဒီကနေ့ ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်မှာ ဗကသများ အဖွဲ့ချုပ်ရဲ့ မူ ၅ ချက်၊ တောင်ပိုင်းခရိုင် ဗကသ ပေါ်ပေါက်လာပုံနဲ့ ဥက္ကဌ အဆက်ဆက်တို့ အမည်တွေ ပါဝင်ပါတယ်။

ဒါကို စစ်တပ်က ပြောင်းလာတဲ့ ကျောင်းဆရာက ဗသကဆိုတာ တရားမဝင် အဖွဲ့အစည်း ဖြစ်တဲ့အတွက် စာဝေခွင့်မရှိဘူးလို့ပိတ်ပင်သလို၊ ကျောင်းသားတွေကို မချေမငံပြော ဆိုပြီး၊ ရဲနဲ့စရဖ လုံခြုံရေးတွေ ခေါ်လိုက်တယ်လို့ ဗကသ တောင်ပိုင်းခရိုင် တာဝန်ခံ ကိုမင်းသွေး သစ်က RFA ကိုပြောပါတယ်။

အဲဒီနောက် ဆရာတွေက လက်ကမ်း ကြေညာဝေတဲ့ ကျောင်းသားတချို့ဆီက ကျောင်းသားကဒ်နဲ့ တယ်လီဖုန်းတွေ သိမ်းလိုက်တဲ့အတွက် ညနေပိုင်းမှာတော့ တခြားကျောင်းတွေကကျောင်းသားတွေပါ ရောက်လာပြီး အခြေအနေ တင်းမာလာလို့ သိမ်းထားတဲ့ပစ္စည်းတွေပြန် ပေးတယ်လို့ သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့