Tuesday, January 8, 2013

ပြည်သူ့စစ်စခန်း ကေအိုင်အေတပ်တွေ ဝင်ရောက်တိုက်ခိုက်

2013-01-07

ကချင်ပြည်နယ် မိုးညှင်းခရိုင် အင်းတော်ကြီးဒေသ နန့်မွန်းကျေးရွာ ရွာမအနောက်ပိုင်းမှာရှိတဲ့ နန့်မွန်းဌာနေ ပြည်သူ့စစ်စခန်းကို ဇန်နဝါရီလ ၇ရက် ဒီကနေ့ မနက်အစောပိုင်း ၄ နာရီနဲ့ ၅နာရီကြားလောက်က ကေအိုင်အေတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့စစ်တစ် ဦးက RFA ကို ပြောပါတယ်။

ကေအိုင်အေတပ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့စစ်တစ်ဦးရဲ့ ခြေထောက်နှစ်ဖက်မှာ ဒါဏ်ရာရရှိခဲ့ပြီး အဲဒီ့စခန်းမှာရှိတဲ့ လက်နက် ၃လက်နဲ့ ကျည်ဆံတစ်ထောင်ကျော်ကိုလည်း ကေအိုင်အေဖက်က ယူဆောင်သွားတယ်လို့ ဆိုပါတယ်။

နန့်မွန်းကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ဒီမနက်အစောပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အတည်ပြုပြောဆိုပါတယ်။


Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့