Thursday, January 10, 2013

ကချင်စစ်ပွဲ ရပ်ဆိုင်းရေး ဝိုင်းဝန်းလုပ်ဆောင် ပေးရန် KNU ကို သမ္မတနှင့် ကာချုပ် ပြောကြား

ဟင်္သာနီ (မွန်မြေ)
ဇန်နဝါရီလ ၀၉ ရက် ၂၀၁၃ ခုနှစ်

ကချင်စစ်ပွဲ ရပ်ဆိုင်း ရေး နှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးအတွက် ၀ိုင်းဝန်း ပန်ကြားလုပ်ဆောင်ပေးရန် KNUနှင့် တွေ့ဆုံစဉ် နိုင်ငံတော် သမ္မတနှင့် ကာကွယ်ရေးဦးစီးချုပ်တို့က ပြောကြားခဲ့ကြောင်း KNU အထွေထွေအတွင်းရေးမှူး ဗဒိုကွယ်ထူးဝင်းက ပြောသည်။

ဗဒိုကွယ်ထူးဝင်းက “ကျွန်တော် တို့ကို မြန်မာ အစိုးရက ခင်ဗျား တို့လည်း တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်း လုပ်ဆောင် ပြီးတော့ ဒီတိုက်ပွဲ ရပ်ပြီးတော့ တွေ့ဆုံ နိုင်ဖို့ လုပ်ဆောင် ကြပါလို့ ပြောတာ ပန်ကြား တာတော့ ရှိတယ်၊ သူတို့ ဘက်ကလည်း တတ်နိုင်တဲ့ နည်းလမ်းက လုပ်နေ တယ်လို့ ပြောတယ်” ဟု မဇ္ဈိမအား ပြောသည်။

သမ္မတမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ရန် ညွှန်ကြား ထားသော်လည်း ကေအိုင်အိုနှင့် အစိုးရတပ်များကြား ယနေ့ထိတိုက်ပွဲများ ဖြစ်ပွား နေဆဲ ဖြစ်သည်။

ယင်းအချက် ကို ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ၎င်းတို့ဘက်မှ တင်ပြ ခဲ့ကြောင်းကို ဗဒိုကွယ်ထူး ၀င်းပြောသည်။

၎င်းက “ အဲဒီ ကိစ္စကို ကာချုပ်ကို ဆွေးနွေး တင်ပြတယ်၊ သူတို့ တင်ပြချက်က သူတို့ ဌာန ချုပ်ကို သိမ်းပိုက်ပြီး ဦးတည် တိုက်နေတာ မဟုတ်ဘူး၊ အဲဒီ မှာ ရှိနေတဲ့ ကျွံနေတဲ့ စစ်စခန်း တစ်ခုကို ရိက္ခာ ပို့နိုင်ဖို့ ကချင်ဆီကို ခွင့်တောင်းတာ ကချင်က ခွင့်မပြုဘူး၊ သူတို့ အဲဒီမှာ ရှိတဲ့ ရဲဘော်တွေ ရိက္ခာတွေ မရှိလို့ ငတ်နေပီ၊ ခြေကျင်တပ်တွေ သုံးပေမယ့် ကချင်ဘက်က မြေမြုပ် ဗုံးတွေ သုံးတယ်၊ သံဆူး ကြိုးတွေ ကာထားတယ်၊ အဲလို အခြေအနေတွေ ရှိတယ်” ဟု ကာချုပ်မှ ပြန်လည်ပြောဆိုကြောင်း ရှင်းပြသည်။

KNU ခေါင်းဆောင်အဖွဲ့သည် သမ္မတနှင့် ဒု-သမ္မတ (၂) တို့နှင့် ဇန်နဝါရီလ (၅) ရက်နေ့၌ တွေ့ဆုံကာ ကာကွယ်ရေး ဦးစီးချုပ်နှင့်လည်း ဇန်နဝါရီလ (၆) ရက်နေ့၌ တွေ့ဆုံ ခဲ့ပြီးနောက် ယမန်နေ့က ကိုယ်စားလှယ်များ ဌာနချုပ် စခန်းသို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

တစ်ဆက် တည်းပင် ယမန်နေ့ ၌လည်း မဲဆောက် မြို့၌ သမ္မတမှ ဖိတ်ကြား၍ သွားရောက် ခဲ့သည့် ခရီးစဉ်နှင့် ပတ်သက်ကာ သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ရန် စီစဉ်ခဲ့သော်လည်း နောက်ပိုင်း၌ ၎င်းအစီ အစဉ်ကို ဖျက်သိမ်းကာ ၎င်းအစား ယနေ့ ရက်စွဲဖြင့် ကြေငြာချက် တစ်ရပ် ထုတ်ပြန် ခဲ့ပါသည်။

စစ်အရှိန် မြှင့်ကာ လေကြောင်းများ အသုံးပြု တိုက်ခိုက် ခြင်းများမှာ နိုင်ငံ တကာ၏ အမြင်၌ လည်းကောင်း၊ တိုင်းရင်း သားများ အမြင်၌ လည်းကောင်း နိုင်ငံတော်နှင့် တပ်မတော် အပေါ်၌ ယုံကြည်မှု လျော့ပါးလာကာ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက် နေသည့် ကာလ၌ စစ်ရေး အရှိန် မြှင့်နေ ခြင်းသည် နိုင်ငံတော် သိက္ခာနှင့် အစိုးရ သိက္ခာကို ထိခိုက် နေကြောင်း မိမိတို့ တင်ပြခဲ့သည်ဟု ၄င်းကပြောသည်။

ထို့ပြင် ကချင် အဖွဲ့နှင့် မိမိတို့ တွေ့ဆုံ ခဲ့စဉ် ၌လည်း ကချင် တပ်စခန်း (၄၀) ခန့်အား ဆုတ်ပေးရန် အစိုးရ ဘက်မှ တောင်းဆိုမှုလည်း ရှိခဲ့ကြောင်း ဗဒို ကွယ်ထူးဝင်းမှ ဆက်ပြောသည်။

KNU အနေနှင့်မူ အပစ် အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ခိုင်မာသည့် ယုံကြည်မှု တည်ဆောက် နိုင်ရန်နှင့် နိုင်ငံရေး အဆင့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ် နိုင်ရန်နှင့် ပြည်သူ လူထုများ ယုံကြည်စိတ်ချ အာမခံ ပေးနိုင်သည့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ သဘော တူညီချက်များ ရရှိရန် မြန်မာ အစိုးရနှင့် ဆွေးနွေး ခဲ့ကြကြောင်း ကြေငြာ ချက်တွင် ဖော်ပြထားသည်။

“ကျွန်တော်တို့ ရရှိ ထာတဲ့ ပဏာမ သဘော တူညီ ချက်နဲ့ နှစ်ဖက် တပ်များ အကြား လိုက်နာ ရမည့် စည်းကမ်းများ၊ လူထုကို ခြိမ်းခြောက်သည့် လှုပ်ရှားမှုများ၊ နှစ်ဖက် တပ်စခန်းများ နေရာ ချထားရေး အဲဒါတွေကို ခိုင်မာတဲ့ သဘော တူညီချက် ရအောင် နောက်လာမယ့် တွေ့ဆုံပွဲမှာ ဆက်လက် ဆွေးနွေး သွားရဦးမယ်” ဟု ဗဒို ကွယ်ထူးဝင်းမှ မဇ္ဈိမအား ပြောသည်။

ပြီးခဲ့သည့် ၂၀၁၂ စက်တင်ဘာလ (၃) ရက်နေ့မှ (၅) ရက်နေ့ အထိ ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ပြုလုပ် ခဲ့သည့် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး ကော်မရှင်နှင့် KNU တို့ တွေ့ဆုံ ခဲ့စဉ် ၌လည်း ကရင် ပြည်နယ် အတွင်းရှိ အစိုးရ တပ်တည် (၃၀၀) အနက် (၉၀) ခန့်အား ရွှေ့ပေးရန် KNU မှ တောင်းဆို ထားခဲ့ဖူး
သည်။

KNU သည် အချက် ၄ ချက် အခြေခံဖြင့် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က ဘားအံမြို့ ဇွဲကပင် ဟိုတယ် ဆွေးနွေးပွဲ ၌ အပစ် အခတ် ရပ်စဲရေး သဘော တူညီချက် စာချုပ်ကို ပြည်နယ် အစိုးရနှင့် ချုပ်ဆိုခဲ့ပြီး ဖြစ်သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့