Tuesday, December 6, 2011

အန်အယ်လ်ဒီက ​ရွေး​ကောက်ပွဲ ​အောင်နိုင်​ရေး​ ​ကော်မတီဖွဲ့​စည်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည် ​ရွေး​ကောက်ပွဲဝင်မည်

December 5, 2011
နေသွင်

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​အတွက် ဗဟို​အောင်နိုင်​ရေး​ကော်မတီကို စတင်ဖွဲ့​စည်း​လိုက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင်လည်း​ ရန်ကုန်တိုင်း​အတွင်း​က မဲဆန္ဒနယ်တ​နေရာမှာ ​ရွေး​ကောက်ပွဲဝင်ဖို့​ ရှိတယ်လို့​ ပါတီ​ပြောခွင့်​ရသူ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။

ဒီ​နေ့​ (တနင်္လာ​နေ့​) မှာ ဖွဲ့​စည်း​လိုက်တဲ့​ ဗဟို​အောင်နိုင်​ရေး​ကော်မတီမှာ တာဝန်ခံက အဖွဲ့​ချုပ်လက်ရှိ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​ ဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ဦး​ဝင်း​တင်နှင့်​ ဗဟိုက ​ခေါင်း​ဆောင် ၂၁ ဦး​နှင့်​ ဖွဲ့​စည်း​လိုက်တာပါ။


ဒါ့​အပြင် ပြည်နယ်တိုင်း​ခရိုင် မြို့​နယ် စည်း​ရုံး​ရေး​အဖွဲ့​တွေကိုလည်း​ သက်ဆိုင်ရာ နယ်​မြေအလိုက် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​အဖွဲ့​တွေ ဖွဲ့​စည်း​ဖို့​ ဗဟိုက ညွှန်ကြား​စာ ​ပေး​ပို့​သွား​မယ်လို့​ သူက ​ပြောပါတယ်။

“​ရွေး​ ကောက်ပွဲ ​အောင်နိုင်​ရေး​အတွက် အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်၏ မူဝါဒလုပ်ငန်း​စဉ်များ​ကို လက်ခံယုံကြည်သူများ​၊​ တိုင်း​ရင်း​သား​လူမျိုး​များ​၊​ ဒီမိုက​ရေစီအင်အား​စုများ​နဲ့​ စည်း​လုံး​ညီညွတ်မှုများ​ကို တည်​ဆောက်၍ ပူး​ပေါင်း​လှုပ်ရှား​ကြရမည် ဖြစ်ပါသည်။ ထို့​ကြောင့်​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ အဖွဲ့​အစည်း​များ​ကို ဖွဲ့​စည်း​ပြီး​ စု​ပေါင်း​အ​ကောင်အထည် ​ဖော်ကြရမည်ဖြစ်ပါသည်။ ​အောင်နိုင်​ရေး​အဖွဲ့​များ​တွင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်မှ ပုဂ္ဂိုလ်များ​၊​ ပြည်သူလူထုတို့​ရဲ့​ ​လေး​စား​ယုံကြည်ခြင်း​ခံရတဲ့​ ပုဂ္ဂိုလ်များ​၊​ တိုင်း​ရင်း​သား​လူမျိုး​များ​၊​ အမျိုး​သမီး​နှင့်​ လူငယ်များ​၊​ အသိပညာရှင် အတတ်ပညာရှင်များ​၊​ လယ်သမား​၊​ အလုပ်သမား​များ​၊​ ကုန်သည်စီး​ပွား​ ကဏ္ဍမှပုဂ္ဂိုလ်များ​၊​ မြို့​မိမြို့​ဖနှင့်​ ရပ်မိရပ်ဖများ​၊​ နိုင်ငံ​ရေး​အစဉ်အလာရှိသူများ​ စသည့်​ ​အောင်နိုင်​ရေး​အတွက် လုပ်ကိုင်နိုင်သူများ​ ပါဝင်​စေလျက် ​အောင်နိုင်​ရေး​အဖွဲ့​များ​ ဖွဲ့​စည်း​မည့်​ အဆိုပြုလွှာစာရင်း​ကို ဗဟို​အောင်နိုင်​ရေး​အဖွဲ့​သို့​ ရက်သ တ္တပတ် ၂ပတ်အတွင်း​ ​ပေး​ပို့​ကြရန်ဖြစ်ပါတယ်။”

အဖွဲ့​ချုပ်က ဒီ​နေ့​ ဖွဲ့​စည်း​လိုက်တဲ့​ ဗဟို​အောင်နိုင်​ရေး​ ​ကော်မတီ လက်​အောက်မှာ သတင်း​ပြန်ကြား​ရေး​နဲ့​ စာ​စောင် ထုတ်​ဝေ​ရေး​၊​ စည်း​ရုံး​လှုံ့​ဆော်​ရေး​ ​ကော်မတီ၊​ မဲဆွယ်​ဟော​ပြော​ရေး​ ​ကော်မတီ၊​ ဘဏ္ဍာ​ငွေရှာ​ဖွေ​ရေး​ ​ကော်မတီ၊​ ဥပ​ဒေ​ရေး​ရာ ​ကော်မတီ တို့​ကိုလည်း​ ဖွဲ့​စည်း​ထား​ပြီး​၊​ မှတ်ပုံတင်ခွင့်​ရတာနဲ့​ ​အောင်နိုင်​ရေး​ကော်မတီရဲ့​ လုပ်ငန်း​တွေကို စတင်လုပ်​ဆောင်သွား​မယ်လို့​ ဦး​အုန်း​ကြိုင်က ဆိုပါတယ်။

ရွေး​ ကောက်ပွဲဥပ​ဒေအရ ကြား​ဖြတ်​ရွေး​ကောက်ပွဲကို သုံး​လကြိုတင် ​ကြေညာရမှာဖြစ်တဲ့​အတွက် ယခုထိ မ​ကြေညာ​သေး​တာကို ​ထောက်ရင် လာမယ့်​နှစ် မတ်လထက်​စောပြီး​ မဖြစ်နိုင်ဘူး​လို့​ သုံး​သပ်​နေကြပါတယ်။

လော​လောဆယ် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်လည်း​ ​နေပြည်​တော်က ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံမှာ တည်​ထောင်ခွင့်​ရဖို့​ ​လျှောက် ထား​ဆဲဖြစ်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ကိုယ်တိုင် ​ရွေး​ကောက်ပွဲ ဝင်​ရောက်ယှဉ်ပြိုင်ဖို့​ ကိစ္စနဲ့​ ပတ်သက်လို့​ ဦး​အုန်း​ကြိုင်က အခုလို ​ပြောပါတယ်။

“သူက ​ရွေး​ကောက်ပွဲဝင်မယ်လို့​ ပိုင်း​ဖြတ်တဲ့​အ​ကြောင်း​ မီဒီယာ​တွေမှာလည်း​ ​ဖော်ပြ​နေပါပြီ။ ဝင်လို့​ရှိရင်လည်း​ သူ့​ရဲ့​အလုပ် အကိုင် များ​မှု အ​ခြေအ​နေအရ။ လုပ်ငန်း​ကလည်း​များ​တယ်​လေ။ ရန်ကုန်တိုင်း​မှာပဲ ဝင်ချင်တယ်လို့​ပြောတယ်။ ရန်ကုန်တိုင်း​က ဝင်တဲ့​အခါမှာလည်း​ တကယ့်​ကို မြို့​နယ်​နေပြည်သူလူထုရဲ့​ စီး​ပွား​အ​ခြေအ​နေ​တွေအရ ဆင်း​ရဲတဲ့​ဒေသ​တွေမှာ ဝင်မယ်လို့​ သူ​ပြော ပါတယ်။ ဆိုလိုတာက​တော့​ ဆင်း​ရဲတဲ့​ ​တောင်သူလယ်သမား​တွေကို တခုခု အကျိုး​ပြု​ပေး​နိုင်မလား​ဆိုတဲ့​ စိတ်ကူး​ပေါ့​ဗျာ။ အဲ့​ဒီ​စေတနာနဲ့​ ​ပြောတာပါ။ အဲ့​တော့​ တချို့​ကလည်း​ ​ကော့​မှူး​များ​ ဖြစ်နိုင်မလား​လို့​ တချို့​လည်း​ ​တွေး​ကြတာ​ပေါ့​။ တရား​ဝင်​တော့​ ဆုံး​ဖြတ်ထား​ပြီလို့​ မ​ပြော​သေး​ပါဘူး​။”

ရွေး​ကောက်ပွဲ ​ကော်မရှင်ရဲ့​ စာရင်း​အရ ပြည်သူ့​လွှတ်​တော်အတွက် ​နေရာ ၄၀ အမျိုး​သား​လွှတ်​တော်အတွက် ၆ ​နေရာနဲ့​ တိုင်း​နှင့်​ပြည်နယ် လွှတ်​တော်အတွက် ၂ ​နေရာ စုစု​ပေါင်း​ ၄၈ ​နေရာ လစ်လပ်​နေတယ်လို့​ သိရပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့