Friday, December 9, 2011

မြန်မာ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး ပိုမိုပူးပေါင်းဆောင်ရွက်မည်

December 8, 2011
မင်းလွင်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးကို ပိုမိုတိုးမြှင့်လုပ်ဆောင်မယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာဟာ သူရဲ့ မြန်မာနိုင်ငံ ၃ ရက်တာ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးသိန်းစိန် အပါအ၀င် ထိပ်တန်းအဆင့်မြင့် ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ဟာ မစ်ရှိဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒေးရှ် နှစ်နိုင်ငံ ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာ သန်း ၅၀၀ အထိ ရောက်အောင် တိုးမြှင့်မယ်လို့ ပြောသွားပါတယ်။

ဒါဟာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်မှာ နှစ်နိုင်ငံကုန်သွယ်ရေးရငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းရဲ့ ၃ ဆလောက်အထိ တိုးမြှင့် ဖို့ မြန်မာနဲ့ ဘင်္ဂလာဒေးရှ်က ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်ပါ။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနိုင်ငံက လျှပ်စစ်နဲ့ သဘာဝဓာတ်ငွေ့ကို လိုချင်ပြီးတော့ မြန်မာနိုင်ငံကိုလည်း ဘဂ်လားဒေ့ရှ်ကနေ အ၀တ်အထည်၊ ဆေးဝါး၊ ဂုန်လျှော်နဲ့ ကြွေထည်ပစ္စည်းတွေကို တင်သွင်းခွင့်ရဖို့လည်း လိုအပ်နေပါတယ်။

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ရန်ကုန်အခြေစိုက် စီးပွားရေး သတင်းထောက်က အခုလို သုံးသပ်ပါတယ်။

“Trade (ကုန်သွယ်မှု) က တအားနည်းတယ်၊ မြန်မာက သူတို့ကို Export လုပ်တဲ့ဟာက ဘယ်လောက်မှ မရှိဘူး။ ၁၀ ရာခိုင်နှုန်းတောင် မကျော်ဘူး။ 10 milion တောင် မရှိဘူး။ သူတို့ဘက်က Trade လုပ်တာက ၁၀၀ ကျော်နေတာလေ။ ဘယ်လိုလုပ်လဲ ဆိုတော့ အခုတော့ ပုံစံကတော့ မြန်မာနိုင်ငံက လျှပ်စစ်ဓာတ်အားကို အဓိက သူက တောင်းတာပဲ။ သူတို့နိုင်ငံမှာ လျှပ်စစ်ဓာတ်အား လုံလောက်မှု မရှိတဲ့အတွက်ပေါ့နော်။ နီပေါတို့၊ အိန္ဒိယတို့ကို အကူအညီတောင်းနေရတယ်။ အဲဒါ အခု မြန်မာ ကိုလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ ကမ်းလှမ်းတယ်ပေါ့။ မြန်မာကနေ သူတို့ အဓိက လျှပ်စစ်ဝယ်မှာ။”

ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးလုပ်ချင်ပေမယ့် မြန်မာအာဏာပိုင်တွေက ဘင်္ဂလားဒေ့ရှ်နယ်စပ်က မွတ်စလင်တွေကို ခရီးသွားလာတာတွေ ကန့်သတ်ထားတဲ့အတွက်လည်း ကုန်သွယ်ရေး တိုးမြှင့်ဖို့ မလွယ်လောက်ဘူးလို့လည်း စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့