Wednesday, December 7, 2011

စစ်​ပြေး​ဒုက္ခသည်အ​ခြေအ​နေနှင့်​ပတ်သက်၍ ​မေး​မြန်း​ချက်

December 6, 2011
နော်နိုရင်း

ကချင်ပြည်နယ်က စစ်​ပြေး​ဒုက္ခသည်သည်​တွေကို ရန်ကုန်နဲ့​မန္တ​လေး​က လူမှု​ရေး​အဖွဲ့​တွေ သွား​ရောက် လှူဒါန်း​ကြရာမှာ ဒီ​နေ့​မှာ​တော့​ ဝိုင်း​မော်မြို့​ပေါ်က စစ်​ပြေး​ဒုက္ခသည်​တွေကို သွား​ရောက်ကူညီကြပါတယ်။

ရန်ကုန်အ​ ခြေစိုက် ကို​ကျော်သူရဲ့​ နာ​ရေး​ကူညီမှုအသင်း​၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​၊​ မန္တ​လေး​က ဘဝအလင်း​ပရဟိတ အသင်း​၊​ က​လေး​ချစ်သူများ​ကွန်ရက်တို့​ စုစည်း​ပြီး​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်​ဒေသ တဝိုက်က ဒုက္ခသည်​တွေကို သွား​ရောက်ကူညီ လှူဒါန်း​နေတာပါ။

ဒီအဖွဲ့​ တွေရဲ့​ လှူဒါန်း​မှု အ​ခြေအ​နေနဲ့​ ဝိုင်း​မော်မြို့​က ကချင်စစ်​ပြေး​ဒုက္ခသည် အ​ခြေအ​နေကို​တော့​ ကိုယ်တိုင်သွား​ ​ရောက်လှူဒါန်း​နေတဲ့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုမြတ်သူကို ​မေး​မြန်း​ထား​ပါတယ်။

“ဒီ​နေ့​တော့​ ဝိုင်း​မော်တဝိုက်ကို သွား​ပါတယ်။ ဒုက္ခသည်​တွေက​တော့​ ဘယ်လို​ခေါ်မလဲ။ WFP(World Food Programme) တို့​ ဝင်တာ​တော့​ ရှိတယ်။ ​တော်​တော်ကြီး​ကို ချို့​ချို့​တဲ့​တဲ့​တွေပါ။ နွမ်း​နွမ်း​ပါပါး​တွေပါ။ ခရစ်ယာန်​ကျောင်း​တွေက ​စောင့်​ရှောက်ထား​တယ်။ တချို့​ ​ကျေး​ရွာအုပ်ချုပ်​ရေး​မှူး​တွေ ​စောင့်​ရှောက်ထား​တဲ့​ ​နေရာ​တွေလည်း​ ရှိတယ်။ အများ​စုက​တော့​ ခရစ်ယာန်​ကျောင်း​တချို့​နဲ့​ ​တော်​တော် များ​များ​က​တော့​ သူတို့​က ​စောင့်​ရှောက်ထား​တာပါ။ ​နေစရာက​တော့​ ယာယီတဲ​တွေနဲ့​ အဲဒါမျိုး​တွေ မိုး​ကာပြီး​တော့​ပဲ ​နေကြတယ်။ အမျိုး​သား​တွေ​တော့​ နည်း​တယ်။ အမျိုး​သမီး​တွေနဲ့​ က​လေး​တွေ အများ​ဆုံး​ပဲ။ က​လေး​တွေက ​တော်​တော်များ​တယ်။”

အစား​အ​သောက်အတွက်ကျ​တော့​ သူတို့​ကို ဘယ်သူ​တွေက ကူညီ​ပေး​နေလဲ။

“​တော်​တော်များ​များ​တော့​ WFP က ဆန်၊​ ဆီ၊​ ဆား​တွေ​တော့​ပေး​တယ်။ ဟင်း​စား​တွေဘာ​တွေ​တော့​ ​တော်​တော်ချို့​တဲ့​ကြတယ်။”

ဆောင်း​တွင်း​လည်း​ ​ရောက်လာကြ​တော့​ ကျန်း​မာ​ရေး​ အ​ခြေအ​နေ​တွေ ဘယ်လိုရှိလဲ။

“ကျန်း​မာ​ရေး ​က​တော့​ ဒီမှာ မန္တ​လေး​က ဘဝအလင်း​က ဆရာဝန်တ​ယောက်ပါတယ်။ တ​နေရာတည်း​မှာတင် ထိုင်ပြီး​ကု​ပေး​တာ မပြီး​နိုင်ဘူး​။ မြစ်ကြီး​နား​က ဆရာဝန်​တွေလည်း​ ဝိုင်း​ကူညီတာရှိတယ်။ တချို့​နေရာ​တွေ​တော့​ ​ကျေး​ရွာ​တွေက ​ဆေး​ဝါး​ ကျွမ်း​ကျင် တဲ့​လူ​တွေ လာကု​ပေး​တာ​တွေ​တော့​ ရှိတယ်။ ဒါ​ပေမယ့်​ ​တော်​တော်များ​များ​က​တော့​ မရှိဘူး​။”

က​လေး​သူငယ်​တွေက ကျောင်း​တွေဘာ​တွေ​ တက်ရတဲ့​ အ​ခြေအ​နေ ဘယ်လိုရှိလဲ။

“စာသင်​ပေး​တဲ့​နေရာ​တွေ ဘာ​တွေ​တော့​ ရှိတယ်။ အသင်း​တော်က​တော့​ တတ်နိုင်သ​လောက်​တော့​ သူတို့​လုပ်​ပေး​နေတာပဲ။”

ဒီမှာ အခုတဦး​ကို ကျပ် ၃၅၀၀ စီလှူဒါန်း​သွား​တယ်​ပေါ့​။ သူတို့​တွေအတွက် ဒီထက်ဘာ​တွေ လိုအပ်​သေး​လဲ။ ကိုယ်တိုင်မြင်ခဲ့​ရသူ တ​ယောက်အ​နေနဲ့​။

“တချို့​နေရာ​ တွေမှာ ဒုက္ခသည်​တွေက အဆမတန်များ​တော့​ မလုံ​လောက်တဲ့​နေရာ​တွေ ရှိပါတယ်။ ဟင်း​ဖိုး​တွေ ​နောက် ​ဆေး​အခက်အခဲရှိတယ်။ ​ဆေး​တို့​၊​ ဟင်း​တို့​၊​ အဝတ်အစား​လည်း​ ​တော်​တော်လိုတယ်။”

အစ်ကိုတို့ ​မ​ရောက်​သေး​တဲ့​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်ဆိုတာ မြို့​ပေါ်မှာပဲ ရှိတယ်။ တကယ့်​စစ်ပွဲဖြစ်တဲ့​ ​နေရာ​တွေမှာ​ရော ဘယ်လို အခက်အခဲ​တွေ ရှိတယ်လို့​ ကြား​ရလဲ။

“ဗန်း​ မော်အနီး​အနား​မှာ တရုတ်ရဲ့​နယ်စပ်မှာ ဒုက္ခသည်စခန်း​တွေ ​တော်​တော်များ​များ​ရှိတယ်လို့​ ကြား​တယ်။ အဲဒီမှာ​တော့​ ပို​တောင်များ​တယ်လို့​ကြား​တယ်။ သွား​မယ့်​လူရှိတယ်လို့​ ကြား​တယ်။ ဒီမှာ​တွေ့​ရတဲ့​ ဒုက္ခစခန်း​တွေထက်ကို အများ​ကြီး​ပိုဆိုး​တယ်လို့​ ကြား​တယ်။ ​တော်​တော် ချို့​ချို့​တဲ့​တဲ့​ကို ​နေထိုင်စား​သောက်ရတဲ့​ သ​ဘောဖြစ်​နေတယ်။”

အဲဒီဘက်​တွေမှာ​ရော တိုက်ပွဲ​တွေ အ​ခြေအ​နေက ရပ်နိုင်တဲ့​ အ​ခြေအ​နေရှိလား​။ ဆက်ဖြစ်​နေတုန်း​ပဲလား​။ ဘယ်လိုအ​နေအထား​တွေ့​လဲ။

“ဝိုင်း​မော်နား​မှာ တိုက်ပွဲဖြစ်​နေတယ်လို့​ ပြန်လာတဲ့​သူ​တွေဆီက ကြား​လိုက်​သေး​တယ်။ အဲဒီနား​မှာကို ဖြစ်​နေတာ။”

တခြား​ ဘာများ​ပြောချင်တာ ရှိဦး​မလဲ။

“အရင်တုန်း​က ဒီ​နေရာမှာ ဖြစ်ပျက်​နေတာ​တွေကို သိပ်မသိကြဘူး​။ အရင်တုန်း​က ကျ​နော်တို့​ ကိုယ်တိုင်​ရောက်ပြီး​တော့​မှ ဒီလူ​တွေကို​တွေ့​ရမယ်ဆိုရင် အများ​ကြီး​ကို ကူညီကြမယ်လို့​ ထင်ပါတယ်။ အား​လုံး​ကို ဗမာပြည်တဝှမ်း​လုံး​မှာရှိတဲ့​ လူ​တွေအား​လုံး​ကို ကိုယ့်​တိုင်း​ရင်း​သား​တွေဖြစ်တဲ့​ ကချင်လူမျိုး​တွေအ​ပေါ်မှာ စာနာတဲ့​ အ​နေနဲ့​ ကူညီကြဖို့​ကို အများ​ကြီး​ နှိုး​ဆော်ချင်ပါတယ်။”

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့