Tuesday, December 6, 2011

ကချင်စစ်​ဘေး​ဒုက္ခသည်ထံ လူမှု​ရေး​အဖွဲ့​များ​ သွား​ရောက်ကူညီ

December 5, 2011
နော်နိုရင်း

ကချင်ပြည်နယ်က စစ်​ပြေး​ဒုက္ခသည်​တွေကို ရန်ကုန်နဲ့​မန္တ​လေး​က လူမှု​ရေး​ အဖွဲ့​တွေ သွား​ရောက်လှူဒါန်း​ကြပါတယ်။

ရန်ကုန်အ​ ခြေစိုက် ကို​ကျော်သူရဲ့​ နာ​ရေး​ကူညီမှုအသင်း​၊​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့၊​ မန္တ​လေး​က ဘဝအလင်း​ ပရဟိတ အသင်း​၊​ က​လေး​ချစ်သူများ​ ကွန်ရက်တို့​စုစည်း​ပြီး​ မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်မြို့​ပေါ်က ဒုက္ခသည်​တွေကို သွား​ရောက်ကူညီလှူဒါန်း​တာ ဖြစ်ပါတယ်။

ခရီး​စဉ်ကို သုံး​ရက်သတ်မှတ်ထား​ပြီး​ ဒီ​နေ့​မှာ​တော့​ မြစ်ကြီး​နား​မြို့​ပေါ်က စစ်​ပြေး​ဒုက္ခသည်​တွေကို ကူညီ​နေတယ်လို့​ ၈၈ မျိုး​ဆက်​ကျောင်း​သား​များ​အဖွဲ့​က ကိုမြတ်သူက ​ပြောပါတယ်။


“ဒီခရီး​စဉ်က မြစ်ကြီး​နား​နဲ့​ ဝိုင်း​မော်တဝိုက်မှာရှိတဲ့​ ဒုက္ခသည်စခန်း​ ​တွေကို လာ​ရောက်ကူညီတဲ့​ ခရီး​စဉ်ဖြစ်ပါတယ်။ ဒီ​နေ့​က​တော့​ မြစ်ကြီး​နား​မှာပဲ လိုက်လှူ​နေတယ်။ နာ​ရေး​ကူညီမှုအသင်း​ကလည်း​ သူတို့​အစီအစဉ်နဲ့​သူတို့​ လှူတယ်။ ၈၈ ကလည်း​ ကိုယ့်​အစီအစဉ်နဲ့​ကိုယ်​ပေါ့​။ သွား​တာ​တော့​ အတူသွား​ကြတယ်။ ပိုက်ဆံပဲအဆင်​ပြေ​တော့​ ပိုက်ဆံပဲလှူကြတယ်။ ရန်ကုန်ကသွား​တာ ပစ္စည်း​သယ်တာနဲ့​ အဲ​လောက်အဆင်မ​ပြေဘူး​။ ကျ​နော်တို့​က ခွဲပြီး​တော့​လှူကြတယ်။ ပစ္စည်း​တွေ မတိုက်​အောင်လို့​၊​ ဒုက္ခသည်တ​ယောက်ကို ကျပ် ၃၅၀၀ နှုန်း​နဲ့​ စခန်း​တခုမှာရှိတဲ့​ အ​ရေအတွက်နဲ့​ ​မြှောက်ပြီး​တော့​ လှူသွား​တာ​ပေါ့​။ အား​လုံး​လည်း​ တန်း​တူညီ တူ ရကြပါတယ်။”

မြစ်ကြီး​နား​ နဲ့​ ဝိုင်း​မော်မြို့​မှာတင် စစ်​ပြေး​ဒုက္ခသည်​ပေါင်း​ ရ​ထောင်​ကျော် ရှိ​နေပြီး​ သူတို့​က ၃ ရက်အတွင်း​ ကူညီဖို့​ စီစဉ်ထား​တယ်လို့​ ​ပြောပါတယ်။

တိုက်ပွဲ​တွေ​ ကြောင့်​ ပြီး​ခဲ့​သုံး​လ​လောက်ကတည်း​က ဒီမြစ်ကြီး​နား​မြို့​ပေါ် ​ရောက်​နေကြသူ​တွေရှိသလို တချို့​ကလည်း​ ပြီး​ရက်တဲ့​ ရက်ပိုင်း​တွေကမှ ​ရောက်လာတဲ့​ သူ​တွေလည်း​ရှိတယ်လို့​ ဆိုပါတယ်။

ထွက်​ပြေး​ တိမ်း​ရှောင်လာတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို မြစ်ကြီး​နား​မြို့​ပေါ်က ခရစ်ယာန်ဘုရား​ကျောင်း​တွေမှာ လက်ခံထား​ပြီး​ အစား​သောက်အတွက် အသင်း​သူအသင်း​သား​နဲ့​ အန်ဂျီအိုတချို့​က ကူညီတာရှိတယ်လို့​ ဒုက္ခသည်၅ဝဝနီး​ပါး​ကို လက်ခံထား​တဲ့​ စတာပွန် နှစ်ခြင်း​ဘုရား​ကျောင်း​က ဆရာ​ဇော်​ဖောင်က ​ပြောပါတယ်။

တိုက်ပွဲ​တွေ​ ကြောင့်​ မြစ်ကြီး​နား​မြို့​ပေါ် သုံး​လ​လောက် တိမ်း​ရှောင်လာတဲ့​ အမျိုး​သမီး​က​တော့​ သူကြုံ​တွေရတဲ့​ အခက်အခဲနဲ့​ ပတ်သက် ပြီး​ အခုလို ​ပြောပါတယ်။

“ကျမတို့​ မြို့​ပေါ်မှာ အိမ်မရှိဘူး​။ အစား​အ​သောက် အခက်အခဲ ရှိတယ်။ ​နေတဲ့​နေရာ​တွေ အခက်အခဲရှိတယ်။ ဒီမှာလာလိုက်​တော့​ က​လေး​တ​ယောက် မုန့်​ဖိုး​သုံး​တယ်။ မုန့်​ဖိုး​ကလည်း​ မရှိဘူး​။ ဘာအလုပ်အကိုင်မှ မရှိ​တော့​ဘူး​။ ကျမ ခံစား​မိတာက​တော့​ ဘယ်​နေရာမှာပဲ​နေ​နေ ဒီလိုမျိုး​ ဖြစ်ဖြစ်​နေတာက​တော့​ ​ကောင်း​တယ်လို့​တော့​မဟုတ်ဘူး​။ တရား​ကျတဲ့​ အစိုး​ရကို လိုလား​တယ်။ ပြီး​တော့​ ပြည်သူပြည်သား​တွေ ခိုင်မာတဲ့​ ​ကောင်း​မွန်တဲ့​ အလုပ်အကိုင်​တွေရမယ်ဆိုရင် ​ကောင်း​မွန်မယ်။”

မြန်မာအစိုး​ ရနဲ့​ ၁ရနှစ်ကြာ အပစ်ခတ်ရပ်စဲ​ရေး​ယူခဲ့​တဲ့​ ကချင်လွတ်လပ်​ရေး​ တပ်မ​တော်ကို ပြီး​ခဲ့​တဲ့​ ၂၀၁၀ ကစပြီး​ နယ်ခြား​စောင့်​တပ် အသွင်​ပြောင်း​ခိုင်း​ရာက​နေ လက်မခံခဲ့​အတွက် အခုနှစ် ဇွန်လဆန်း​ပိုင်း​ကစပြီး​ အစိုး​ရတပ်က ကချင်တပ်ဖွဲ့​တွေကို စတင်ထိုး​စစ်ဆင် တိုက်ခိုက်ခဲ့​ပါတယ်။

ကချင်ပြည်နယ်တွင်း ​ တိုက်ပွဲ​ကြောင့်​ ​ဒေသခံ ၅​သောင်း​ခန့်​ ထွက်​ပြေး​တိမ်း​ရှောင် ​နေကြရပြီး​ သူတို့​ရဲ့​ ရွာ​တွေအိမ်​တွေ မီး​ရှို့​ဖျက်ဆီး​ခံ​နေရသလို အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာ၊​ ကချင်ပြည်သူ​တွေကို ဖမ်း​ဆီး​ချုပ်​နှောင် သတ်ဖြတ်မှု​တွေ စတဲ့​ လူ့​အခွင့်​ရေး​ချိုး​ဖောက်မှု​တွေ ဖြစ်​ပေါ်​နေတယ်လို့​ ကချင်လူမှုအဖွဲ့​တွေက ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့