Wednesday, December 7, 2011

ဒေါ်​အောင်ဆန်း​စုကြည် အဆုံး​အဖြတ်ကို ခံယူရန် အသင့်​ဟု ​ဒေါက်တာသန်း​ငြိမ်း​ပြော

December 6, 2011
နေသွင်

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ခွဲထွက်ပြီး​ ၂၀၁၀ ​ရွေး​ကောက်ပွဲဝင်ခဲ့​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီ အင်အား​စုပါတီ (အန်ဒီအက်ဖ်) ဥက္ကဋ္ဌ ​ဒေါက်တာသန်း​ငြိမ်း​က သူ့​ပါတီအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ အဆုံး​အဖြတ်ကို ခံယူဖို့​ အသင့်​ရှိတယ်လို့​ ​ပြောပါတယ်။

ကျ​နော်တို့​ဘက်က​တော့​ အား​လုံး​က ​ဆွေး​နွေး​မယ်ဆိုလို့​ရှိရင် ဘယ်လိုပုံစံမျိုး​နဲ့​ပဲ ဖြစ်​စေချင်တယ်ဆိုတာမျိုး​ကို ကျ​နော်တို့​ဘက်က​တော့​ ​တောင်း​ဆိုမှာ မဟုတ်ပါဘူး​။ အန်အယ်လ်ဒီအ​နေနဲ့​ အထူး​သဖြင့်​ ​ဒေါ်​အောင်ဆန်း​စုကြည် အ​နေနဲ့​က​တော့​ သူလည်း​ ​ခေါင်း​ဆောင်တ​ယောက်၊​ ကျ​နော်တို့​ရဲ့​ ​ခေါင်း​ဆောင်ပဲ၊​ သူက​တော့​ ဘယ်လိုဖြစ်သင့်​တယ်။ ဘယ်လိုသွား​ချင်တယ် ဆိုတာမျိုး​ကို သူ့​ဘက် က ​ပြောလာရင် အတတ်နိုင်ဆုံး​ ​ပြေလည်​အောင်လုပ်ဖို့​ အဆင်သင့်​ပါပဲ။ ကျ​နော်တို့​က​တော့​ လက်ကမ်း​ကြိုဆိုတယ်ဆိုတဲ့​ သ​ဘော​ပေါ့​။ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​ကို၊​ ကျ​နော်တို့​သ​ဘောနဲ့​ ​စောင့်​နေတာ​ပေါ့​။ သူတို့​ဘက်က​နေပြီး​တော့​ ​ဆွေး​နွေး​ချင်တယ်။ ​တွေ့​ချင်တယ် ဆိုရင် ကျ​နော်တို့​က​တော့​ အချိန်မ​ရွေး​ အဆင်သင့်​ပဲ​လေ။”


လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ အန်အယ်လ်ဒီနှင့်​ အန်ဒီအက်ဖ်ပါတီတို့​ ထိပ်တိုက်​တွေ့​တာမျိုး​ဖြစ်မှာကို စိုး​ရိမ်တယ်လို့​ ​ဒေါက်တာ သန်း​ငြိမ်း​က ဆိုပါတယ်၊​၊

“ကျ​နော်တို့​ က အဲဒါကိုပဲ နည်း​နည်း​တော့​ စိုး​ရိမ်တာ​ပေါ့​။ သို့​သော်လည်း​ပဲ ကျ​နော်တို့​က အစထဲကိုက ဒီမိုက​ရေစီ အင်အား​စု​တွေ အ​နေနဲ့​ ညီညီညွတ်ညွတ်နဲ့​ဝင်ဖို့​။ မဲမကွဲဖို့​၊​ ​ရေရှည်လည်း​ပဲ စည်း​လုံး​ညီညွတ်မှု ရဖို့​ဆိုပြီး​တော့​ ဒီအ​ခြေခံ​တွေနဲ့​ ကျ​နော်တို့​က လုပ်ထား​တာ။ အဲ​တော့​ ဒီအ​ပေါ်မှာ ရှိ​နေတဲ့​အ​နေအထား​မှာ အန်အယ်လ်ဒီအ​နေနဲ့​ ဘယ်လိုစဉ်း​စား​မလဲ။ ကျ​နော်တို့​ ဒီ ၁၀ ပါတီ အ​နေနဲ့​ လက်ရှိ​ဆောင်ရွက်ထား​တဲ့​ ကိစ္စ​ပေါ်မှာ သူတို့​ဘယ်လို စဉ်း​စား​ပြီး​ ဘယ်လို သုံး​သပ်​ဆောင်ရွက်သွား​မလဲဆိုတာ​တော့​ သူတို့​အ​ပေါ်မှာပဲ မူတည်လိမ့်​မယ်။”

အမျိုး​သား​ ဒီမိုက​ရေစီအင်အား​စုပါဝင်တဲ့​ ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီဟာ အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲဝင်ဖို့​ ဆုံး​ဖြတ်လိုက်တဲ့​နောက်မှာ ဆုံး​ဖြတ်ချက်ကို ကြိုဆို​ကြောင်း​နဲ့​ မဲဆန္ဒနယ်ကိစ္စ ​ဆွေး​နွေး​ဖို့​ ဆန္ဒရှိတဲ့​အ​ကြောင်း​ သ​ဘောထား​ ထုတ်ပြန်ခဲ့​ပါတယ်။

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ပြောခွင့်​ရသူ ဦး​ဉာဏ်ဝင်း​က​တော့​ အန်အယ်လ်ဒီအ​နေနဲ့​ ဒီကိစ္စ​တွေကို စဉ်း​စား​ဖို့​ အချိန်မတန်​သေး​ဘူး​လို့​ ​ပြောပါတယ်။

“အဲဒီအဆင့်​ တော့​ ကျ​နော်တို့​မှာ မဆုံး​ဖြတ်ရ​သေး​ဘူး​။ မညှိနှိုင်း​ရ​သေး​ဘူး​။ ဘာ​ကြောင့်​လဲဆို​တော့​ ကျ​နော်တို့​ကလည်း​ ​ကော်မ ရှင် ရဲ့​ ​ကြေညာချက်ကို​စောင့်​နေတာ​ပေါ့​။ ​ရွေး​ကောက်ပွဲဆိုရင်လည်း​ ဘယ်​တော့​ကျင်း​ပမယ်။ ​နေရာ​တွေက ဘယ်​နေရာပါ​ပေါ့​။ အခု​တော့​ စာရင်း​တွေ​တော့​ ထွက်​နေတာ​ပေါ့​။ ဒါက တရား​ဝင်စာရင်း​တော့​ မဟုတ်​သေး​ဘူး​။ အဲဒါ​ကြောင့်​ ကျ​နော်တို့​ ​စောင့်​နေတာ။”

အန်ဒီအက်ဖ်ပါတီနဲ့ ​ အန်အယ်လ်ဒီ ပြန်လည် ​ပေါင်း​စည်း​နိုင်​ရေး​ အစီအစဉ်ရှိ မရှိ ​မေး​မြန်း​ရာမှာ အန်အယ်လ်ဒီအ​နေနဲ့​ ဘယ် ပါတီနဲ့​မှမဆို ပါတီချင်း​ပူး​ပေါင်း​ဖို့​ အစီအစဉ်မရှိဘဲ၊​ ပါတီဝင် တဦး​ချင်း​ကိုပဲ ပါတီစည်း​မျဉ်း​အတိုင်း​ လက်ခံသွား​ဖို့​ အစီအစဉ် ရှိတယ်လို့​ ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

“ကျ​နော်တို့​ ပါတီဝင်အသစ် ​လျှောက်ထား​ခြင်း​နဲ့​ ပတ်သက်ပြီး​တော့​ ပုံစံ​တွေကို လုပ်​နေပါတယ်။ ပြင်ဆင်​နေတယ်။ အဲဒါက ပါတီ မှတ်ပုံတင်ပြီး​မှ ကျ​နော်တို့​ ဖြန့်​ဝေမှာပါ။ ဒါကတခု​ပေါ့​။ အဲ​တော့​ အခုနက ပါတီချင်း​ပေါင်း​မလား​ဆို​တော့​ အန်ဒီအက်ဖ် တင်မ ဟုတ်ဘူး​။ ပါတီချင်း​တော့​ ဘယ်သူနဲ့​မှမ​ပေါင်း​ဘူး​။ ဘယ်ပါတီနဲ့​မှ မ​ပေါင်း​ဘူး​။ ပူး​ပေါင်း​ပြီး​လုပ်ချင်လုပ်မယ်။ ပါတီချင်း​တော့​ မ​ပေါင်း​ဘူး​။ အဖွဲ့​ဝင် လက်ခံတာ​တော့​ တဦး​ချင်း​ စည်း​ကမ်း​နဲ့​ ညီရင် လက်ခံမယ်။”

လော​လောဆယ် လွှတ်​တော်သုံး​ရပ်မှာ လစ်လပ်​နေတဲ့​ ၄၈ ​နေရာအတွက် ကြား​ဖြတ် ​ရွေး​ကောက်ပွဲ​တွေကို ဘယ်​တော့​ကျင်း​ပမယ် ဆိုတာ အစိုး​ရက မ​ကြေညာ​သေး​ပါဘူး​။

ဒါ​ပေမယ့်​ အန်အယ်လ်ဒီအ​နေနဲ့​ လစ်လပ်​နေရာအား​လုံး​မှာ ဝင်​ရောက်ယှဉ်ပြိုင်ဖွယ် ရှိတယ်လို့​ ​ပြောဆိုထား​သလို၊​ အန်ဒီအက်ဖ် ပါတီ ပါဝင်တဲ့​ ဒီမိုက​ရေစီ မဟာမိတ်ပါတီ​တွေကလည်း​ မဲဆန္ဒနယ် အား​လုံး​မှာ ဖြန့်​ပြီး​ ယှဉ်ပြိုင်သွား​ဖို့​ ညှိနှိုင်း​ထား​တယ်လို့​ ​ဒေါက်တာသန်း​ငြိမ်း​က ​ပြောပါတယ်။

ဒါ​ပေမယ့်​ တနင်္ဂ​နွေ​နေ့​က အန်ဒီအက်ဖ် ပါဝင်တဲ့​ ဒီမိုက​ရေစီ မဟာမိတ် ၁၀ ပါတီနဲ့​ ကြံ့​ခိုင်​ရေး​ပါတီ ​တွေ့​ဆုံမှုက​တော့​ မိတ်ဆက် သ​ဘောဖြစ်ပြီး​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲနဲ့​ မဲဆန္ဒနယ်ကိစ္စ ​ဆွေး​နွေး​တာ မရှိခဲ့​တဲ့​အ​ကြောင်း​ ​ဒေါက်တာ သန်း​ငြိမ်း​က ဆိုပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့