Wednesday, December 7, 2011

ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် ဥပဒေအတိုင်း မကျင့်သေး

2011-12-06

အလုပ်သမား ဥပဒေ ပြဋ္ဌာန်းခဲ့ပေမယ့် တောင်သူလယ်သမား သမဂ္ဂ၊ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းဖို့ လျှောက်ထားတဲ့ အခါ မှာတော့ အကြောင်းအမျိုးမျိုး ပြပြီး လက်မခံခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံ Kyoto မြို့မှာ ကျင်းပနေတဲ့ ILO အာရှ နဲ့ ပစိဖိတ် အစည်းအဝေးမှာ တင်ပြ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၄ ရက်က ၇ ရက်အထိ ကျင်းပနေတဲ့ အဲဒီအစည်းအဝေးမှာ FTUB မြန်မာနိင်ငံ အလုပ်သမားအဖွဲ့ချုပ် နာယက ဒေါက် တာ မင်းညိုနဲ့ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်တို့ တက်ရောက်နေကြပါတယ်။

ဥပဒေတစ်ရပ်ကို အစိုးရက အတည်ပြုပြဋ္ဌာန်းပြီး ဖြစ်ပေမယ့် ဥပဒေအတိုင်း မလုပ်ရင် အုပ်ချုပ်သူတွေမှာ တာဝန်ရှိကြောင်း၊ အပြစ် ရှိကြောင်း ဒေါက်တာ မင်းညိုက ပြောပါတယ်။

အခုလို သမဂ္ဂတွေ ဖွဲ့စည်းခွင့် မရသေးဘူးဆိုရင် လာမယ့် မတ်လ Geneva မှာကျင်းပမယ့် ILO အဖွဲ့ချုပ် ညီလာခံကနေ မြန်မာ ပြည်ကို သွားရောက် စစ်ဆေးဖို့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စေလွှတ်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေါက်တာ မင်းညိုက ဆိုပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့