Tuesday, December 6, 2011

အာရှအနွယ်ဖွား ကျောင်းသားများကို ခွဲခြားဆက်ဆံလာသော အမေရိကန်တက္ကသိုလ်များ

05 December 2011
စောပြည့်ညို

Lanya Olmstead သည် ဖခင်အမေရိကန်နှင့် အမေ တိုင်ပေသူ တို့မှ အမေရိကန် ဖလော်ရီဒါ ပြည်နယ်တွင် မွေဖွားခဲ့သူဖြစ် သည်။ သို့ရာတွင် သူမသည် ဟားဗတ် တက္ကသိုလ်တွင် ကျောင်းဝင်ခွင့် လျှောက်ထားစဉ်က လူမျိုးအမည် နေရာတွေင် လူဖြူ အဖြစ်စာရင်း ပေးခဲ့သည်။

"ကျမ အမေက ပြောထားတယ်၊ ကျောင်းဝင်ခွင့်တွေမှာ လူမျိုးရေးခွဲခြားမှုရှိတယ်၊ အဲဒါကြောင့် ကျမ အာရှသားလို့မရေးတာ" ဟု ပြောဆိုခဲ့သည်။ နှစ်အတော်ကြာကတည်း အာရှနွယ်ဖွား အမေရိကန် နိုင်ငံသားများသည် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် အခက် အခဲများရှိခဲ့သည်။


အမေရိကန်နိုင်ငံရှိ ကောလိပ်များတွင် လူဦးရေ အချိုးအစားနှင့်ကြည့်ပါက အာရှနွယ်ဖွား ကျောင်းသားဦးရေမှာ နည်းနေသေး ကြောင်းတွေ့ရသည်။ အမေရိကန်ပြည်ထောင်စုတွင် အာရှနွယ်ဖွား ဦးရေမှာ ၆ ရာခိုင်နှုန်းထိရှိသည်။ ကျောင်းဝင်ခွင့် လျှောက်ထား ရာတွင် အာရှနွယ်ဖွားများ၏ ရမှတ်သည် အခြားသော လူမျိုးများထက် သာလွန်နေကြောင်း တွေ့ရသည်။ ကျောင်းသားများ၏ လူမျိုး ကို ဖော်ပြရာတွင် အာရှနွယ်ဖွားဟု ဖော်ပြမထားသော ကျောင်းသား ဦးရေလည်း များပြားလာခဲ့သည်။

Olmstead သည် ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်နေသော ကျောင်းသားသစ်တဦးဖြစ်သည်။ သူမသည် အာရှလူမျိုး နွယ်ဝင် အစည်းအရုံးတွင် အဖွဲ့ဝင်တဦးဖြစ်ပြီး အထက်တန်းအောင်မှတ်မှာ ၄.၀ နှင့် SAT ရမှတ်ပေါင်း ၂၄၀၀ တွင် ၂၀၁၅ မှတ်ရရှိခဲ့သည်။

သို့ရာတွင် သူမ၏ မျိုးရိုးအား တောင်းခံလာရာ (Multiethnics) မျိုးနွယ်စုပေါင်းစုံဟု တင်သွင်းခဲ့ကြောင်း ပြောဆိုခဲ့သည်။ သူမ၏ အတွေ့အကြုံကို အခြေခံကာ အခြားအာရှအနွယ်ဝင် ကျောင်းသားများအား လူမျိုးအမည်ကို ဖြည့်စွက်ရာတွင် အာရှနွယ် ဖွားဟု မထည့်ရန် အကြံပေးခဲ့ကြောင်း သိရသည်။

မိခင်ကိုးရီးယားနှင့် ဖခင်အမေရိကန် မှမွေးဖွားလာသူ Jodi Balfe သည်လည်း ဟားဗတ်တက္ကသိုလ်ကို တက်ရောက်ခွင့် ရခဲ့ပေမဲ့၊ မိမိ၏ အာရှအနွယ်ဖွားကို လျို့ဝှက် လျှောက်ထားခဲ့ရသည့်အတွက် စိတ်မကောင်း ဖြစ်မိကြောင်း၊ မိမိ၏ မျိုးနွယ်ကို ရောင်းဝယ်သလို ခံစားရကြောင်း ပြောဆိုခဲ့သည်။

၁၉၆၅ ခုနှစဟ် မတိုင်မှီက အာရှတိုက်သားများအနေဖြင့် အမေရိကန်ပြည်ထောင်စု ကောလိပ်များ တွင် ကျောင်းဝင်ခွင့်ရရှိရန် ခက်ခဲသည်။

၁၉၉၇ ခုနှစ်က ပရင်စတန်တက္ကသိုလ်မှ ပြုလုပ်သော စစ်တမ်းတခုတွင် အာရှနွယ်ဖွားများ၏ ရမှတ်မှာ အမေရိကန်လူဖြူများ အပါ အ၀င် အခြားသော မျိုးနွယ်စုဝင်များထက် သာလွန်ကြောင်းတွေ့ရသည်။ အာရှနွယ်ဖွား ကျောင်သားတဦး၏ ကျောင်းဝင်ခွင့် အ တွက် SAT ပျဉ်းမျှ ရမှတ်မှာ ၁၅၅၀၊ အမေရိကန် လူဖြူများအတွက် ရမှတ်မှာ ၁၄၁၀ နှင့်လူမဲများ အတွက် ၁၁၀၀ သာရှိ သည်။

လူမျိုးရေးအရ ခွဲခြားမှုမရှိသည့် ကျောင်းများတွင် အာရှအနွယ်ဝင် ကျောင်းသားများ များပြားကြောင်း တွေ့ရသည်။ နာမည်ကျော် ဘာကလေတက္ကသိုလ်တွင် အာရှနွယ်ဖွား ကျောင်းသားဦးရေ ၄၀ ရာခိုင်နှုန်း ကျော်ရှိသည်။

အော်ရီဂွန် တက္ကသိုလ်မှ ရူပဗေဒ ပါမောက္ခ Steven Hsu သည် ကျောင်းဝင်ခွင့်လျှောက်ထားရာတွင် လူမျိုးရေး ခွဲခြားမှုရှိ နေသည်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတဦးဖြစ်သည်။ ယေးလ်၊ ဟားဗတ်၊ ပရင်စတန် နှင့် ပင်ဆေဗေးနီးယား တက္ကသိုလ် အာဏာပိုင်များအား ကျောင်းဝင်ခွင့်လျှောက်ထား ရာတွင် လူမျိုးရေး ခွဲခြားမှုရှိကြောင်း သတင်းနှင့် ပတ်သတ်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

Ref: မောက္ခ

0 comments:

အပေါ်သို့