Friday, December 9, 2011

ထိုင်းဘုရင်စံနစ်စော်ကားမှု အမေရိကန်တဦး ထောင်ဒဏ်လ ၃၀ ကျ

08 ဒီဇင်ဘာ 2011

ထိုင်းနိုင်ငံခုံရုံးတခုက ထိုင်းဘုရင်စံနစ်ကို စော်ကားတဲ့ပြစ်မှုနဲ့ အမေရိကန်နိုင်ငံသား ထိုင်းနွယ်ဖွား တဦးကို လပေါင်း ၃၀ ထောင် ဒဏ် အပြစ်ပေးလိုက်ပါတယ်။ အသက် ၅၅ နှစ်ရှိ ထိုင်းနိုင်ငံမှာ မွေးပြီး အမေရိကန်နိုင်ငံသားဖြစ်လာသူ Joe Gorden ဟာ ထိုင်းဘုရင့်မိသားစုကို သိက္ခာကျစေမယ့် စာအုပ်တခုကို သူရဲ့ အင်တာနက်ဘလော့ပေါ်မှာ တင်ခဲ့တဲ့အပေါ် အခုလို အပြစ်ပေးလိုက် တာပါ။

မစ္စတာ Gorden က နိုင်ငံအတွင်းမှာ ပိတ်ပင်ထားတဲ့ ထိုင်းဘုရင် (Bhumibol Adulyadej) ရဲ့ ကိုယ်ရေးရာဇ၀င်စာအုပ်ကို အင်္ဂလိပ်လိုစာအုပ်ကို ထိုင်းလိုဘာသာပြန်ပြီး အမေရိကန်မှာရှိနေစဉ် အခုလို သူရဲ့ ဘလော့မှာ တင်ထားခဲ့တာဖြစ်ပါတယ်။

အမေရိကန်အနောက်အလယ်ပိုင်းက ကော်လိုရာဒို ပြည်နယ်မှာ နေခဲ့တဲ့ Gorden ဟာ ထိုင်းနိုင်ငံကို မေလမှာ သွားလည်စဉ် အခုလို အဖမ်းခံခဲ့ရတာပါ၊ အစပိုင်းတုန်းကတော့ ဘန်ကောက်မြို့က ပြစ်မှုဆိုင်ရာခုံရုံးတခုက သူကို ( ၅) နှစ်ထောင်ဒဏ် အပြစ် ချမှတ်ခဲ့ပေမယ့် အောက်တိုဘာလမှာ သူက အပြစ်ရှိကြောင်း ၀န်ခံခဲ့တဲ့အတွက် ဒီပြစ်မှုကို လျော့ပေးလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် ကောင်စစ်ဝန်ချုပ် Elizabeth Pratt ကတော့ဒီပြစ်မှုအပြစ်ပေးတာ ကြီးမားလွန်းတယ်လို့ ဆိုပါတယ်၊

Ref: ဗွီအိုအေ

0 comments:

အပေါ်သို့