Sunday, March 11, 2012

ဒေါ်​အောင်ဆန်း​စုကြည် မိန့်​ခွန့်​တချို့​ ကော်မရှင်​က​ ​ဖြတ်​တောက်

March 11, 2012
နော်နိုရင်း

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​တချို့​ကို ​ရွေးကောက်ပွဲ​ကော်မရှင်က ဖြတ်​တောက်ခဲ့​ပါတယ်။

လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲ မဲဆွယ်စည်း​ရုံး​ခွင့်​အ​နေနဲ့​ နိုင်ငံပိုင် အသံလွှင့်​ဌာန​တွေက​နေ တပါတီချင်း​အလိုက် မိန့်​ခွန်း​တို​ပြောကြား​ခွင့်​ ပြုထား​ရာမှာ မကြာ​သေး​ခင်က ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​ထဲက တချို့​အ​ကြောင်း​အရာ​တွေကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်က ဖြတ်​တောက်လိုက်ပါတယ်။

မိန့်​ခွန်း​ ပြောကြား​မယ့်​ရက် မတိုင်ခင် ​ရွေး​ကောက်ပွဲ ​ကော်မရှင်ထံ ကြိုတင်တင်သွင်း​ရတဲ့​ မူကြမ်း​ကနေ အခုလို ဖြတ်​တောက်ခံခဲ့​ရတာပါ။

လာမယ့်​ ၁၂ ရက်​နေ့​ ​နေပြည်​တော် တပ်ကုန်း​မှာ ကြိုပြီး​ရိုက်ကူး​မယ့်​ ၁၅ မိနစ်စာ မဲဆွယ်စည်း​ရုံး​ရေး​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​ထဲက မြန်မာ့​နိုင်ငံ​ရေး​သမိုင်း​ကြောင်း​နဲ့​ ပတ်သက်တဲ့​အချက် ဖြတ်​တောက်ခံရတာလို့​ အဖွဲ့​ချုပ်ရဲ့​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ အဖွဲ့​ခေါင်း​ဆောင် ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

“စာမျက်နှာတမျက်နှာရဲ့ ​ ​လေး​ပုံတပုံ အပိုဒ်က​လေး​ တပိုဒ်ပါ။ ဗမာ့​နိုင်ငံ​ရေး​ သမိုင်း​ကြောင်း​လေး​ပါ။ ပြန်ပြီအစား​ထိုး​ဖို့​လည်း​ တင်ပြီး​ပါပြီ ​ကော်မရှင်ကလည်း​ အတည်ပြုပြီး​ပါပြီ။”

လာမယ့်​ ဧပြီလ ၁ ရက်​နေ့​မှာ ကျင်း​ပမယ့်​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဉ်ပြိုင်ကြမယ့်​ နိုင်ငံ​ရေး​ပါတီ​တွေရဲ့​ ​ခေါင်း​ဆောင်​တွေကို နိုင်ငံပိုင် ​ရေဒီယို၊​ ရုပ်မြင်သံကြား​တွေက​နေ မဲဆွယ်စည်း​ရုံး​ရေး​ မိန့်​ခွန်း​ပြောကြား​ခွင့်​ ရရှိထား​တာဖြစ်ပါတယ်။

ဒေါ်​ အောင်ဆန်း​စုကြည် ​ပြောကြား​မယ့်​ မိန့်​ခွန်း​ပါ အ​ကြောင်း​အရာတချို့​ အဖြတ်ခံရသလို ဒိမိုကရက်တစ်ပါတီ(မြန်မာ)အဖွဲ့​က ဦး​သု​ဝေရဲ့​ ရုပ်သံနဲ့​ ​ရေဒီယို​တွေမှာ ​ပြောကြား​ဖို့​ ​ရေး​သား​ထား​တဲ့​ (ကျန်း​မာ​ရေး​နဲ့​ ပညာ​ရေး​စံနစ်​တွေကို အိမ်နီး​ချင်း​ ထိုင်း​နိုင်ငံနဲ့​ ယှဉ်ပြီး​ သုံး​သပ်ထား​တွေတဲ့​) မူကြမ်း​ထဲက ပါတီမူဝါဒဆိုင်ရာ ​ဆောင်း​ပါး​နှစ်ခုစလုံး​ကို ပြည်​ထောင်စု​ရွေး​ကောက်ပွဲ ​ကော်မရှင်က ပယ်ချခဲ့​ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့