Thursday, March 15, 2012

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် မဲပေးခွင့် ရှိသူများစာရင်းမှ လူဦးရေ သုံးထောင်ကျော် အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ကန့်ကွက်စာတင်သွင်း

14 March 2012

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မဲဆန္ဒနယ် မဲပေးခွင့်ရှိသူများ စာရင်းမှ အဆောင်နေ ဘောလုံးသမားများနှင့် အထည်ချုပ် အလုပ် သမားများ တစ်ထောင်ကျော် အပါအ၀င် လူဦးရေ သုံးထောင်ကျော်အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ကော်မရှင်သို့ ကန့်ကွက်စာ တင်သွင်းခဲ့ကြောင်း သိရသည်။

စာရင်းထဲမှာ မှတ်ပုံတင် မပါတဲ့သူတွေ၊ သေဆုံးပြီးသားသူတွေ မဲစာရင်းမှာ ပါနေတာတွေ၊ အသက်မပြည့်သေးတဲ့သူတွေ၊ သာသနာ့ ဘောင် ၀င်သွားပြီး သားသူတွေပါ။ ကျန်တာတွေကိုလည်း ကျွန်တော်တို့ ဆက်လက်စိစစ်ပြီး ရွေးကောက်ပွဲ ဥပဒေတွေနဲ့ မညီဘူးထင်ရင် ကော်မရှင် ကို အကြောင်းကြားသွားမှာပါ . . .

“ကျွန်တော်တို့ မဲစာရင်းစာအုပ်တွေကို မတ်လ ၆ ရက်နေ့ကမှ ၂၉ အုပ်ရတယ်။ စုစုပေါင်းရှိတာက ၆၈ အုပ်ပါ။ တခြားပါတီတွေ ကူးနေ တာ စောင့်ရင်းနဲ့ ကျွန်တော်တို့ အဲဒီနေ့ ကမှ ရတာပါ။ အဲဒီနေ့ည ၁၂ နာရီ မှာ နောက်ဆုံးထားပြီး မဲစာရင်းတွေ ကို ဥပဒေအရ ကန့် ကွက်နိုင်တယ်ဆိုတော့ ကျွန်တော်တို့ မမီတော့ဘူး။ ဒါကြောင့် ကျွန်တော်က ရက်တိုးပေး ဖို့ ခွင့်တောင်းတော့ မတ်လ ၁၇ ရက်နေ့အထိ ကန့်ကွက်ခွင့်ရတယ်။ အဲဒါကြောင့် လူဦးရေ ၃၆၅၁ ယောက်ကို ကျွန်တော်တို့ ကော်မရှင်မှာ ကန့်ကွက်စာတင်ခဲ့ပါတယ်။ အဲဒီထဲမှာ ဒီမြို့နယ်မှာ အဆောင်နေကြတဲ့ ဘောလုံးသမားတွေနဲ့ အထည်ချုပ် အလုပ်သမားတွေ တစ်ထောင် ကျော်ပါတယ်။ သူတို့က ဒီမြို့နယ်မှာ အဆောင်နေပြီး အလုပ်လုပ်ကြသူတွေပါ။ ဒီမြို့နယ်ကသူတွေ မဟုတ်ကြပါဘူး။ အဲဒီအတွက် ကျွန်တော်တို့ ကန့်ကွက်စာ တင်ပါတယ်။ နောက်ပြီးတော့ ကမ်းနားက သဲလုပ်ငန်း အလုပ်သမားတွေပါ။ သူတို့ကလည်း ဒီမှာ ရေရှည်နေကြသူတွေ မဟုတ်ပါဘူး။ ဒီနေ့ရှိပြီး မနက်ဖြန် ရှိချင်မှ ရှိမယ့်သူတွေပါ။ ရွေးကောက်ပွဲဥပဒေမှာက အနည်းဆုံးရက် ၁၈၀ နေပြီးတဲ့ သူဖြစ်ရပါမယ်။ သူတို့ကအဲဒီဥပ ဒေနဲ့ မညီဘူးထင်လို့ ကျွန်တော်တို့ ကန့်ကွက်စာတင်ထားတာပါ။ ကျန်တာကတော့ စာရင်းထဲမှာ မှတ်ပုံတင် မပါတဲ့သူတွေ၊ သေဆုံးပြီး သားသူ တွေ မဲစာရင်းမှာ ပါနေတာတွေ၊ အသက် မပြည့်သေးတဲ့သူတွေ၊ သာသနာ့ဘောင် ၀င်သွားပြီးသား သူတွေပါ။ ကျန်တာတွေ ကိုလည်း ကျွန် တော်တို့ ဆက်လက်စိစစ်ပြီး ရွေး ကောက်ပွဲဥပဒေတွေနဲ့ မညီဘူး ထင်ရင် ကော်မရှင်ကို အကြောင်းကြား သွားမှာပါ”ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကြီးမြင့်က ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီသည် လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး သုံးနေရာ အပါအ၀င် မဲဆန္ဒ နယ် ၁၃ နေရာတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

Ref: EMG

0 comments:

အပေါ်သို့