Friday, March 16, 2012

မြစ်ချောင်းများလွတ်လပ်စွာစီးဆင်းရေး လှုပ်ရှားမှု ပြုလုပ်

March 15, 2012
နန်းမြနဒီ

မြစ်ရေတွေ လွတ်လပ်စွာ စီးဆင်းစေဖို့ နဲ့ ရေကာတာတွေ မတည်ဆောက်ရေး အတွက် ဆုတောင်းပွဲတွေကို မြန်မာ နိုင်ငံက မြစ်ချောင်းတွေ စောင့်ကြည့်ရေး ကွန်ယက်က ကျင်းပခဲ့ပါတယ်။

မတ်လ ၁၄ရက်နေ့ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ကာကွယ်ရေးနေ့ အထိမ်း အမှတ်ပြုလုပ်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ ထဲမှာ စီးဆင်း နေတဲ့ သံလွင်မြစ်၊ ရွှေလီမြစ်နဲ့ ချင်းတွင်းမြစ်ပေါ်မှာ ရေကာတာ တည်ဆောက်မှုတွေ ရပ်ဆိုင်းပြီး မြစ်ရေတွေ လွတ်လပ်စွာ စီးဆင်းစေဖို့ ရည်စူးပြီး ကျင်းပခဲ့ပါတယ်။

ဆုတောင်းပွဲတွေကို ကရင်ပြည်နယ် ဘားအံ ခရိုင် ကမမောင်းမြို့နယ်ထဲမှာ စီးဆင်းသွားတဲ့ သံလွင်မြစ် ကမ်းနဘေး၊ ထိုင်းနယ်စပ် ဆွပ်မွေးမြို့နယ် သံလွင် မြစ်ကမ်းနဖူးပေါ်မှာ ဒေသခံ ကရင် တိုင်းရင်းသားများနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းက ပူးပေါင်းပြီး လုပ်ခဲ့ပါတယ်။

ဆုတောင်းပွဲ ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ ကွန်ယက်အဖွဲ့ ပြောခွင့်ရသူ ကိုစိုင်းစိုင်းက

“မတ်လ ၁၄ရက်နေ့က အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများ ကာကွယ်ရေးနေ့ ဖြစ်တဲ့အတွက် အဲ့ဒီနေ့မှာ သံလွင်မြစ် လွတ်လပ်စွာ စီးဆင်းပါစေ ဆိုပြီး အမြဲတမ်း လုပ်ပါတယ်။ တကယ်လို့ ရေကာတာ တည်ဆောက် လိုက်မယ် ဆိုရင် သူတို့ရဲ့ ကျေးရွာမှာ အသက် မွေးဝမ်းကြောင်းတွေ ပြောင်းလဲမှု ရှိလာမယ်။ ဒါကြောင့် ရေကာတာများ မတည်ဆောက် ရန် ဆုတောင်းခဲ့တယ်။”

ရွှေလီမြစ် စီးဆင်းရေး ဆုတောင်းပွဲကို တရုတ်မြန်မာ နယ်စပ် ရွှေလီမြစ် ကမ်းနဖူးမှာ တအာန်း ပလောင် လူငယ်တွေက ဦးဆောင် ပြုလုပ်ခဲ့ပြီး ထမံသီ ရေကာတာ တည်ဆောက်မယ့် ချင်းတွင်းမြစ် အထက်ပိုင်းမှာလည်း ကူကီး အမျိုးသမီးအဖွဲ့က ဦးဆောင်ပြီး လုပ်ခဲ့ကြပါတယ်။

ကရင်ပြည်နယ် သံလွင်မြစ် ၊ ချင်းတွင်းမြစ် အထက်ပိုင်းနဲ့ ရွှေလီမြစ်ပေါ်တွေမှာ ရှိတဲ့ ရေကာတာ စီမံကိန်းတွေကြောင့် ရွာတွေ အတင်း အကျပ် ပြောင်းခံရတာနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်လို့ အခု ဆုတောင်းပွဲကို ဦးစီး လုပ်ဆောင်ကြ တဲ့ ကွန်ယက် နဲ့အဖွဲတွေက ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့