Sunday, March 11, 2012

ဒေါ်​အောင်ဆန်း​စုကြည်၏ မွန်ပြည်နယ်ခရီး​စဉ် ​ဒေသခံများ​ ​​သောင်း​သောင်း​ဖြဖြ ကြိုဆို

March 10, 2012
နော်နိုရင်း

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီက​နေ့​ မွန်ပြည်နယ် စည်း​ရုံး​ရေး​ခရီး​စဉ်မှာ ​ဒေသခံပြည်သူ​တွေနဲ့​ ​ကျောင်း​သား​လူငယ်​တွေ ​သောင်း​သောင်းဖြ​ဖြ​​ ကြိုဆိုခဲ့​ကြပါတယ်။

အဖွဲ့​ ချုပ်ကို အများ​ဆုံး​ထောက်ခံခဲ့​တဲ့​ မွန်ပြည်နယ်မှာ လုံခြုံ​ရေး​နဲ့​ ပတ်သက်ပြီး​ အရင်လို အ​ခြေအ​နေမျိုး​ မဖြစ်​အောင် အာဏာပိုင်​တွေနဲ့​ ညှိနှိုင်း​ဆောင် ရွက်ထား​တယ်လို့​ မွန်ပြည်နယ်အဖွဲ့​ချုပ်ဝင်​တွေက ​ပြောပါတယ်။

ခရီး​စဉ် ဒုတိယ​နေ့မှာ ​မော်လမြိုင်နဲ့​ ၆ မိုင်​လောက်​ဝေး​တဲ့​ ကျွဲခြံကုန်း​ကျေး​ရွာ ​ဘောလုံး​ကွင်း​မှာ ​ဟော​ပြောမှာပါ။


အစတုန်း​က​ တော့​ ​မော်လမြိုင်မြို့​ ဘိုကုန်း​ရပ် သံလွင် ဥယျာဉ်မှာ ​ဟော​ပြောပွဲလုပ်ဖို့​ စီစဉ်ခဲ့​ပေမယ့်​ ပြည်နယ် စည်ပင်သာယာ​ရေး​ဝန်ကြီး​ဌာနက သစ်တောပျက်မျာကို အ​ကြောင်း​ပြုပြီး​ ခွင့်​မပြုခဲ့​ပါဘူး​။ ဒါ​ကြောင့်​ ​မော်လမြိုင်မြိုနဲ့​ ၆ မိုင်​လောက်​ဝေး​တဲ့​ ​မော်လမြိုင် – ကျိုက်မ​ရော လမ်း​ဘေး​က ကျွဲခြံကုန်​ကျေး​ရွာမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒေါ်​ အောင်ဆန်း​စုကြည်ဟာ မွန်အမျိုသား​ဒီမိုက​ရေစီအဖွဲ့​ အပါအဝင် တခြား​ အန်ဂျီအဖွဲ့​တွေနဲ့​လည်း​ ​တွေ့​ဆုံခဲ့​တယ်လို့​ မွန်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ အတွင်း​ရေး​မှူး​ ​ဒေါက်တာ မင်း​စိုး​လင်း​က ​ပြောပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့