Friday, March 16, 2012

အမျိုးသမီး ၂ ဦးကို သုံးရက်ချုပ်ပြီး ငွေညစ်သူ ဒုရဲအုပ် တိုင်ကြားခံရ

3/16/2012

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဂန့်ဂါ ကျေးရွာအုပ်စု ပေါက်ပြင်ကျေးရွာတွင် နေထိုင်သူ အမျိုးသမီး နှစ်ဦးအား ၃ရက် တိုင်တိုင် ဖမ်း ဆီး ချုပ်နှောင်ပြီး ငွေ ကျပ်တစ်သောင်း တောင်းခံသူ ဒုရဲအုပ် ဖြိုးမင်းဟန်အား အရေးယူရန် အတွက် အထက်သို့ စာရေးတိုင်ကြား လိုက်ပြီ ဖြစ်သည်။

အဆိုပါ စာအား ဖမ်းဆီး ချုပ်ခံရရာတွင် ပါဝင်သူ ဒေါ်လှအေးတင်က ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့က ကျောက်ဖြူ ခရိုင် အုပ်ချုပ်ရေးမှူးသို့ စာရေး တိုင်ကြားလိုက်ခြင်း ဖြစ်သည်။ မိတ္တူကိုလည်း ဥက္ကဌ ပြည်သူ့ လွှတ်တော် အပါအ၀င် ပြည်နယ် ၀န်ကြီး ချုပ်ထံသို့လည်း ရေးသား ပေးပို့ ခဲ့သည်ဟု သိရသည်။

ပေါက်ပြင်ကျေးးရွာတွင် အရပ်သား မောင်ရဲထွန်းနိုင်နှင့် ဆားကွင်းပိုင်ရှင် ဦးလှကျော်တို့ ခိုက်ရန် ဖြစ်ပွားရာတွင် ပါဝင်ပတ်သက်သည်ဟု ဆိုကာ ဒေါ်လှအေးတင်နှင့် မရီရီမြတို့အား ကျောက်ဖြူမြို့နယ် မြို့ချောင်းရဲစခန်းမှူး ဖြိုးမင်းဟန်မှ အဆိုပါ အမူတွင် ပါဝင်ပတ်သက် သည်ဟု ဆိုကာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဖမ်းဆီး ချုပ်နှောင်ထားခဲ့သည်။

၎င်းနောက်ပိုင်း ဒုရဲအုပ် ဖြိုးမင်းဟန်မှ ကျပ်ငွေ တစ်သောင်း အတင်းတောင်းပြီး အဆိုပါ အမျိုးသမီး (၂) ဦးအား အချုပ်ထဲမှ ပြန်လည် လွှတ်ပေးခဲ့သည်။

အမျိုးသမီး (၂) ဦးအား ဖမ်းဆီး ချုပ်နှောင်ထားစဉ်မှာ မရီရီမြမှာကျန်းမာရေး ထိခိုက်ပြီး သတိမေ့မျောခဲ့သလို ဒေါ်လှအေးတင်၏ သမီး (၃) ဦးမှာလည်း အတန်းတင် စာမေးပွဲ ဖြေဆိုနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

ထိုကဲ့သို့ ဥပဒေမဲ့ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ ငွေညစ်ခြင်း၊ ကလေးငယ်များ စာမေးပွဲ ဖြေဆိုရန် အခက်အခဲများ ကျရောက် ဖြစ် ပေါ်ခဲ့ရသဖြင့် ဒေါ်လှအေးတင်က ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ လိမ်မူတပ်ကာ ဒုရဲအုပ် ဖြိုးမင်းဟန်အား အရေးယူပေးရန် စာရေးတိုင် ကြားလိုက်ခြင်း ဖြစ်သည်။

( ဒေါ်လှအေးတင် တိုင်ကြားသော စာမှာ အောက်ပါအတိုင်း ဖြစ်သည်။)
attached PDF file: Letter-from-Ma-Hla-tin

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့