Saturday, March 10, 2012

နိုင်ငံ​ရေး​အရ တသံတည်း​ဖြစ်ဖို့​ ​ကေအန်ယူနှင့်​ဒီ​ကေဘီ​အေ သ​ဘောတူ

March 9, 2012
နော်နိုရင်း

မြန်မာအစိုး​ရနဲ့​ နိုင်ငံ​ရေး​ဆွေး​နွေး​တဲ့​အခါ ကရင်အမျိုး​သား​တွေ တသံတည်း​ ​ပြော ဆိုကြဖို့​ ​ကေအန်ယူနဲ့​ ဒီ​ကေဘီ​အေတို့​ ​ဆွေး​နွေး​ သ​ဘောတူခဲ့​ကြပါတယ်။

ကရင်အမျိုး​ သား​အစည်း​အရုံး​ (​ကေအန်ယူ) ကိုယ်စား​လှယ်​တွေနဲ့​ ဗိုလ်ချုပ် ​စောလား​ဘွယ် ဦး​ဆောင်တဲ့​ တိုး​တက်​သောဗုဒ္ဓဘာသာ ကရင်အမျိုး​သား​တပ်ဖွဲ့​ (ဒီ​ကေဘီ​အေ) ကလိုထူး​ဘောတပ်ဖွဲ့​ တာဝန်ရှိသူ​တွေ မတ် ၈ ရက် ​နေ့​က ဒီ​ကေဘီ​အေဌာနချုပ်မှာ ​ဆွေး​နွေး​ပြီး​ သ​ဘောတူညီချက်ရခဲ့​တာပါ။

အတိတ်က အဖြစ်အပျက်​တွေကို သင်ခန်း​စာယူပြီး​ အနာဂတ်မှာ နိုင်ငံ​ရေး​အရ တသံတည်း​ဖြစ်​အောင် ​ဆွေး​နွေး​ခဲ့​တာလို့​ ​ဆွေး​နွေး​သူတဦး​ဖြစ်တဲ့​ကေအန်ယူ အ​ထွေ​ထွေအတွင်း​ရေး​မှူး​ (၁) ဗိုလ်မှူး​စောလှ​ငွေက ​ပြောပါတယ်။


“မတူကွဲပြား​ ခြား​နား​တဲ့​ နည်း​လမ်း​တွေနဲ့​ လုပ်တာ​တွေ ဆက်လက် ရှိ​နေမှာ ဖြစ်​ပေမဲ့​ တကယ်တမ်း​ နိုင်ငံ​ရေး​ရည်ရွယ်ချက် အ​နေအထား​တွေမှာ မိခင် ​ကေအန်ယူ အစည်း​အရုံး​ရဲ့​ အကြံ​ပေး​မှု​တွေနဲ့​ ​ရှေ့​ဆောင်မှု​တွေကို သူတို့​ မငြင်း​ပယ်ဘူး​ ဆိုတဲ့​အ​ကြောင်း​ လိုအပ်သလို​ပေါ့​လေ။”

သူနဲ့​အတူ တပ်မဟာ ၇ မှူး​အပါအဝင် စစ်အရာရှိ ၁၀ ဦး​လောက် သွား​ရောက် ​တွေဆုံတာလို့​ ​ပြောပါတယ်။

၁၉၉၄ ခုနှစ်က ​ကေအန်ယူက​နေ ဒီ​ကေဘီ​အေတပ်ဖွဲ့​ ခွဲထွက်ခဲ့​ပြီး​ အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲခဲ့​ပါတယ်။ ဒီ​တွေ့​ဆုံမှုဟာ ကွဲကွာ​နေတဲ့​ ကရင်လက်နက်ကိုင်နှစ်ဖွဲ့​ ၁ဂနှစ် အတွင်း​မှာ ပထမဆုံး​အကြိမ် တရား​ဝင် ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ နိုင်ငံ​ရေး​အရ တသံတည်း​ ထွက်ဖို့​ နားလည်မှုယူကြတာ ဖြစ်ပါတယ်။ ဒီ​တွေ့​ဆုံမှု​ကြောင့်​ လူထုအကျိုး​ အများ​ကြီး​ လုပ်​ဆောင်နိုင်မယ်လို့​ ဒီ​ကေဘီ​အေ ​ပြောခွင့်​ရသူ ဗိုလ်မှူး​စောလုံ့​လုံက ​ပြောပါတယ်။

“ဒီ​ကေဘီ​အေ အဖွဲ့​နဲ့​ ​ကေအန်ယူ တရား​ဝင် ​တွေ့​ဆုံတဲ့​ပွဲ ဖြစ်တယ်။ ကရင်လူထု၊​ ကရင်အမျိုး​သား​ အား​လုံး​ရဲ့​ အနာဂတ် လှပဖို့​အတွက် ​ကောင်း​မွန်တဲ့​ ​ခြေလှမ်း​တရပ် အလှည့်​အ​ပြောင်း​ တခုလို့​ မြင်ပါတယ်။”

နအဖအစိုး​ရရဲ့ ​ နယ်ခြား​စောင့်​တပ်အသွင် ​ပြောင်း​ခိုင်း​တဲ့​ အ​ပေါ် လက်မခံတဲ့​ ဗိုလ်မှူး​ချုပ် ​စောလား​ဘွယ် (ခ) ဗိုလ်နှုတ်ခမ်း​မွေး​ ဦး​ဆောင် တဲ့​ ကလိုထူး​ဘော တပ်ဖွဲ့​က အစိုး​ရကို ပြန်လည် တိုက်ခိုက်ခဲ့​ပြီး​ မနှစ် ဒီဇင်ဘာမှာ ပြန်ပြီး​ အပစ်အခတ် ရပ်စဲခဲ့​ပါတယ်။ အလား​တူ ​ကေ အန်ယူကလည်း​ အစိုး​ရနဲ့​ အပစ်အခတ် ရပ်စဲဖို့​ ပဏာမ သ​ဘောတူထား​ပါတယ်။

အခု ကရင်လက်နက်ကိုင် နှစ်ဖွဲ့​ဟာ အစိုး​ရနဲ့​ နိုင်ငံ​ရေး​အရ ​တွေ့​ဆုံ​ဆွေး​နွေး​မှု မလုပ်ခင် ​ဆွေးနွေးတာ ဖြစ်ပါတယ်။ လာမယ့်​ ဧပြီ ပထမအပတ်မှာ​တော့​ ​ကေအန်ယူအ​နေနဲ့​ အစိုး​ရနဲ့​ နိုင်ငံရေး​အရ ​ဆွေး​နွေး​ဖို့​ ​တွေ့​ဆုံမှာ ဖြစ်တယ်လို့​ သိရပါတယ်။

ကေအန်ယူ ကရင်အမျိုး​သား​အစည်း​အရုံး​ဟာ အမျိုး​သား​တန်း​တူ​ရေး​နဲ့​ ကိုယ်ပိုင်ပြဌာန်း​ခွင့်​အတွက် အရင်အစိုး​ရအဆက်ဆက်ကို လက်နက်ကိုင် ​တော်လှန်​နေတာ ဖြစ်ပါတယ်။

Ref: ဒီဗွီဘီ

0 comments:

အပေါ်သို့