Monday, October 17, 2011

ကွန်ပျူတာ စွမ်းအင်တွက်ချက်မှု၊ ‘မိုး နိယာမ’ ထက် သာလွန်တဲ့ ‘ကူးမေး နိယာမ’

16 October 2011

Intel ကုမ္ပဏီကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဂေါ်ဒွန်မိုး (Gordon Moore) ဟာ ၁၉၆၅ ခုနှစ်မှာ ဆီလကွန် ချပ်စ်ပြား လို့ လူသိ များတဲ့ integrated circuits- IC ရဲ့ ဥပဒေသတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

သူ့တွေ့ရှိချက်အရ ဆီလကွန် ချပ်စ်ပြားတွေကို ၁၉၅၈ ခုနှစ် တီထွင်ပြီးကတည်းက၊ ချပ်စ်ပြား တစ်ခုချင်းစီမှာ ပါဝင်တဲ့ သိပ်သည်း ဆဟာ တစ်နှစ်ကို နှစ်ဆ တိုးနေတယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ရှိချက်ဟာ အနည်းဆုံး ဆယ်စုနှစ် တစ်ခုလောက် ဆက်ဖြစ်နေ မယ်လို့ ဂေါ်ဒွန်မိုး က တွက်ချက်ခဲ့ပါတယ်။


၁၉၇၅ ခုနှစ်ကျတော့ ဂေါ်ဒွန်မိုး က ချပ်စ်ပြားတွေရဲ့ သိပ်သည်းဆ (component density) ဟာ နှစ်နှစ်ကြာတိုင်း နှစ်ဆ တိုးတယ်လို့ ထပ်မံ အတည်ပြု ပြောဆိုခဲ့ပါတယ်။

တကယ့် လက်တွေ့မှာတော့ တကိုယ်ရည်သုံး ကွန်ပျူတာ (PC) တွေရဲ့ ဆောင်ရွက်နိုင်စွမ်းဟာ ၁၈ လ ကြာတိုင်း နှစ်ဆ ပုံမှန် တိုးလျက် ရှိပါတယ်။ အဲဒီနှုန်းဟာ ဆယ်စုနှစ် လေးငါးခု ပုံမှန်ဖြစ်ထွန်းနေပြီး၊ ဒီတိုးတက်မှု ဖြစ်စဉ်ကို 'မိုး နိယာမ' (Moore's Law) လို့ လူသိများပါတယ်။

ဒါပေမဲ့ အခုနောက်ပိုင်း ကွန်ပျူတာတွေဟာ မိုဘိုင်းဖုန်းလို ဖြစ်လာတဲ့အခါမှာတော့၊ အသုံးပြုသူတွေ ဘက်က စိုးရိမ်စရာတွေ ရှိ လာပါတယ်။ မိုဘိုင်းဖြစ်လာတဲ့ ကွန်ပျူတာတွေရဲ့ ရေရှည် စွမ်းဆောင်ရည်နဲ့ ဘက်ထရီရဲ့ သက်တမ်းတွေကို သံသယ ရှိကြတာ ဖြစ်ပါတယ်။

အဲဒီအတွက် စတန်းဖို့ဒ် တက္ကသိုလ်မှ ဒေါက်တာ Jonathan Koomey နဲ့ အဖွဲ့က သုတေသန လုပ်ခဲ့ကြပြီး၊ မိုဘိုင်း ကွန်ပျူတာရဲ့ ထိထိရောက် စွမ်းဆောင်နိုင်မှု ဥပဒေသစ်ကို ထပ်မံ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။ သူတို့ တွေ့ရှိချက်အရ၊ ၁၉၄၅ ခုနှစ်က စပြီး ကွန်ပျူ တာ ရဲ့ စွမ်းဆောင်ရည်ဟာ ၁.၆ နှစ်တိုင်း (တစ်နှစ်ခွဲကျော် ကြာတိုင်း) နှစ်ဆ တိုးနေတယ်လို့ ဆိုပါတယ်။

မိုဘိုင်းနဲ့ တစ်ခြားသော ကွန်ပျူတာ အခြေပြု လျှပ်စစ်ပစ္စည်းတွေအတွက် နေစွမ်းအင်၊ လေ စတဲ့ သဘာဝ ရင်းမြစ်တွေက ရမယ့် စွမ်းအားတွေကို အသုံးပြုပြီး စွမ်းရည်ပိုမိုမြင့်မားလာအောင်လို့ ပညာရှင်တွေက စမ်းသပ်တီထွင်နေကြပါတယ်။

အဲဒီစမ်းသပ်မှုဟာ အောင်မြင်မှုတွေလည်း ရရှိပြီး ကွန်ပျူတာ စွမ်းရည်တွေ ဆက်လက် တိုးတက်နေဖို့လည်း အကူအညီ ဖြစ်စေပါ တယ် လို့ IEEE (Institute of Electrical and Electronics Engineers) နှစ်ပတ်လည် ထုတ် industry research journal မှာ ဖော်ပြခဲ့ပါတယ်။ IEEE အဖွဲ့ထဲက လေ့လာသူများကတော့ အဲဒီ အောင်မြင်မှုကို "Koomey's law" အသစ်တစ်ခု အဖြစ်ခေါ်ဆို သမုဒ် ကြပါတယ်။

Ref: မောက္ခ

0 comments:

အပေါ်သို့