Thursday, October 20, 2011

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး

Wednesday, 19 October 2011

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမို ပြင်းထန်လာချိန် မြန်မာ အစိုးရ၏ စစ်လက်နက်တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း KIA သတင်းရပ်ကွက်မှ သိရသည်။



အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက်တင်ဆောင် လာသော သဘောင်္ ၂ စီးအား စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ဧရာဝတီမြစ် တဘက်တချက် လုံခြုံရေး ယူထားသည့် ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ် အကွာတွင် ယခုလို KIA မှ ပစ်ခတ် ဖျက်ဆီးခဲ့သည်။

ထိုသဘောင်္ ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သား အားလုံးလည်း သေဆုံးပြီး သဘောင်္ ၂ စင်းလည်း ပေါက်ကွဲကာ ရေထဲ နှစ်မြုပ်သွားသည်ဟု KIA သတင်း ရပ်ကွက်က ဆိုသည်။

အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကို အသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက် ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။

Ref: KNG News

0 comments:

အပေါ်သို့