Wednesday, May 9, 2012

ဧရာဝတီတိုင်းဒေသကြီးသို့ ရေလမ်းခရီးဖြင့် ကုန်စည်စီးဆင်းမှု ပိုမိုတွင်ကျယ်လာ

ယမင်း (မြစ်မခ)
9 May, 2012

ရန်ကုန်တိုင်းဒေသကြီးမှ ဧရာဝတီတိုင်းဒေသကြီးသို့ ကုန်လမ်းခရီးဖြင့်ကုန်စည်တင်ပို့နေသူများအနေဖြင့် ရေလမ်းခရီးဖြင့် ပြောင်းလဲပို့ဆောင်မှုများ လာ ကြောင်း ကုန်သည်များထံက သိရှိရသည်။

ကုန်ကားများထက် တန်ချိန်ပိုမိုတင်ဆောင်နိုင်ခြင်းနှင့်သယ်ယူစရိတ်ပိုမိုသက်သာခြင်းကြောင့် ရေလမ်း ခရီးဖြစ်သည့် သင်္ဘောများကိုပြောင်းလဲအသုံးပြု လာ ခြင်း ဖြစ်သည်။

“ကုန်ကားက ၆ဘီးဆို (၁၆)တန်ပဲတင်လို့ရတယ်။ ကားနဲ့က ဂေါ်ဖီတစ်အိတ် (အချိန်၃၅-၄၀ ပိသာ)ကို နှစ်ထောင်ပေးရတယ်။ သဘောင်္နဲ့ကတစ်အိတ်ကို တစ်ထောင်ပဲပေးရတယ်။ သင်္ဘောမှာလဲ အများခေါ်တဲ့ အစိုးရသင်္ဘောက ငါးရာလောက်ပဲပေး ရတယ်။ ရေလမ်းက သက်သာတော့ တင်ပို့မူလည်းများ လာတယ်။ ”ဟုသီရိမင်္ဂလာဈေးရှိ ကုန်စိမ်းရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုသန်းထွန်းဇော်ကပြောသည်။

၆ဘီး ကားတစ်စင်းလျှင် သတ်မှတ်တန်ချိန်(၁၆)တန်နှုန်းသာ အစိုးရကခွင့်ပြုထားကြောင်း၊ ရေလမ်းဖြင့် ပို့ရာဆောင်တွင် သင်္ဘော(အမျိုးအစား ပေါ်မူတည် ၍)တစ်စင်းလျှင် တန်ချိန် ၁၀၀၀ ကျော် သတ်မှတ်ထား သောကြောင့်  ကုန်တင်ယာဉ် တန်ခနူန်းထားများထက် သဘောင်္တန်ဆာခနူန်းထား ထက်ဝက်ခန့် သက် သာ ကြောင်း သိရသည်။

“အစိုးရသင်္ဘောနဲ့တင်ရင် ဈေးသက်သာတော့ ကုန်သည်တွေက အစိုးရသဘောင်္ရက်ကို စောင့်ပြီးတော့ တင်ကြတယ်။ အဲ့ဒီတော့ ကုန်တွေမနိုင်ဘူး ကမ်း တွေမှာ ကုန်တွေကျန်ခဲ့တော့ မိုးရေ၀င်တာနဲ့ ကုန်တွေ ပုပ်ကုန်ရော။ ဆုံးရှုံးမှုတွေရှိလာတယ် ကုန်သည်တွေ စရိတ်သက်သာအောင်လို့ အစိုးရသင်္ဘောတွေ ထား ပေးဖို့ကိုထည့်သွင်းစဉ်းစားပေးသင့်ပါတယ်” ဟု ရန်ကုန်မှ ဧရာဝတီတိုင်းသို့ကုန်စိမ်းတင်ပို့နေသူ ကိုတင်ရီက ပြောသည်။

ကုန်စည်တင်ပို့သူများအနေဖြင့် ကုန်ကျစရိတ်(တန်ဆာခ)သက်သာသော အစိုးရသဘောင်္ ပြေးဆွဲမူများတိုးမြင့် ပေးရန်မျှော်လင့်ကြောင်းရေ ကြောင်းဖြင့် ကုန် စည် တင်ပို့နေသူများကပြောသည်။

“ကျွန်တော့် ကုန်ကားခမတက်နိုင်တဲ့ ဈေးသည်တွေအတွက်ရေကြောင်းပဲအားကိုးနေရတာ။ အစိုးရ သဘောင်္ရက် ကလည်း ၃ရက်ပဲရှိတော့အခက် အခဲ တော့ဖြစ်တယ်။ သဘောင်္တောင် အစိုးရ သဘောင်္ခက ၅၀၀ ကျပ်ပဲပေးရတယ်။ ပုဂ္ဂလိက သဘောင်္က ၁၀၀၀ ကျပ်ပေးရတယ်။”ဟု ရန်ကုန်မှ မအူပင်သို့သစ် သီးရောင်းချ နေသူ ဦးစိုးနိုင်ကပြောသည်။

ရေလမ်းခရီးဖြင့် တင်ပို့ရာတွင် အစိုးရသင်္ဘောနှင့် ပုဂ္ဂလိကသင်္ဘောဟူ၍ နှစ်မျိုးခွဲထားပြီး အစိုးရ သင်္ဘော ပြေးဆွဲပေးသောရက်မှာ အင်္ဂါ၊ ကြာသာပတေး၊တနင်္ဂနွေ ရက်များဖြစ်၍ ကျန်သည့်ရက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ စနေ ရက်များသည် ပုဂ္ဂလိက သင်္ဘောပြေးဆွဲပေးသောသင်္ဘောများရှိကြောင်းသိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့