Tuesday, May 8, 2012

ဈေးကွက်တွင် ကားအရောင်းအ၀ယ်အေးနေ၍ ဈေးကျလာနိုင်ကြောင်း ၀ါရင့်ပွဲစားများသုံးသပ်

ရှုမ၀အောင်(မြစ်မခ)
7 May, 2012

ရန်ကုန်ကားရောင်းဝယ်ရေးဈေးကွက်တွင် အပေါ်နံပါတ်မြင့်ကားများနှင့် အောက်ကားများပါ အရောင်းအ၀ယ်ကျဆင်းလျှက်ရှိကြောင်း ဟံသာဝတီ ကား ရောင်း ၀ယ်ရေးဈေးကွက်က စုံစမ်းသိရှိရသည်။

“ကားပါမစ်တွေလည်း ပေးစရာမလိုဘူး သင်္ဘောသားပါမစ်လည်း ပေးစရာမလိုဘူး၊ ကားတွေ အရောက် တင်သွင်းလို့ရပြီဆိုတော့ ကားအရာင်းဝယ် မဖြစ် ဘူး”ဟု ဟံသာဝတီကား ရောင်းဝယ်ရေး စခန်းရှိ ကားဝယ်ရောင်းတစ်ဦးဖြစ်သူ ကိုမင်းခန့်က ပြောသည်။

ယခုကဲ့သို့ဆက်လက် အရောင်းဝယ်ကျဆင်းနေပါက ကားဈေးများကျဆင်းနိုင်ဖွယ်ရှိကြောင်း ၀ါရင့် ကားပွဲစားများက သုံးသပ်ပြောဆိုကြသည်။

ကားရောင်းဝယ်ရေးဈေးကွက်တွင် ကားများဈေးကျဆင်းမှုမရှိသေးသော်လဲ စလစ်ဈေးများ ယခင်က တစ်ရာငါးဆယ့်ငါးသိန်းထိ ဈေးရှိရာ ယခု တစ်ရာ နှစ်ဆယ့် ငါးသိန်းထိကျဆင်းသွားကြောင်းကိုလည်း သိရှိရသည်။

အဆိုပါ ကားများတင်သွင်းခွင့်တွင် ၂၀၀၇ မော်ဒန် အင်ဂျင်ပါဝါ (.၃) ဆီစား သက်သားသော ကားများ ဖြစ်ကြောင်း သိရှိရသည်။

“ဂျပန်က TOYOTA တို့ NISSAN တို့ ကားကုမ္မတီတွေ လာဖွင့်မယ်လို့ သတင်းတွေလည်း ထွက်နေ တော့ ကားဈေးအရောင်းဝယ် အေးနေတာလည်း ဖြစ်နိုင်တယ်”ဟု သတိပဌာန် ကားရောင်းဝယ်ရေး စခန်းမှ ကားပွဲစားတစ်ဦးဖြစ်သူ ကိုစည်သူကပြောသည်။

မနေ့က ဟံသာဝတီကားရောင်းဝယ်ရေးစခန်းတွင် ကားအရောင်းဝယ်မဖြစ်ပဲ ပွဲစားများနှင့် ၀ယ်ရောင်း များသာ ပြည့်နှက်နေကြောင်း သိရှိရသည်။

မေလ (၅)ရက်နေ့က စတင်၍ ကားအရောင်းဝယ်အေးသွားကြောင်း ယခင်က နံပါတ်မြင့်အပေါ်ကား များ အရောင်းဝယ်အေးသော်လဲ နံပါတ်နိမ့်ကားနှင့် အပ်ကားများ အရောင်းဝယ်သွက်ကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့