Wednesday, May 9, 2012

ကမ္ဘာ့ရွှေဈေးနည်းတူ ပြည်တွင်းရွှေဈေး အနည်းငယ်ကျဆင်းနေ

ကောင်းမြတ်ဖြိုး ( မြစ်မခ )
9 May, 2012

ပြည်တွင်းရွှေဈေးကွက်တွင် တစ်လအတွင်း ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းငါးထောင် ၀န်းကျင်ခန့် ရွှေဈေး ကျဆင်းခဲ့သော်လည်း ရွှေဝယ်ယူစု ဆောင်းသူဦးရေမှာ ပြောင်းလဲသွာခြင်း မရှိကြောင်း ရွှေဆိုင်များက သိရှိရသည်။

ဧပြီလဆန်းပိုင်းမှ စတင်၍ ကမ္ဘာ့ရွှေဈေးကျဆင်းလာမှုနှင့်အတူ မြန်မာနိုင်ငံရွှေဈေးပါကျဆင်းလာ ကြောင်းနှင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ရွှေဝယ် ယူစု ဆောင်းသူဦးရေမှာသိသာစွာ ပြောင်းလဲမှု မရှိကြောင်း ဈေးကွက်အတွင်းက သိရှိရသည်။

“အရောင်းအ၀ယ်ကတော့ပုံမှန်ပါပဲ ရောင်းအားလည်း မတက်ဘူး၊ ရောင်းအားလည်းမကျသွားဘူးဗျ၊ လကုန်ခါနီး ရက်တွေတော့ ရောင်းအားမဆိုစ လောက် လေး ကျတာပေါ့ဗျာ” ဟု တိတ်စိန်ရွှေဆိုင်မှ ကိုဇော်အောင်က ပြောသည်။

ယခုအပတ်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၁၆၃၇) ရှိပြီး၊ မြန်မာ့ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် (၇၁၂၅၀၀) ၀န်းကျင်နှင့်၊ ၁၅ ပဲရည် တစ်ကျပ်သားလျှင် (၆၇၀၀၀၀) ကျပ်ဝန်းကျင်ရှိကြောင်း သိရသည်။

ဧပြီလဆန်းပိုင်းတွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် (၁၆၇၇)ဒေါ်လာရှိခဲ့ပြီး မြန်မာ့ရွှေဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၂၆၅၀၀) ကျပ် နှင့် ၁၅ ပဲရည်တစ်ကျပ်သားလျှင် (၆၈၂၀၀၀) ကျပ် ရှိခဲ့ကြောင်း သိရသည်။

“ဈေးကတော့ အရင်လကထက်စာရင် ကျသွားပေမဲ့ အရောင်းအ၀ယ်ကတော့ပုံမှန်ပါပဲ၊ ကိုယ့်ဖောက် သည်နဲ့ ကိုယ်ပေါ့” ဟု ၀င်းညွန့်ညွန့် ရွှေဆိုင်မှ ဒေါ်မြမြ စောကပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်လ၀န်းကျင်ခန့်တွင် တစ်အောင်စလျှင် ဒေါ်လာ (၄၀)ခန့်ကျဆင်းခဲ့ပြီး၊ မြန်မာ့ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၁၄၅၀၀) ခန့်ကျဆင်းခဲ့သလို၊ ၁၅ ပဲရည် တစ်ကျပ်သားတွင် ကျပ် (၁၅၀၀၀)၀န်းကျင် ကျဆင်းခဲ့ကြောင်း သိရှိရသည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့