Wednesday, June 6, 2012

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်ဖွယ်ရှိ

2012-06-05

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်သမ္မတ Francois Hollande ရဲ့ ဖိတ်ကြားချက်အရ ဒီလ ၂၆ ရက်နေ့ ကနေ ၂၉ နေ့အတွင်း ပြင်သစ်နိုင်ငံကို အလည်အပတ် လာရောက်မယ်လို့  ပြင်သစ် သမ္မတရုံးက မနေ့က ကြေညာပါတယ်။

အဲဒီကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးနဲ့ လူ့ အခွင့်အရေး ကြိုးပမ်းမှုတွေကို ပြင်သစ်နိုင်ငံက ဒီခရီးစဉ်မှာ ဂုဏ်ပြုခွင့် ရမှာဖြစ်သလို မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို ပြင်သစ်နိုင်ငံက ဆက်လက်ပံ့ပိုး ကူညီသွားဖို့ ထပ်လောင်း အတည်ပြုခွင့်လည်း ရမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြင်သစ်ခရီးစဉ်နဲ့ ပတ်သက်ပြီး အတည်မပြုနိုင်သေးကြောင်း လုံခြုံရေး တာဝန်ခံ ဦးခွန်သာမြင့်က ပြောပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့