Wednesday, June 6, 2012

ဆန္ဒပြခြင်းမှ လူမျိုးရေး အဓိကရုဏ်း ဘာသာရေး အဓိကရုဏ်း မဖြစ်စေလိုကြောင်း ၈၈ခေါင်းဆောင် ကိုမြအေး ပြော

စောဇင်ညီ(မြစ်မခ)
5 Jun, 2012

ယနေ့ နေ့လည် ၁ နာရီ ၀န်းကျင်ခန့်တွင် ဆူးလေဘုရားအနီး ဘန်ဂါလီဗလီရှေ့တွင်မွတ်စလင် လူမျိုး ၂၀ ဦးခန့် ဆန္ဒပြနေသောကြောင့် ၈၈ ကျောင်းသား ခေါင်းဆောင်ကိုမြအေး ရောက်ရှိလာခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်း မသွေဖယ်သွားရန်လာရောက်ဖြန်ဖြေပြောဆိုသွားကြောင်း သိရှိရသည်။

`မွတ်စလင်တွေ ဆန္ဒပြတယ် အဲဒီပေါ်မှာ မူတည်ပြီးတော့ လူမျိုးရေး အဓိကရုဏ်းဘာသာရေး အဓိကရုဏ်းဖြစ်ပေါ်လာ မှာစိုးလို့ ကျနော် လာခဲ့ပါတယ် ဟု ၈၈မျိုးဆက်ခေါင်းဆောင်၊ မွတ်စလင်လူမျိုး ကိုမြအေးမှ ပြောဆိုခဲ့သည်။


အဆိုပါ ဆန္ဒပြခြင်းသည် ရခိုင်ပြည်နယ်ကျောက်န်ီမော်မြို့နယ်တွင်စတင်ဖြစ်ပွားခဲ့ပြီး ရခိုင်အမျိုးသမီးတစ်ဦး မုဒိမ်းကျင့်ကာ အသက်ခံရသည် ကိစ္စနှင်ပတ် သတ်ပြီး၊ တောင်ကုတ်မြို့၌မွတ်စလင်လူမျိုး ၁၀ဦးသေဆုံးရခြင်းအဖြစ်အပျက်တို့အပေါ်တွင်ရန်ကုန်မြို့ရှိ မွတ်စလင်လူမျိုးအချို့က မကျေနပ်သော ကြောင့် ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ မွတ်စလင်လူမျိုးများထံမှ သိရှိရသည်။

ဆန္ဒပြသူများအား လာရောက်ကြည့်ရှုကြသော ပြည်သူများမှာနှစ်ရာဝန်းကျင်ခန့်ထိပြီး လူစုလူဝေးအသွင်သို့ ပြောင်းလာခဲ့ကြောင်းတွေ့မြင်ရသည်။

အဆိုပါ အဖြစ်အပျက်များနှင့်ပတ်သက်ပြီး ဒုရဲမှူးကြီး ဦးသက်လွင်ကလည်းတာဝန်ရှိသူများမှ စုံစမ်း စစ်ဆေးကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ယခုလိုဆန္ဒပြခြင်းအားဖြင့် အဓိကရုဏ်းအသွင် ဖြစ်လာမည်ကိုစိုးရိမ်ကြောင်းပြော ဆိုသည်။

`မုဒိန်းမှု ကိစ္စ မှာလည်း ၃ ယောက်စလုံးကို ဖမ်းပြီးသားပါ၊ ရဲက ဆက်ပြီးအရေးယူသွားမယ်၊ တောင်ကုတ် အကြမ်းဖက်တဲ့ ကိစ္စ ဒါကို ကျနော်တို့ လည်း မကြိုက်ဘူး၊ နိုင်ငံတကာကလည်း လက်မခံဘူး ၊ ဒီနေ့ မနက်ပဲ ဒုဝန်ကြီးရော ဒုရဲအုပ်ရော ရခိုင်ဆင်းသွားပြီးတော့ ဒီကိစ္စတွေကို ဖြေရှင်းဖို့သွားလုပ် နေပါ ပြီ` ဟု ဒုရဲမှူး ဦးသက်လွင်က ပြောသည်။

ထိုသို့ မြန်မာနိုင်ငံသားအချင်းချင်း အထင်လွဲစေနိုင်သောဆန္ဒပြခြင်းများနှင့်ပတ်သက်ပြီး ဒီမိုကရေစီလမ်းလွဲနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကလူမျိုးဘာသာမခွဲခြားဘဲအတူချစ်ကြည့်ရင်းနှီးစွာနေထိုင်လာတဲ့နိုင်ငံတစ် ခုဖြစ်ပါတယ်။ ခုလို ဒီမိုကရေစီလမ်းလွဲ အောင် လုပ်တာမျိုးကထောင်ချောက်တခုပဲ”ပာု လာရောက်ဖြောင်းဖြပြောဆိုခဲ့သည်။

အဆိုပါ လူစုလူဝေးမှာ ညနေ ၄နာရီ ခွဲအချိန်ခန့်တွင် လူစုကွဲသွားကြောင်း သိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့