Thursday, June 7, 2012

i-payကဒ် ငွေဖြတ်စက် ဘက်ထရီ အသုံးခံချိန်နည်းပါးသောကြောင့် အခက်အခဲဖြစ်နေ

စည်သူနိုင်(မြစ်မခ)
6 Jun, 2012

အဓိပတိယာဉ်လိုင်းများတွင် i-pay အသုံးပြုနိုင်သော HandheldPOS)ငွေဖြတ်စက်များ တပ်ဆင်ထားသောလည်း ဘက်ထရီအသုံးခံချိန်နည်းပါး သော ကြောင့် ၊အခက်အခဲဖြစ်လျက်ရှိကြောင်းအဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်များက ပြောသည်။

အဆိုပါ အဓိပါတိယာဉ်များပေါ်တွင်အသုံးပြုနေသည့် ငွေဖြတ်စက်များတွင်ပါရှိသော ဘတ္ထရီမှာ (၆) နာရီသာ အသုံး ခံခြင်း၊ ငွေဖြည့်စက်ဘက် ထရီကုန် သွားပါက i-pay station များတွင် ၀င်ရောက်၍ဘတ္ထရီတစ်လုံးအား လဲလှယ်ရခြင်းတို့ကြောင့် ယာဉ်လိုင်းများမှာအချိန်ကုန်ခြင်း၊ ခရီးလမ်းကြန့်ကြာခြင်း တို့နှင့်ကြုံတွေ့ရကြောင်းအဆိုပါအဓိပါတိလိုင်းမှ ယာဉ်နောက်လိုက်များက ပြောသည်။


`ဘက်ထရီကုန်နေချိန်မှာ ဘက်ထရီးဝင်ဖြည့်ရင်လည်း ကြာတယ် ခရီးလည်းထောက်တယ်၊ဘက်ထရီကုန်ချိန်မှာ i-pay ကတ်နဲ့လာစီးတဲ့ ခရီးသည်တွေကို ရှင်းပြရတယ်၊အမြဲတမ်းဆိုရင်တော့ အဆင်မပြေနိုင်ဘူး`ဟု အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တဦးက ပြောသည်။


အဆိုပါ ဘက်ထရီများ လဲလှယ်ရန်အတွက် i-pay station များ စီစဉ်ပေးထားကြောင်းi-pay ကတ်စနစ်ဝန်ဆောင်မှုပေးနေသော ကစ္ဆပနဒီ ကုမ္ပဏီလီမိတက် မှစီမံကိန်းမန်နေဂျာ ကိုအောင်ကျော်ကပြောသည်။

“ဘတ်စ်ကားက အသွားအပြန်တစ်ကြောင်းဆိုရင် (၃)နာရီကြာတယ်။ ဘတ္ထရီက(၆)နာရီခံတယ်ဆိုတော့ (၂) ကြောင်း စာပဲရတယ်လေ။ ဘတ်စ်ကားတွေ က တစ်နေ့ကို (၄)ကြောင်းပြေးဆွဲတာဆိုတော့ ကျန်တဲ့နှစ်ကြောင်းအတွက် နီးစပ်ရာ i-pay stationတွေမှာ ၀င်ပြီး ဘတ္ထရီတစ်လုံး နဲ့လဲလှယ်ဖို့စီစဉ် ထား တာပါ” ဟု i-payကတ်စနစ်ဝန်ဆောင်မှုပေးနေသော ကစ္ဆပနဒီ ကုမ္ပဏီလီမိတက်မှ စီမံကိန်းမန်နေဂျာကိုအောင်ကျော်ကပြောသည်။

လက်ရှိတွင် i-pay ငွေဖြတ်စက်များကို အဓိပတိအနီယာဉ်လိုင်းတွင် စက်အလုံးရေ(၅၀) လုံး၊ အဓိပတိယာဉ်လိုင်းအပြာတွင် (၅၈) လုံး နှင့် ပန်းဆိုးတန်း-ဒလပြေးဆွဲသော လူစီးသဘောင်္တွင် (၆) လုံး စုစုပေါင်း ၁၁၄ လုံးအသုံးပြုလျက်ရှိကြောင်းသိရှိရသည်။

“i-pay ကတ်ကိုသုံးရာနဲ့ဝယ်လိုက်တယ်။ ငွေဖြည့်မယ်လုပ်တော့ စက်ကဘတ္ထရီကုန်နေတယ် ဆိုတာနဲ့ ငွေ နှစ်ရာပေးပြီးပဲ စီးခဲ့ရတယ်” ဟုကိုယ်တိုင်ကြုံ တွေ့ခဲ့ရသူ ခရီးသည် တစ်ဦးက ပြောသည်။

တစ်ကတ်လျှင် ငွေ သုံးရာကျပ်ဖြင့် ၀ယ်ယူနိုင်ပြီး ငွေဖြည့်သွင်းရာတွင်ငွေကျပ်(၁၀၀၀) မှ ငွေ(၁) သိန်းအထိ ဖြည့်သွင်းထားနိုင်ကြောင်း ၊အသုံးပြုပြီးလျှင် လက်ကျန်ငွေအဖြစ် ၁၀၀ိ ကျပ်ထားရှိရမည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ i-pay ကတ်စနစ်ဖြင့် ယာဉ်စီးခပေးချေမှုကိုဧပြီလ(၂)ရက်နေ့တွင်စတင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဓိပတိအနီ ယာဉ်လိုင်းနှင့်အဓိပတိအပြာ ယာဉ်လိုင်း များတွင်သာမက မေလ(၁) ရက်နေ့မှစ၍ ပန်းဆိုးတန်း-ဒလပြေးဆွဲသော လူစီးသဘောင်္များပေါ်တွင်ပါအသုံးပြုနိုင်နေပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ ငွေဖြတ်စက်များမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းထားပြီးတန်ဖိုးအနေဖြင့် လေးသိန်းခွဲဖြစ်ကြောင်းသိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့