Wednesday, June 6, 2012

မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ပြည် သွားမည်

ဇွန်လ ၀၅ ရက် ၂၀၁၂ ခုနှစ်

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သည် ဇွန်လ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက်မည်ဟု ဆင်ဟွာ သတင်းတရပ်တွင် ဖော်ပြ ပါရှိသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Weimin က အင်္ဂါနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား လိုက်ခြင်း ဖြစ်ကြောင်း ရေးသားထား သည်။

တရုတ်နိုင်ငံအနေနှင့် ၎င်းတို့၏ လုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင်း လျှပ်စစ်အား မလုံလောက်မှုနှင့် ပတ်သက်၍ ကူညီနိုင်ရန်အတွက် မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေး စနစ်နှင့် ပတ်သက်၍ အဆင့်မြှင့်တင်နိုင်ရန် ဆွေးနွေးပူးပေါင်း ဆောင်ရွက်ကြဖို့ မေလ ၃၁ ရက်နေ့က တိုက်တွန်းထားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရောက်ရှိစဉ် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် ပတ်သက်၍ ပိုမိုတိုးတက်ရန် မျှော်လင့်ထားကြောင်း ဆင်ဟွာသတင်းဌာနကို ပြောဆိုခဲ့သည်။

“မြန်မာဟာ ပါလီမန် ဒီမိုကရေစီ နိုင်ငံတခုပါ။ ကျမတို့ဟာ တရုတ်ပြည်ရဲ့ အလွန်ကောင်းတဲ့ မိတ်ဆွေတွေပါ။ ကျမတို့ ပြည်သူတွေချင်းကြားမှာ ပိုလို့ပိုလို့ ကျယ်ပြန့်တဲ့ ချစ်ကြည်ရေး အလားအလာတွေ ရှိနေပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာပါ” ဟု ဇွန်လ ၁ ရက်နေ့က ပြောဆိုခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့