Thursday, June 7, 2012

နိရဉ္စရာဝက်ဘ်ဆိုက် လာရောက်ကြည့်ရှု့သူ အရေအတွက် စံချိန်သစ်တင်

6/1/2012
ထွန်းထွန်း

၂၀၀၅ ခုနှစ်မှ စတင် ထုတ်လွှင့်ခဲ့သော နိရဉ္စရာ ၀က်ဘ်ဆိုက် ( www.narinjara.com) ကို ၂၀၁၂ ခုနှစ် မေလ ၃၁ ရက်နေ့က လာရောက် ဖတ်ရှု့သူ အရေ အတွက်မှာ အထူးများပြားခဲ့ပြီး စံချိန်သစ် တင်ခဲ့သည်။

စုစုပေါင်း လာရောက် လည်ပတ်ခဲ့သူ အရေအတွက်မှာ မနေ့က အလွန်များပြားခဲ့ပြီး တစ်နေ့တည်းတွင် Page Views မှာ ၁၃၄၈၅ ထိ ရှိခဲ့သည်။ အဆိုပါ ကိန်းဂဏန်းမှာ ယခင် ရှိခဲ့သော Page Views ၁၂၅၈၅ ကို စံချိန်ချိုးကာ စံချိန်သစ် တင်ခဲ့သည်။

" အရင် ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့က တစ်နေ့တည်းမှာ လာရောက်လည်ပတ် ကြည့်ရှု့တဲ့ Page Views က ၁၂၅၈၅ ဖြစ်ပါတယ်။ ဒါဟာ နိရဉ္စရာ ၀က်ဘ်ဆိုက်ကို အမြင့်ဆုံး ကြည့်ခဲ့တဲ့ Page Views ဖြစ်ခဲ့ပေမယ့် မနေ့ကတော့ ၁၃၄၈၅ ထိ တက်လာခဲ့တဲ့ အတွက် နိရဉ္စရာ သမိုင်းမှာ အများဆုံး လာကြည့်တဲ့ နေ့လို့ ပြောလို့ရပါတယ်" ဟု နိရဉ္စရာ ၀က်ဘ် မာစာတာ ကိုမောင်က ပြောသည်။

ယခုကဲ့သို့ မနေ့က နိရဉ္စရာ ၀က်ဘ်ဆိုက်ကို လာရောက်လည်ပတ်သူ မျာပြားရခြင်းမှာ ရမ်းဗြဲမြို့နယ်တွင် အတင်း အဓမ္မ ပြုကျင့်ခံရပြီးနောက် ခေါင်းဖြတ် အသတ်ခံခဲ့ရသော ကြေကွဲဖွယ်ရာ ရခိုင် အမျိုးသမီးငယ် တစ်ဦး၏ သတင်းနှင့် သက်ဆိုင်နိုင်ကြောင်း နိရဉ္စရာ အယ်ဒီတာ ဦးခိုင်မြတ်ကျော်က ပြောသည်။

" မနေ့ကတော့ တော်တော်ကို လာလည်ကြပါတယ်။ တစ်နေ့တည်းမှာ ၁၃၄၈၅ ထိ ရှိတယ်ဆိုတော့ ဒါဟာ ကျွန်တော်တို့ မျှော်လင့် မထားတဲ့ ကိန်းဂဏန်း အရေအတွက် ဖြစ်ပါတယ်။ ကျွန်တော် ထင်တာက ရမ်းဗြဲမြို့နယ် သပြေချောင်ရွာက မသီတာထွေး အသတ်ခံရတဲ့ သတင်းနဲ့ သက်ဆိုင် နိုင်ပါတယ်။ ဒီအ သတ်ခံရမူဟာ သာမန် မုဒိမ်းမူလို့ ထင်ရပေမယ့် မုဒိမ်းကျင့်ခံရပြီးတဲ့ နောက်မှာ ခေါင်းဖြတ် သတ်ခံ ခဲ့ရတဲ့ အတွက် မြန်မာ လူထုကို မယုံကြည်နိုင် လောင် အောင် ဖြစ်စေခဲ့တာကြောင့် လာလည်သူ အရေအတွက် အထူးများပြားခဲ့တယ်လို့ ထင်ပါတယ်" ဟု ပြောသည်။

၎င်းပြင် သတင်း ၀က်ဘ်ဆိုက်ကို အသစ်ပြုပြင်လိုက်သည့် အပြင် သတင်းများနှင့် အတူ ဓါတ်ပုံများကို အချိန်နှင့် တပြေးညီ ပူးတွဲ တင်ပြလာရာမှ လာ ရောက် လည်ပတ်သူ အရေအတွက် များပြား လာခြင်းလည်း ဖြစ်နိုင်ကြောင်း သူက ပြောသည်။

နိရဉ္စရာကို ၀က်ဘ်ဆိုက်ကို လာရောက်လည်ပတ်သူ အရေအတွက်မှာ တစ်နေ့ထက် တစ်နေ့များပြားလာရာ လစဉ် လူပေါင်း တစ်သိန်းကျော်ခန့် လာ ရောက် ကြည့်ရှု့နေကြောင်း သိရသည်။

" ဒီနှစ် ဇန္န၀ါရီလမှာ Page Views က ၁၄၈၂၄၃ ရှိပြီး ၊ ဖေဖေါ်ဝါရီမှာ ၁၃၄၄၃၉၊ မတ်လမှာ ၁၅၂၇၉၀နဲ့ ဧပြီ သင်္ကြန်လမှာ ၁၀၉၅၉၂ ထိ ရှိခဲ့ပါတယ်။ ပြည်ပ အခြေစိုက် တိုင်းရင်းသား သတင်း ဌာန ထဲမှာတော့ နိရဉ္စရာ ၀က်စ်ဆိုက်ကို လာရောက်လည်ပတ်သူကတော့ အများဆုံးလို့ ပြောမယ် ဆိုရင် ပြောလို့ရ ပါတယ်" ၀က်ဘ်မာစတာ ကိုမောင်က ပြောသည်။

နိရဉ္စရာ သတင်းဌာနကို ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက် ပြည်ပသို့ ထွက်ခွာလာခဲ့သော ရခိုင် လူငယ်များက ၂၀၀၁ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် အခြေစိုက်သည်။

နိရဉ္စရာ သတင်းဌာန အနေဖြင့် အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် Oneline မှ တဆင့် သတင်းများ နေ့စဉ် ထုတ်လွှင့်နေသလို မြန်မာ သတင်းများကို စုပေါင်း ပြီး လစဉ်ထုတ် Arakan Post ဂျာနယ်နှင့် စီဒီခွေများဖြင့် ပြည်တွင်းသို့ ဖြန့်ချီနေကြောင်း သိရသည်။ အာရ်အက်ဖေ ရခိုင်အစီအစဉ်ကိုလည်း နိရဉ္စရာမှ အပတ်စဉ် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် တာဝန်ယူ ထုတ်လွှင့်လျှက်ရှိသည်။

Ref: နိရဉ္စရာ

0 comments:

အပေါ်သို့