Wednesday, June 6, 2012

ကချင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် ဘန်ကောက်တွင် ဆန္ဒထုတ်ဖော်

ဖောင်ဖောင်(မြစ်မခ)
5 Jun, 2012

ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများအတွက်ထိုင်းနိုင်ငံရောက် ကချင်တိုင်းရင်းသား အဖွဲ့ အစည်းများက ဘန်ကောက်မြို့မြန်မာ သံရုံးရှေ့ တွင် ဇွန်လ(၅)ရက���နေ့ နံနက်(၁၀)နာရီခွဲမှ စတင်ကာတစ်နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။

“ သမ္မတဆီတင်တဲ့ စာကိုဖတ်တယ် နောက်ပြီးစစ်တပ်ဟာပြည်သူတွေကိုတိုက်ခိုက်ဖို့မဟုတ်ဘူး။ နိုင်ငံတော် ကိုကာကွယ် ဖို့ဖြစ်တယ်။ အခုလိုတိုက်ပွဲ တွေ ဆင်နေ တာဟာပြည်သူများစွာဒုက္ခရောက်ကြရတဲ့အတွက်ရပ်တန့် ပေးဖို့ တောင်းဆိုတာပါ” ကချင်အမျိုးသမီးအဖွဲ့(ထိုင်းနိုင်ငံ)ကပြောရေးဆိုခွင့်ရှိသူ မဆိုင်းခေါင်က ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများအပါအ၀င်လူ့အခွင့်အရေးချိုးဖောက် မှုများရပ်တန့်ပေးရန် ကချင်တိုင်းရင်းသား လူမှုအဖွဲ့အစည်းများက သမ္မ��ဦးသိန်းစိန်ထံသို့ယနေ့ဇွန်လ(၅)ရက်နေ့က စာတင်ပြ တောင်းဆို ခဲ့ကြောင်းသိရသည်။

“ပြည်တွင်းမှာရှိတဲ့ ကျမတို့ ကချင်တိုင်းရင်းသားတွေခံစားနေရတဲ့လူ့အခွင့်အရေးချိုး ဖောက်မှုတွေ၊ စစ်ပွဲေ���ွကို ရပ်တန့်ခိုင်းစေချင်တယ်။တကယ်ပဲ ပြည်တွင်းငြိမ်းချမ်းပြီးတော့မှကိုယ်ပိုင်အခွင့် အရေးတွေ ရရှိ စေချင်ပါတယ်” မခေါင်ဆိုင်းပန်က ပြောသည်။

သမ္မထံသို့ တင်ပို့ခဲ့လိုက်သောစာအား နိုင်ငံပေါင်း (၂၀)ကျော်တွင်ရောက်ရှိနေသည့် ကချင်အဖွဲ့အစည်းများ အပါအ၀င် တခြားတိုင်းရင်းသားအဖွဲ့ အစည်းများ နှင့် လူထု့အခြေပြုအဖွဲ့အစည်းများစုပေါင်းလက်မှတ်ထိုး တင်ပြ လိုက်ခြင်းဖြစ်သည်။

စစ်ပွဲများနေ့စဉ်ဖြစ်ပေါ်နေသဖြင့် လက်ရှိအချိန်တွင်အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့သူ ပိုမိုများပြားလာခဲ့သလို ပြည်တွင်းဒုက္ခ သည်ပေါင်း ၇၅၀၀၀ ခန့်ရှိပြီးဒေသ တွင်းနှင့်နိုင်ငံတကာအဖွဲ့အစည်းများထံမှလည်း အကူအညီ မရရှိပဲ ဆိုးဝါးလှသောအခြေ အနေတွင် နေထိုင်နေရကြောင်းသမ္မတထံတင်သည့် စာထဲတွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုဒုက္ခသည်များထံပေးပို့ခြင်းအား ခွင့်ပြုရန်၊ အနှစ် သာရရှိသော နိုင်ငံရေးတွေ့ဆုံမှုကို စတင်ရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာလူ့အခွင့်အရေးချိုးဖောက်မှု များရပ်တန့်ပေးရန်စသည်အချက်များလည်း လိုအပ်လျက်ရှိကြောင်း တောင်းဆိုထားသည်။

“အခုဖြစ်ပွားနေတဲ့စစ်ပွဲတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်တန့်ပေးဖို့နောက်ပြီးနိုင်ငံရေးအရစစ်မှန်တဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုဖြစ်ဖို့ တောင်းဆို တာ ပါ” ဟု မဆိုင်းခေါင်က ဆက်ပြောသည်။

၁၉၉၄ ခုနှစ်တွင် အစိုးရနှင့်(၁၇)နှစ်အကြာအပစ်ခတ်ရပ်စဲရေး သဘောတူညီခဲ့သောKIOသည် ၂၀၁၀ ရွေး ကောက်ပွဲ အပြီး တက်လာသည့် သမ္မတ သိန်းစိန် အစိုးရသစ်နှင့်နိုင်ငံရေးအခြေအနေတင်းမာခဲ့သဖြင့် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လတွင် အပစ်ရပ်စဲရေး ပျက်ပြယ်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယနေ့သမ္မတထံ ပေးပို့ခဲ့သောစာအား ကုလသမဂအထွေထွေ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂလူ့အခွင့်အရေး ကိုယ်စား လှယ်သောမတ်စ်အိုဟေးကွင်တားနားတို့ထံလည်းပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့