Wednesday, August 15, 2012

ဒုတိယ သမ္မတသစ် အမည် သြဂုတ် ၁၅ ရက်နေ့ ကြေညာမည်

မြတ်ကျော်သူ
သြဂုတ်လ ၁၄ ရက် ၂၀၁၂ ခုနှစ်

ပြည်ထောင်စုအစိုးရ၏ ဒုတိယ သမ္မတသစ် အမည် ကြေညာခြင်းနှင့် ကျမ်းသစ္စာ ဆိုခြင်းကို ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်မည် ဖြစ် ကြောင်း ထိုနေ့ လွှတ်တော် အစီအစဉ်တွင် ပါရှိသည်။

ပြည်ထောင်စု လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း နေရာယူထားသည့် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့မှ ရွေးချယ်တင် မြှောက်သည့် ဒု-သမ္မတ၏ အမည် ကြေညာခြင်းနှင့် ၎င်းက ပြည်ထောင်စုလွှတ်တော် နာယက ရှေ့မှောက် တွင် ကတိသစ္စာ ပြုခြင်း အစီအစဉ်တို့ကို တပြိုင်နက်တည်း ပြုလုပ်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်း သည် ဒု-သမ္မတသစ်အဖြစ် ရေပန်းစားလျက်ရှိပြီး ဗိုလ်ချုပ်ကြီး ဉာဏ် ထွန်း (ကာကွယ်ရေးဦးစီးချုပ်-ရေ)၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး (ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာ့ စက်မှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန)၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကို (ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ကြီး လှဌေး ဝင်း (ကာကွယ်ရေးဝန်ကြီးဌာန) တို့မှာလည်း ဒု-သမ္မတ ဖြစ်နိုင်ခြေရှိကြောင်း သိရသည်။

ဒု-သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး မှာ ကျန်းမာရေးအကြောင်းပြချက်ဖြင့် မေလဆန်းပိုင်းက နုတ်ထွက် သွားခဲ့သည်။

Ref: မဇ္ဈိမ

0 comments:

အပေါ်သို့