Friday, August 17, 2012

ပြည်သူများအား ဘဝလုံခြုံမှုထွက်ပေါက်ပေး၍ အဂတိလိုက်စားမှု တိုက်ဖျက်သင့်

ဝင့်သင်ဇာကျော် (မြစ်မခ)
16 Aug, 2012

လာဘ်ပေးလာဘ်ယူမူပပျောက်ရေး အထူးကော်မရှင်ဖွဲ့စည်းထားသော်လည်း ပြည်သူများအတွက် ဘဝလုံခြုံမှု ပေးနိုင်ခြင်းမရှိပါက အဂတိလိုက်စားမှုပပျောက်ရန်မဖြစ်နိုင်သေးကြောင်း နိုင်ငံရေးပါတီအချို့က သုံးသပ်ကြသည်။

“တစ်လ နှစ်လနဲ့ ပပျောက်မယ့်ကိစ္စမဟုတ်ဘူး အရင်ဆုံး ဝန်ကြီးအဆင့်ရုံးတွေကနေ အောက်ခြေအထိ သမ္မတက ဘယ်လို မိန့်ခွန်းပြောခဲ့တယ် ဘယ်လိုအရေးယူမယ်ဆိုတာကို သိသာအောင် အမိန့် ကြေညာစာတွေ ကပ်ထား သင့်တယ်” ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။

လာဘ်ပေးလာဘ်ယူပပျောက်လိုပါက ပြည်သူများအတွက် ဘဝလုံခြုံမှုပေးခြင်း၊ လုံလောက်သော ပင်စင်လစာ၊ ကျန်းမာရေး အတွက် ဆေးဖိုးလုံလောက်စွာရရှိခြင်းနှင့် ပြည်သူများနှင့် ဆက်ဆံသည့်အခါ အာဏာသုံး၍စေခိုင်း ခြင်းများအား ဦးစွာပြင်ဆင် ရန်လိုအပ်ကြောင်း ၄င်းကဆက်လက်အကြံပြုပြောကြားခဲ့သည်။

“အောက်ခြေကလူကို လ္ဘက်ရည်ဖိုးပေးပြီး ခိုင်းတာကအစ ပြင်ဆင်ဖို့လိုတယ်။ဒါပေမဲ့ စည်းကမ်းတွေတင်းကြပ် လာမယ်၊ လာဘ် ပေးလာဘ်ယူလုပ်ရင် အရေးယူမယ်ဆိုတာမျိုးက တရားဥပဒေစိုးမိုးရေးတော့ရှိပြီး ပြည်သူတွေကို ထွက်ပေါက်ပေးဖို့ အခြေအနေမ ပေးရင် ဘာမှပြောင်းလဲလာမှာ မဟုတ်ပါဘူး” ဟု ဦးခင်မောင်ဆွေက ပြောသည်။

အဂတိလိုက်စားခြင်းကို ပပျောက်ရန်အတွက် အရေးယူဆောင်ရွက်ခံရသူများကို သတင်းစာထဲတွင် ထည့်သွင်း ကြေညာခြင်းဖြင့် လည်း အဆိုပါကိစ္စရပ်များတွင်များစွာ အထောက်အကူပြုနိုင်ကြောင်းကိုလည်း သိရသည်။

“ဟိုးအရင်လက်ထက်ကလို အရေးယူခံရတဲ့သူကို သတင်းစာထဲကနေ ဘယ်နေ့ ဘယ်ရက်က ဘယ်လို ရာထူးရှိတဲ့သူကို ဘယ် လိုပုဒ်မနဲ့ ထောင်ဒဏ် ချလိုက်တယ် ဆိုတာကို ထည့်သွင်းဖော်ပြရင် ပိုကောင်းတယ် အဲ့ဒါမှ နောက်မလုပ်ရဲမှာ” ဟု ရခိုင် တိုင်းရင်း သားများတိုးတက်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် တစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ပပျောက်စေရန်အတွက် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေးအထူး ကော်မရှင်ကို ပြည်သူ့ လွှတ်တော်မှ အဆိုပြုသူ (၅)ဦး ၊ အမျိုးသားလွှတ်တော်မှ အဆိုပြုသူ (၅)ဦးနှင့် နိုင်ငံတော် သမ္မတမှ အဆိုပြုသူ(၅)ဦး စုစု ပေါင်း(၁၅)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း လွှတ်တော်အတွင်းက စုံစမ်းသိရှိရသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့