Friday, August 17, 2012

ရခိုင်ပြည်နယ် အကျဉ်းထောင်အသီးသီးမှ INGO ၀န်ထမ်း(၁၀)ဦးအား ပြန်လွှတ်ပေး

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
16 Aug, 2012

ရခိုင်အရေးအခင်းတွင် ပါဝင်ပတ်သက်မှုကြောင့်အစိုးရမဟုတ်သည့်နိုင်ငံတကာအဖွဲ့စည်း(INGO) များမှ ဝန်ထမ်း(၁၀)ဦးကို
ဇွန်လအတွင်းက ဖမ်းဆီးအရေးယူခဲ့ပြီး ယနေ့ စစ်တွေမြို့နယ် တရားရုံး၊ဘူးသီးတောင်မြို့နယ်တရားရုံး၊ မောင်တောမြို့နယ် တရား ရုံးတို့တွင်ဖမ်းဆီးထားသည့် INGO ၀န်ထမ်းများအားစီရင်ချက်ချပြီးနောက်ပြန်လွှတ်ပေးလိုက်ပြီဖြစ်သည်။

ဖမ်းဆီးခံထားရသည့် AZGအဖွဲ့မှ ဦးကျော်လှအောင်နှင့် ဦးဝင်းနိုင်တို့ကိုယနေ့ မြန်မာစံတော်ချိန် နေ့လည် နှစ်နာရီခွဲတွင် စစ်တွေ အကျဉ်းထောင်မှလွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

စစ်တွေ အကျဉ်းထောင်မှ AZG ဝန်ထမ်းဦး ကျော်လှအောင်နှင့်ဦးဝင်းနိုင်တို့ကို စစ်တွေမြို့နယ် တရားရုံးမှ စီရင်ချက်ချပြီးနောက် နေ့လည်နှစ်နာရီကျော်တွင်စစ်တွေအကျဉ်းထောင်မှလွှတ်ပေး လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဝန်ထမ်းများအားတရားရုံးက လွှတ်ပေးလိုက်ခြင်းနှင့်ပတ်သက်၍ရခိုင်ပြည်နယ်သတင်းနှင့် ပြန်ကြားရေးနှင့်မှတ်တမ်း စု ဆောင်းရေးဆပ်ကော်မတီဥက္ကဋ္ဌရခိုင်ပြည်နယ် ဥပဒေချုပ်ဦးလှသိန်းက ယခုကဲ့သို့ဆိုသည်။

“ကင်တားနားမြန်မာနိုင်ငံကပြန်လည် ထွက်ခွာတဲ့အခါINGOတာဝန်ထမ်းဆောင်တဲ့ပြည်တွင်း အမှုထမ်း များကို ပြန်လွှတ်ပေးရန်
တောင်းဆိုချက်ပါရှိကြောင်းကို သတိထားမိပါတယ်။ ထိုအချက်အပေါ်နိုင်ငံတကာကသော်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ ကို သော်လည်းကောင်းအလေးထားခဲ့ခြင်းနဲ့ သက်ဆိုင်တဲ့ သဘောဖြစ်ပါတယ်”ဟု ဦးလှသိန်းက ပြောသည်။

ရခိုင်အရေးခင်းတွင် ပါဝင်ပတ်သက်ခဲ့သည့် INGOမှ ဝန်ထမ်းများအား ပုဒ်မ၁၅၃-က၊၄၃၆၊ ၁၄၈၊၅၀၅ (ဂ)၊ အရေးပေါ် စီမံမှုအက်ဥပဒေပုဒ်မ (၅) ည တို့ဖြင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၄င်းတို့အား စစ်တွေမြို့နယ် တရားရုံး၊ မောင်တောမြို့ နယ်တရားရုံး၊ ဘူးသီးတောင်မြို့နယ် တရား ရုံးတို့တွင်အမှုရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အရေးအခင်းတွင် UNHCRမှ ဝန်ထမ်းငါးဦး၊ AZG မှ တစ်ဦး၊ WFPမှတစ်ဦး တို့အား ဇွန်လအတွင်းက ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။


Ref: မြစ်မခ

0 comments:

အပေါ်သို့