Wednesday, August 15, 2012

ရခိုင်မြန်မာပဏ္ဍိတ် ဦးဦးသာထွန်း (၂၂)နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်

မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)
15 Aug, 2012

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးဖြစ်သည့် ရခိုင်မြန်မာ ပဏ္ဍိတ်ဦးဦးသာထွန်း ကွယ်လွန်ခြင်း ၂၂ နှစ်မြောက်အခမ်းအနားကို စစ်တွေမြို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးမှာ ယမန်နေ့(သြဂုတ်လ-၁၄)ရက်နေ့က ပြုလုပ်ခဲ့သည်။

ပရိတ်သတ်(၃၀) ကျော်တက်ရောက်သည့် ၄င်း အခမ်းအနားတွင်ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များက ရခိုင်မြန်မာပဏ္ဍိတ် ဦးဦးသာထွန်းနှင့် ပတ်သက်သော အကြောင်းအရာများကို ဟောပြောခဲ့ကြသည်။ နံနက်ပိုင်းတွင် အလှူဆွမ်းကျွေးပွဲပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းတွင်ဟောပြောပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျင်းပရတဲ့ ရည်ရွယ်ချက်က ကုန်ခဲ့ တဲ့နှစ်ကလည်း ဆရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့ ဆရာကြီးက ကျွန်တော်တို့ ရခိုင်ပြည် သူ တွေအတွက်သူတက်ထားတဲ့ပညာတွေနဲ့ အလုပ်လုပ်ခဲ့တယ်။နောက်သေဆုံးတဲ့အချိန်အထိ ရခိုင်ပြည်သူပြည်သားတွေ အတွက် အကျိုးဖြစ်မဲ့ကိစ္စတွေကို ဥပမာ-အမတ်အရွေးခံမယ် အမတ်အရွေးခံရတဲ့ အခါ လွှတ်တော်ထိတက်ပြီးတော့ ရခိုင်တွေရဲ့  ကောင်း ကျိုးကိုဆောင်ရွက်ဖို့ဆိုပြီးတော့အဲဒီရည်ရွယ်ချက်နဲ့လုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆုံးခန်းတိုင်မရောက်ခင် မှာထောင်ထဲမှာ ကျဆုံးသွား ရတဲ့ အတွက် ဆရာကြီးကို ကျွန်တော်တို့က နှမြော တသပြီးတော့ ဂုဏ်ပြုတဲ့ အနေနဲ့ကျင်းပရခြင်းဖြစ်ပါတယ်” ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် ဒုတိယဥက္ကဌဦးဧကျော်က ပြောသည်။

၁၉၁၇ ခုနှစ်နိုဝင်ဘာလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ၁၉၉၀ တွင်ကွယ်လွန်ခဲ့သည့် ဆရာကြီး ဦးဦးသာထွန်း သည်ရခိုင်သမိုင်း ပညာရှင် တစ်ဦးဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း နာယကအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၉၀ တွင်(၃)နှစ်အကျဉ်း ကျခံရပြီး (၅)လ အကြာတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့