Thursday, August 16, 2012

တိုင်းဒေသကြီး(၃)ခုတွင် ငါးမြစ်ချင်းခြစ် စားသုံးမှုစံချိန်တင်

ယမင်း(မြစ်မခ)
15 Aug, 2012

ရန်ကုန်တိုင်းသားငါးကဏ္ဍတွင် ဈေးနူန်းသက်သာသောငါးမြစ်ချင်းခြစ်ဝယ်ယူစားသုံးမူ ဈေးကွက်မှာ ယခုနှစ်အတွင်း သိသိသာသာ မြင့်မားလာပြီးမန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း အထိပါ ဈေးကွက်ကျယ်ပြန့်လာကြောင်းမြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က သိရှိရ သည်။

ယခင်နှစ်များက ငါးမြစ်ချင်းခြစ်စားသုံးမှုပမာဏသည်ရန်ကုန်ဈေးကွက်အတွင်း(ပိဿာချိန် ၅ဝဝ ဝန်းကျင်) အနည်းငယ်သာရှိခဲ့ သော်လည်းယခု(၂ဝ၁၂)နှစ်တွင် ရန်ကုန်တိုင်းဒေသ ကြီး၊မန္တလေးတိုင်းဒေသကြီးနှင့်စစ်ကိုင်း တိုင်းဒေသကြီးများ တွင်ပါစားသုံး မှုပမာဏ ပိဿာချိန်(၁-သောင်း)ကျော်အထိသိသိသာသာမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

''ဒီနှစ်ထဲမှာ ထူးခြားချက်လို့ပြောရမယ်။ ငါးမြစ်ချင်းခြစ်ဈေးကွက်တော်တော်ကျယ် ပြန့်လာတာ တွေ့ရတယ်။ ရန်ကုန်တွင်း မှာ လည်း စားသုံးမှုအရမ်းများလာတဲ့အပြင်ကိုမန္တလေး၊ရွှေဘိုတို့မှာပါဈေးကွက်တွေရှိလာတယ်''ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ် အတွင်း ရေး မှူးဦးဝင်းကြိုင်က ပြောသည်။

လက်ရှိဈေးကွက်တွင်း၌ ငါးမြစ်ချင်းခြစ် တစ်ပိဿာလျှင် ကျပ် (၇ဝဝဝ)ရှိပြီးငါးဖယ်ခြစ် တစ်ပိဿာလျှင် (၁၂ဝဝဝ)ကျပ်ဝန်းကျင် ဈေး ရှိကြောင်းသိရသည်။''ငါးဖယ်ခြစ်က ဈေးလည်းကြီးတယ်၊ မစစ်တာများတယ်။ငါးမြစ်ချင်းခြစ်ကဈေးလည်း သက်သာတယ်။ စားသုံးသူလည်းပိုများလာတယ်။''ဟုကြည်မြင်တိုင်၊ ငါးဈေးမှ မသန်း ကပြောသည်။

ငါးမြစ်ချင်းခြစ်သားများသည် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရာတွင် လွယ်ကူခြင်း၊ငါးခြစ်ပြီး ထွက်ရှိလာသော အလေအလွင့် ငါးရိုး၊ အရေခွံ၊ ဗိုက်သားများသည်ငံပြာရည်လုပ်ရာတွင် ပြန်လည်အသုံးပြုနိုင်ခြင်း၊ ငါးဖယ်ခြစ်သားများထက်ဈေးနူန်းသက်သာ၍ ဝယ်ယူ စားသုံးမူ များပြားလာခြင်းကြောင့်ငါးမြစ်ချင်းမွေးမြူခြင်းသည် ဈေးကွက်ချဲ့ထွင်နိုင်ကြောင်းငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့