Thursday, August 16, 2012

ရသေ့တောင်မှာ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်

2012-08-15

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကုလားချောင်းကျေးရွာနဲ့ တစ်မိုင်လောက် အကွာမှာရှိတဲ့ ပြင်ချောင်း ချောင်းထဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ မနက် ၁ နာရီလောက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအလံ လွှင့်ထူကာ စက်လှေနှစ်စီး ဝင်ရောက်လာပြီး ကုလားချောင်း ကျေးရွာ ကင်းအဖွဲ့ကို သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကုလားချောင်း ရွာခံတစ်ဦးက RFA ကိုပြောပါတယ်။

ပစ်ခတ်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။ အဲဒီစက်လှေနှစ်စီးထဲက တစ်စီးဟာ မနက် ၂ နာရီမှာ ခုတ်မောင်း ထွက်ပြေးသွားခဲ့ပြီး ကျန်စက်လှေတစ်စီးပေါ်က လူတွေကတော့ ကုန်းပေါ် ထွက်ပြေးတိမ်းရှောင် သွားကြတဲ့ အတွက် အဲဒီစက်လှေကို ကုလားချောင်း ကျေးရွာသားတွေက ဒီကနေ့ မနက်ပိုင်းမှာ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးထံ သွား ရောက် အပ်နှံခဲ့ကြတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိုက်နယ်လောင်းချောင်း ရဲစခန်းမှူး ဦးဝင်းသန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန် လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းချသွားခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ စက်လှေတစ်စီးပေါ်မှာ မော်လဝီ ဦးထုတ်တစ်လုံးနဲ့ ဘင်္ဂလားဒေ့ရှ် ဘာသာနဲ့ ရေးသားထားတဲ့ ဒိုင်ယာရီစာအုပ် ၁ အုပ်၊ စက်လှေလိုင်စင်လို့ ယူဆရတဲ့ စာအိတ် ၁ အိတ်တို့ကို အာဏာပိုင်တွေက သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။

Ref: အာရ်အဖ်အေ

0 comments:

အပေါ်သို့