Wednesday, August 15, 2012

အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်သို့ လူငယ်ဒါရိုက်တာ(၁ဝ)ဦးဝင်ပြိုင်မည်

ကျော်ဇင်မန်း၊ ယမင်း(မြစ်မခ)
14 Aug, 2012

၂ဝ၁၂ခုနှစ် အာရှနိုင်ငံတကာကလေးများ ရုပ်ရှင်ပွဲတော်ပြိုင်ပွဲတွင်ယှဉ်ပြိုင်ရန် အသက်(၁၂)နှစ်မှ (၁၈)ကြား လူငယ်ဒါရိုက် တာ(၁ဝ)ဦးကမြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဂျပန်နိုင်ငံ မီနာမိအာဝဂျီမြို့တွင်ကျင်းပသွားမည့် အာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်ပြိုင်ပွဲအား ၂ဝ၁၂ခုနှစ်နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရန်မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ လူငယ်ဒါရိုက်တာ (၉)ဦးနှင့် အဖွဲ့ ခေါင်းဆောင်(၁)ဦးတို့အား မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးကရွေးချယ်စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

''အာရှပွဲတော်က ပြိုင်ပွဲအတွက် ကျွန်တော်တို့တို့ဆီက လူငယ်ကလေးတွေကိုကမ်းလှမ်း ဖိတ်ခေါ်တာပါ။ ဒီလိုဖိတ်ခေါ်တာ ဟာ ကောင်းပါတယ်။ ကျွန်တော်တို့ဆီကလူငယ်ကလေးတွေ ဥာဏ်ရည်တိုးတက်လာနိုင်ပြီး အတွေ့အကြုံတွေကောင်းလေးတွေ ရလာ နိုင်ပါတယ်”'' ဟု မြန်မာ့ရုပ်ရှင်အစည်းအရုံးမှပြန်ကြားရေးမှူးဦးအေးကြူက ပြောသည်။

အဆိုပါပြိုင်ပွဲအတွက် ကလေးများရိုက်ကူးထားသော ကြာမြှင့်ချိန်(၃)မိနစ်ရှိသည့် ခေါင်းစဉ်နှင့် လိုက်ဖက်သည့် လက်ရာ(၃) မျိုး အား ဒီဗီဒီတစ်ချပ်တွင် စုစည်းကာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးသို့စက်တင်ဘာလ(၁)ရက်နေ့ နောက်ဆုံးထား ပေးပို့သွားရ မည်ဖြစ်ကြောင်း သိရသည်။

'သွားမယ့်သူတွေကို ရုပ်ရှင်အစည်းအရုံးမှာပဲ ဒါရိုက်တာတွေကရွေးချယ်ပေးသွားမှာပါ။ ဘယ်ဒါရိုက်တာတွေ ရွေးချယ်ပေးမယ်ဆို တာကိုတော့မသိရသေးပါဘူး'ဟု ပြန်ကြားရေမှူး က ပြောသည်။

ပြိုင်ပွဲဝင်ရမည့်ခေါင်းစဉ်မှာ 'သင့်ဘဝအတွက်' ခေါင်းစဉ်ဖြစ်ကြောင်း သိရှိရသည်။

''ခေါင်းစဉ်နဲ့လိုက်ဖက်တဲ့ အကြောင်းအရာတွေ ရိုက်ရမယ်။ (၃)မျိုးစီပေါ့၊ဦးတို့က စီစစ်ရွေးချယ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံရုံးကိုစက်တင်ဘာလ(၇)ရက်နေ့ နောက်ဆုံးထားပြီး ပြန်ပို့ပေးရမယ်'' ဟုမြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ဦးအေးကြူလေးက ဆိုသည်။

ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပသောအာရှနိုင်ငံတကာကလေးများရုပ်ရှင်ပွဲတော်သို့ မြန်မာနိုင်ငံမှသွားရောက်ယှဉ်ပြိုင်ခဲ့သည်မှာ(၄) နှစ် ရှိခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့သော(၂ဝ၁၁)ခုနှစ်ရုပ်ရှင်ပြိုင်ပွဲတွင်မြန်မာနိုင်ငံမှ လူငယ်ဒါရိုက်တာ(၁ဝ)ဦး သွားရောက်ယှဉ်ပြိုင် ခဲ့ရာ(၁ဝ) ဦး စလုံး ဆုရရှိခဲ့ကြောင်းကိုလည်း သိရှိရသည်။

''ဒီလိုမျိုးနိုင်ငံတကာပြိုင်ပွဲလေးတွေ ကျင်းပပေးတာကောင်းပါတယ်။နိုင်ငံတကာအတွေ့အကြုံ ရတာပေါ့။ ဆုရသည်ဖြစ်စေ မရ သည်ဖြစ်စေ အတွေ့အကြုံရရင်ဒါက အမြတ်ပါပဲ။ ကျွန်တော်တို့တောင်အသက်(၂)နှစ်လောက်စွန်းသွားလို့နို့မို့ဆိုဝင်ပြိုင်ဖြစ်မှာပါ'' ဟု Media Art Development တွင်ဒါရိုက်တာသင်တန်းတက်ရောက်နေသည့် အသက်(၂ဝ)အရွယ် ကိုစိုးက ပြောသည်။

Ref: မြစ်မခ

0 comments:

အပေါ်သို့