Wednesday, September 19, 2012

လာမည့်လွှတ်တော်တွင် ပြဋ္ဌာန်းရန်စဉ်းစားနေသည့် လွတ်လပ်သောငွေကြေးဥပဒေသစ်

မြတ်မိုးကျော်(မြစ်မခ)
19 Sep, 2012

မြန်မာနိုင်ငံဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံချိန်၌် နိုင်ငံခြားငွေလဲလှယ်နှုန်း များနှင့် ဘဏ်များတည်ငြိမ်မှုရှိစေရန်အတွက် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ်ကို လာမည့် ၂ဝ၁၃ နှစ်ဝက်ကာလတွင် ဖော်ဆောင်သွားရန် စီမံထားသည်။

လွှတ်တော်သည် ရှေ့လတွင် နိုင်ငံတောင်ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်နှင့် သီးခြားအမှီအခိုကင်းစွာ ရပ်တည်နိုင်မှုကို ချဲ့ထွင်ပေးမည့် ဥပဒေသစ် ပြဌာန်းထားရန်လည်း စဉ်းစားနေသည်ဟု ဗဟိုဘဏ်ဒုဥက္ကဌ ဦးမောင်မောင်ဝင်းက ဘလွန်းဘာ့ဂ်သတင်းနှင့် အင်တာ ဗျူးတစ်ခုတွင် စက်တင်ဘာ (၁၄)ရက်နေ့တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခုနောက်ပိုင်းတွင် ငွေကြေးလဲလှယ်မှုများကို လျှော့ချလိုက်ပြီးသည့် နောက် ပြင်ပဈေးကွက်၌သာ ငွေကြေးလဲလှယ်မှု များပြားလာသည်ကိုလည်း တွေ့ရှိရသည်။

ဘဏ်များအတွင်း ငွေကြေးလည်ပတ်မှု ပိုမိုအဆင်ပြေစေနိုင်သည့်အတွက် အဆိုပါအစီအစဉ်အား အလျှင်အမြန် အကောင်အထည် ဖော်သင့်ကြောင်း CB ဘဏ်(မင်္ဂလာဈေး)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

''အဲလိုမျိုး လုပ်ပေးလိုက်မယ်ဆိုရင် အထူးသဖြင့် ကျွန်တော်ဘဏ်တွေရော၊ ပြီးတော့ ငွေလဲတဲ့သူတွေ နှစ်ဦး နှစ်ဖက် အဆင် ပြေ သွားတာပေါ့နော်၊ ပြီးတော့ ဘဏ်တွင်းငွေကြေးလည်ပတ်မှုတွေလည်း အဆင်ပြေသွား တာပေါ့၊ ပိုကောင်းတာက ဘဏ်တစ်ခု နဲ့တစ်ခု ချိတ်ဆက်တဲ့အခါမျိုးမှာ ပိုမိုလွယ်ကူ သွားတာပေါ့၊ပြီးတော့ အဲဒါဆိုရင် အပြင်မှာ ဒေါ်လာလဲလှယ်တာတွေလည်း နည်း သွား လောက်တယ်၊ အခုက နိုင်ငံခြားက ဝင်သမျှဒေါ်လာတွေက အပြင်မှာတင်ပဲ လည်ပတ်နေတာ တွေ့ရတယ်လေ၊ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ကိုတော့ ပြောထားပေမဲ့ ဖြစ်မဖြစ်ကတော့ စောင့်ကြည့်ရဦးမှာပေါ့နော်''ဟု KBZ ဘဏ်(ရွှေဂုံတိုင်)မှ မန်နေဂျာတစ်ဦးက ပြောသည်။

Western Union(WU) နှင့် ကိုကာကိုလာကဲ့သို့ နိုင်ငံတွင်းလုပ်ငန်း လာရောက်လုပ်ကိုင်မည့် ကုမ္မဏီကြီးများ ဝင်လာပါက ပုံမှန်မဟုတ်သည့် နိုင်ငံခြားငွေရောင်းဝယ်မှုများ မဖြစ်စေရန် ဘဏ္ဍာရေးစနစ် ထိန်းချုပ်ရေးအတွက် မြန်မာအာဏာ ပိုင်များအနေ ဖြင့် ပြင်ဆင်နေကြောင်းကိုလည်း သိရှိရသည်။

လက်ရှိတွင် ဘဏ်များအား တရားဝင်နိုင်ငံခြားငွေကြေးလဲလှယ်ခွင့်ပေးထားရာ ဘဏ်များက ကိုင်တွယ်နေသည့် ငွေလဲလှယ်မှု ပမာဏ နှစ်စဉ် ဒေါ်လာ နှစ်သန်းခန့် ရှိပြီး အပြင်ဈေးကွက်တွင် ဒေါ်လာငါးသန်းခန့် ရှိနေကြောင်း ကိုလည်း သိရှိရသည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ၂ဝ၁၃ ဒီဇင်ဘာတွင် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို မြန်မာက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပချိန်၌ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်မှုပပျောက်အောင် ဆောင်ရွက်ရန် ဆန္ဒရှိနေကြောင်းကိုလည်း သိရှိရသည်။

Ref:

0 comments:

အပေါ်သို့